Vietnam

အရှေ့တိုင်းနှစ်သစ်ကူးကာလ(တက်) အတွင်း စက်သုံးဆီဖြန့်ဖြူးမှု သေချာစေရန် ဝန်ကြီးချုပ်က တိုက်တွန်း

Last Updated:

ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် မစ္စတာဖန်မင်းချင်က သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် အေဂျင်စီများအား လာမည့်နှစ်သစ်ကူး အားလပ်ရက်အတွင်း ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့် ပြည်သူများ၏ နေ့စဉ်ဘဝတွင် လိုအပ်ချက်ဖြစ်သည့် စက်သုံးဆီထောက်ပံ့မှု သေချာစေရန် ညွှန်ကြားထားကြောင်း VN Economy သတင်းဖော်ပြချက်အရ သိရှိရပါသည်။

အဆိုပါညွှန်ကြားချက်တွင် ရှုပ်ထွေးပြီး ခန့်မှန်းမရသော ကမ္ဘာ့ရေနံဈေးကွက်ကြောင့် ပြည်တွင်းနှင့် ကမ္ဘာ့ဈေးကွက်များရှိ ရေနံထွက်ကုန်များ၏ ဈေးနှုန်းနှင့် ရောင်းလိုအားကို ထိခိုက်စေနိုင်ကြောင်း ဖော်ပြထားသည်။

ဝန်ကြီးချုပ်မှ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနအား ပြည်တွင်းနှင့် ကမ္ဘာ့စက်သုံးဆီ ဈေးကွက်များကို ပုံမှန်ကြည့်ရှုဆေးရန်၊ စျေးကွက်ဖွံ့ဖြိုးတိုးတက်မှုနှင့်အညီ စက်သုံးဆီခွဲဝေမှုကို ပုံမှန်စစ်ဆေးရန်၊ အခြေအနေအရပ်ရပ်တွင် ရေနံထွက်ကုန်များ ထောက်ပံ့ပေးနိုင်ရေး အစီအစဥ်များဖြင့် ပြင်ဆင်ထားရန် ညွှန်ကြားခဲ့သည်။

ဝန်ကြီးဌာနအား စက်သုံးဆီလုပ်ငန်းဆိုင်ရာ ဖောက်ဖျက်ကျူးလွန်မှုများနှင့် ပတ်သက်၍ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးအတွက် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လက်ရှိ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန် ညွှန်ကြားခဲ့သည်။

နိုင်ငံတော်စီးပွားရေးလုပ်ငန်းများ စီမံခန့်ခွဲမှုကော်မရှင်ဥက္ကဋ္ဌနှင့် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနတို့မှ ဗီယက်နမ်နိုင်ငံရေနံနှင့် သဘာဝဓာတ်ငွေ့အုပ်စု (Petro Vietnam) နှင့် ဗီယက်နမ်နိုင်ငံအမျိုးသားရေနံအုပ်စု (Petrolimex) တို့အား သင့်လျော်သော ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးရေးဆိုင်ရာ အစီအစဉ်များကို ပြင်ဆင်ရန် ညွှန်ကြားခဲ့ကြောင်း ဖော်ပြထားသည်။

 

 

Source: VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam