Vietnam

နယ်သာလန်ရှိ ဗီယက်နမ်ကုန်သွယ်ရေးရုံးမှ အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်၍ သတိပေး

Last Updated:

အွန်လိုင်းလိမ်လည်မှု အများအပြားသည် ဝယ်လိုအားမြင့်တက်နေသည့် ရေနံထွက်ကုန်များနှင့် ဆက်စပ်နေကြောင်း၊ နယ်သာလန်ရှိ ဗီယက်နမ်ကုန်သွယ်မှုရုံးမှ ရေနံထွက်ကုန်များ ဝယ်လိုအားများလာချိန်တွင် အဆိုပါထွက်ကုန်များနှင့် ပတ်သက်သည့် အွန်လိုင်းလိမ်လည်မှုများနှင့် ပတ်သက်၍ သတိပေးထားကြောင်း VN Economy အွန်လိုင်းသတင်း ဖော်ပြချက်အရ သိရှိရပါသည်။

အွန်လိုင်းလိမ်လည်သူများသည် မကြာခဏဆိုသလို သတင်းအချက်အလက်အတုများ (သို့မဟုတ်) တရားဝင်သွင်းကုန်ကုမ္ပဏီများ (သို့မဟုတ်) ရေနံသိုလှောင်သည့် ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ အယောင်ဆောင်ဝဘ်ဆိုဒ်များကို ဖန်တီးလေ့ရှိကြောင်း၊ ဆက်သွယ်ရန် အချက်အလက်များမှာ အများအားဖြင့် မိုဘိုင်းလ်ဖုန်းနံပါတ် သို့မဟုတ် အင်တာနက် ဖုန်းနံပါတ်တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

အေဂျင်စီမှ ဗီယက်နမ် စီးပွားရေးလုပ်ငန်းများကို သတိကြီးစွာထားရန်နှင့် နာမည်ဂုဏ်သတင်းရှိသော မိတ်ဖက်များနှင့်သာ အရောင်းအဝယ်ပြုလုပ်ရန်၊ ၎င်းတို့၏ ဝက်ဘ်ဆိုဒ်တွင် စီးပွားရေးလုပ်ငန်းအပြည့်အစုံ၊ လိုင်းဖုန်းနံပါတ်နှင့် အီးမေလ်းပို့ရန် ပုံစံများနှင့်တကွ ဖော်ပြထားပါကြောင်း ပြောကြားပါသည်။

ရေနံရောင်းဝယ်ရေးတွင် အသုံးများသော ငွေပေးချေမှုနည်းလမ်းမှာ အကြွေးပေးစာ (L/C) ဖြင့်သာဖြစ်ကြောင်း၊ အွန်လိုင်းလိမ်လည်မှုနှင့် ပတ်သက်၍ ဆိပ်ကမ်းအာဏာပိုင်များမှ https:// ferm-rotterdam.nl/en/blacklist ဝက်ဘ်ဆိုဒ်တွင် စဉ်ဆက်မပြတ်မွမ်းမံပြင်ဆင်လျက်ရှိသဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရှိရပါသည်။

 

 

Source : VN Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam