Korea

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ပထမ ရက် (၂၀) အတွင်း တောင်ကိုရီးယားနိုင်ငံ၏ ပို့ကုန်တင်ပို့မှု ၁၆.၅ ရာခိုင်နှုန်းကျဆင်းခဲ့

Last Updated:

၂၀၂၃ ခုနှစ်၊ ဩဂုတ်လပထမ ရက် (၂၀) အတွင်း နိုင်ငံ၏ပို့ကုန်တင်ပို့မှုသည် ယခင်နှစ်အ လားတူကာလကတင်ပို့မှုဝင်ငွေနှင့် နှိုင်းယှဉ်လျှင် ၁၆.၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု ကိုရီးယား အကောက်ခွန်ဝန်ဆောင်မှုဌာန (Korea Customs Service) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ နိုင်ငံ၏အဓိကပို့ကုန်ဖြစ်သည့် ချစ်ပ်ပြားများနှင့် ရေနံထွက်ပစ္စည်းများတင်ပို့မှုလျော့ကျခဲ့၍ ပို့ကုန်တင်ပို့မှုကျဆင်းခဲ့ရသည်ဟု ၂၁-၈-၂၀၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့မှ ၂၀ ရက်နေ့အထိကာလအတွင်း ပြည်ပသို့တင်ပို့မှု ဝင်ငွေသည် အမေရိကန်ဒေါ်လာ ၂၇.၉ ဘီလီယံသာရှိရာ  ယခင်နှစ်အလားတူကာလ တင်ပို့မှုဝင်ငွေ ဖြစ်သည့် အမေရိကန်ဒေါ်လာ ၃၃.၃ ဘီလီယံထက်လျော့နည်းနေပါသည်။ ပို့ကုန်သာမက သွင်းကုန်တင်သွင်းမှုပမာဏသည်လည်း အမေရိကန်ဒေါ်လာ ၃၁.၄ ဘီလီယံသာရှိခဲ့ရာ ယခင်နှစ်အ လားတူကာလက တင်သွင်းမှုပမာဏထက် ၂၇.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။သွင်းကုန်တင်သွင်း မှုပမာဏကျဆင်းလာသော်လည်း ပို့ကုန်တင်ပို့မှုဝင်ငွေထက် အမေရိကန်ဒေါ်လာ ၃.၆ ဘီလီယံ ပိုမိုနေသဖြင့် ကုန်သွယ်မှုလိုငွေပြနေကြောင်း ကိုရီးယားအကောက်ခွန်ဝန်ဆောင်မှုဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

တောင်ကိုရီးယားနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းများကို ပြည်ပမှ ဝယ်လိုအားကျဆင်းနေသည့်အတွက် နိုင်ငံ၏ပို့ကုန်တင်ပို့မှုသည် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှစ၍ တဖြည်းဖြည်းကျဆင်းလာခဲ့ရာ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအထိ ၁၀ လဆက်တိုက် ကျဆင်းခဲ့ပြီးဖြစ်ပါသည်။

 

 


Source; https://www.koreaherald.com/view.php?ud=20230821000122

( စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea