Vietnam

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် ပိုမိုကောင်းမွန်သော အခြေခံအဆောက်အဦးများအတွက် ပြည်ပငွေလွှဲမှုများကို ဆွဲဆောင်

Last Updated:

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့သို့ ပြည်ပမှငွေလွှဲမှုသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉.၄၆ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ထက် သုံးဆနီးပါး မြင့်မားခဲ့ကြောင်း Vietnam News Agency အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

နိုင်ငံရပ်ခြားမှ ငွေလွှဲမှုများကို အခြေခံအဆောက်အအုံအဖြစ် လွှဲပြောင်းပေးနိုင်ရန် ရည်ရွယ်သည့် ဆွေးနွေးပွဲတစ်ရပ်ကို ဟိုချီမင်းမြို့၌ ဧပြီလ ၂၃ ရက်က ပြုလုပ်ခဲ့ပြီး မြို့တော်သို့ ငွေလွှဲမှုသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၉.၄၆ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI) ထက် သုံးဆနီးပါး ပိုများကြောင်း တရားဝင်စာရင်းဇယားများအရ သိရှိရပါသည်။

၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် အဆိုပါ ကိန်းဂဏန်းသည် နှစ်စဉ် အမေရိကန်ဒေါ်လာ ၂.၉ ဘီလီယံနီးပါး တိုးတက်လာခဲ့ကြောင်း၊ နှစ်စဉ် ၃၅.၄ ရာခိုင်နှုန်းအထိ စံချိန်သစ်တင်ခဲ့ကြောင်း မြူနီစီပယ်ပြည်သူ့ကော်မတီ ဒုတိယဥက္ကဌ Bui Xuan Cuong မှ Sai Gon Giai Phong (လွတ်မြောက်ရေးဆိုင်ဂုံ) အခမ်းအနားတွင် ပြောကြားခဲ့ပါသည်။

လူဦးရေ ၁၀ သန်းကျော်ရှိသော မြို့ကြီးတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ သယ်ယူပို့ဆောင်ရေး ကွန်ရက်များ၊ ကျောင်းများ၊ ဆေးရုံများ၊ အိမ်ရာများနှင့် စိမ်းလန်းသော နေရာများအတွက် အမြဲတစေ လိုအပ်ချက်နှင့် ရင်ဆိုင်နေရကြောင်း ၊အဆိုပါ လိုအပ်ချက်များကိုပံ့ပိုးကူညီရန် ဗီယက်နမ် ရင်းနှီးမြှုပ်နှံသူများအတွက် စီးပွားရေးပတ်ဝန်းကျင် ပိုမိုကောင်းမွန် အောင် မြို့တော်မှဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ကမ္ဘာလုံးဆိုင်ရာ ငွေကြေးဆိုင်ရာသုတေသနနှင့် အိမ်ခြံမြေဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါက်တာ Nguyễn Trí Hiếu က ဟိုချီမင်းမြို့၏ အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးသို့ တိုက်ရိုက်ငွေလွှဲရန်အတွက် ငွေချေးစာချုပ်များ အသုံးပြုရန် အကြံပြုထား သည်။

ငွေလွှဲမှုများကို ဆွဲဆောင်ရန် ပြည်တွင်းငွေချေးစာချုပ်များ ထုတ်ပေးခြင်းနှင့် ပတ်သက်၍ ဒေါက်တာ Tran Du Lich က စည်းရုံးရေးလမ်းကြောင်း နှစ်ခုဖြစ်သည့် စီမံကိန်းစာချုပ်များနှင့် အခြေခံအဆောက်အအုံဆိုင်ရာ စာချုပ်များအား ထောက်ပြဆွေးနွေးခဲ့သည်။ ဟိုချီမင်း ဘဏ္ဍာ ရေးနှင့် ရင်းနှီးမြုပ်နှံမှုကုမ္ပဏီ (HFIC) သည် နိုင်ငံတော်ပိုင် ဘဏ္ဍာရေးအဖွဲ့ဖြစ်ပြီး ၎င်းအနေဖြင့် ပြည်ပငွေလွှဲခြင်း ကဲ့သို့သော အရင်းအမြစ်များစွာကို အသုံးပြု၍ စီမံကိန်းကြီးများအတွက် သီးခြားရန်ပုံငွေများကို ဖန်တီးနိုင်ကြောင်း ဖော်ပြထားပါသည်။

ငွေလွှဲမှုများအနေဖြင့် လုံခြုံပြီး ပွင့်လင်းမြင်သာမှုရှိသည့် အဖွဲ့အစည်းများကို အသုံးပြုရန်နှင့် ပင်လယ်ရပ်ခြားမှ ဗီယက်နမ်များအတွက် မြူနီစီပယ်ကော်မတီအား ရှေ့ဆောင်စီမံကိန်းအဖြစ် ဦးဆောင်ဆောင်ရွက်ရန် ၎င်းမှ တိုက်တွန်းထားကြောင်း ဖော်ပြထားသည်။

 

 

Source: Vietnam News Agency

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam