Vietnam

ဗီယက်နမ်နိုင်ငံ၏ ပင်လယ်စာ တင်ပို့မှုသည် ဆွဇ်ဇာလန်ဈေးကွက်တွင် အလားအလာ ကောင်းများရှိ

Last Updated:

ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအနေဖြင့် ဆွစ်ဇာလန်သို့ ပင်လယ်စာတင်ပို့မှု အလားအလာကောင်းများကို အသုံးချရန် ပိုမိုကြိုးပမ်းသင့်ကြောင်း၊ ဆွစ်ဇာလန်နိုင်ငံသည် ကုန်းတွင်းပိတ်နိုင်ငံဖြစ်သောကြောင့် ၎င်း၏ပင်လယ်စာအားလုံးနီးပါးကို တင်သွင်းရကြောင်း ဆွစ်ဇာလန်နိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးမှ ကုန်သွယ်ရေးအကြံပေးဖြစ်သူ ငုယင်ဒွန်းက ပြောကြားခဲ့သည်။

ဆွစ်ဇာလန်ဈေးကွက်တွင် နှစ်စဉ် ပင်လယ်စာတန်ချိန် ၇၅,၀၀၀ မှ ၈၀,၀၀၀ ခန့်ကို စားသုံးမှုရှိနေပြီးဖြစ်ကြောင်း၊ ဗီယက်နမ်သည် နော်ဝေ၊ ပြင်သစ်နှင့် နယ်သာလန်ပြီးလျှင် ဆွစ်ဇာလန်အတွက် စတုတ္ထမြောက် အကြီးဆုံး ပင်လယ်စာ ပံ့ပိုးပေးနေသည့်နိုင်ငံဖြစ်ကြောင်း Thương က baochinhphu.vn သတင်းဌာနသို့ ပြောကြားခဲ့သည်။

ဆွစ်ဇာလန်နိုင်ငံ၏ ပင်လယ်စာထွက်ကုန်များ တင်သွင်းရန်အတွက် ယခုနှစ်တွင် ၄.၆ ရာခိုင်နှုန်း တိုးလာဖွယ်ရှိကြောင်း၊ စားသုံးမှုလမ်းကြောင်းသည် အော်ဂဲနစ် ထုတ်ကုန်များဆီသို့ တဖြည်းဖြည်းရွေ့လျားသွားကြောင်း ၎င်းကပြောကြားခဲ့သည်။

ထို့ကြောင့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများအနေဖြင့် ပင်လယ်စာထွက်ကုန်များ ပြုပြင်ထုတ်လုပ်ခြင်းနှင့် အော်ဂဲနစ်ထုတ်ကုန်များ တင်ပို့ခြင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုမျာမြှင့်တင်ရန် လိုအပ်သကဲ့သို့ လက်ရှိလုပ်ဖော်ကိုင်ဖက်များနှင့် ချိတ်ဆက်မှုများ တိုးမြှင့်ဆောင်ရွက်ရန် လိုအပ်ကြောင်းဖော်ပြပါရှိသည်။

ဗီယက်နမ်နိုင်ငံ ပင်လယ်စာတင်ပို့ရောင်းချသူများအသင်း၏ အဆိုအရ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အစားအစာဘေးကင်းရေးနှင့် သန့်ရှင်းရေးအတွက် ဆွစ်ဇာလန်နိုင်ငံ၏ မြင့်မားသော စံချိန်စံညွှန်းများ ကိုက်ညီစေရန် အရည်အသွေးမြင့် ထုတ်ကုန်များ ပံ့ပိုးပေးရမည်ဖြစ်ကြောင်း၊ ဆွစ်ဇာလန်တွင် ရောင်းချသည့် အစားအစာအားလုံးသည် ဥရောပနှင့် ဆွစ်ဇာလန် အစားအစာ တံဆိပ်ကပ်ခြင်းဆိုင်ရာ စည်းမျဉ်းများကို လိုက်နာရမည်ဖြစ်ကြောင်း၊ အဆိုပါနိုင်ငံရှိ စားသုံးသူများသည် eco-တံဆိပ်များကို အလွန်စိတ်ဝင်စားကြကြောင်း၊ ထုတ်ကုန်သည် ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီပါက အပိုပေးချေရန် ဆန္ဒရှိကြောင်း ဖော်ပြထားသည်။

ထို့အပြင် ဆွစ်ဇာလန်နိုင်ငံသည် MSC (Marine Stewardship Council) စံနှုန်းကို အလွန်အလေး ထားပြီး ကမ္ဘာပေါ်တွင် MSC တံဆိပ်တပ်ထားသော ပင်လယ်စာထုတ်ကုန် အများဆုံး စားသုံးမှုအများဆုံးနိုင်ငံအဖြစ် နှစ်ပေါင်းများစွာရှိနေခဲ့ကြောင်း၊ MSC အသိအမှတ်ပြု လက်မှတ်ဖြင့် ပင်လယ်စာဝယ်လိုအား တိုးလာကြောင်း၊ ဆွစ်ဇာလန်တွင် ငါးဖြူ၊ ဆော်လမွန်နှင့် တူနာငါးများကို ရောင်းဝယ်ဖောက်ကားသည့် ကုမ္ပဏီများစွာတွင် အစားအစာဘေးကင်းရေးဆိုင်ရာ အသိ အမှတ်ပြုလက်မှတ် ရရှိထားပြီး ၎င်းတို့၏ ပင်လယ်စာထုတ်ကုန်များတွင် MSC တံဆိပ်ကို အသုံးပြုထားကြောင်းသိရှိရပါသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၏ ကိုးလတာကာလအတွင်း ဗီယက်နမ်နှင့် ဆွစ်ဇာလန်နိုင်ငံတို့အကြား နှစ်နိုင်ငံကုန်သွယ်မှုသည် ၂ ရာခိုင်နှုန်းတိုးလာပြီး အမေရိကန်ဒေါ်လာ ၁.၈၅ ဘီလီယံကျော်အထိ ရောက်ရှိခဲ့ကြောင်း၊ ဗီယက်နမ်ပို့ကုန်စုစုပေါင်းအနေဖြင့် အမေရိကန်ဒေါ်လာ ၁.၄၂ ဘီလီယံရရှိပြီး တစ်နှစ်ထက်တစ်နှစ် ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဖော်ပြထားသည်။

 

 

Sources: Vietnam News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam