China (HongKong)

ဩဂုတ်လမှ အောက်တိုဘာလအတွင်း ဟောင်ကောင်ဒေသ၏ အလုပ်လက်မဲ့နှုန်းထား မြင့်တက်

Last Updated:

၂၀၂၄ ခုနှစ် ဩဂုတ်လမှ အောက်တိုဘာလအတွင်း ဟောင်ကောင်ဒေသ၏ ပျမ်းမျှ အလုပ်လက်မဲ့နှုန်းထားသည် ၃.၁ ရာခိုင်နှုန်း သို့ မြင့်တက်လာခဲ့ကြောင်း ဟောင်ကောင်ဒေသအစိုးရ၊ သန်းခေါင်စာရင်းနှင့် စာရင်းအင်းဌာနမှ နိုဝင်ဘာလ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် စာရင်းဇယားများတွင် ဖော်ပြထားပါသည်။ ရရာအလုပ်လုပ်ကိုင်မှုနှုန်းမှာ ၁.၁ ရာခိုင်နှုန်း ရှိခဲ့သောကြောင့် ၁.၂ ရာခိုင်နှုန်း ရှိခဲ့သည့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ရှိခဲ့သည့်နှုန်းထားထက် ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဇူလိုင်လမှ စက်တင်ဘာလအတွင်းရှိခဲ့သည့် စာရင်းဇယားများနှင့်နှိုင်းယှဉ်ပါက ဩဂုတ်လမှ အောက်တိုဘာလအတွင်း အဓိကလုပ်ငန်းကဏ္ဍများတွင် အလုပ်လက်မဲ့နှုန်းထားမြင့်ခဲ့ပြီး၊ သိသိသာသာ မြင့်တက်ခဲ့သည့်လုပ်ငန်းများမှာ သန့်ရှင်းရေးနှင့် အလားတူလုပ်ငန်းများ၊ အနုပညာ၊ ဖျော်ဖြေမှုနှင့် အပမ်းဖြေလုပ်ငန်းများနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ တို့ဖြစ်ပါသည်။ ရရာအလုပ် လုပ်ကိုင်သည့်နှုန်းထား ကျဆင်းသည့်လုပ်ငန်းများမှာ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ကုန်သိုလှောင်ရုံ နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ထောက်ပံ့ရေး ဆောင်ရွက်ချက်များတွင်ဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဩဂုတ်လမှ အောက်တိုဘာလအတွင်း အလုပ်အကိုင်ခန့်ထားမှုအနေဖြင့် ဇူလိုင်လမှ စက်တင်ဘာလအတွင်း၌ ခန့်ထားခဲ့သည့်ပမာဏထက် ၃၁၀၀ ခန့် ကျဆင်းခဲ့ပြီး စုစုပေါင်း ၃,၇၀၇,၁၀၀ ခန့်ရှိခဲ့ကြောင်းနှင့် လုပ်သားဦးရေအနေဖြင့်လည်း ၂၂၀၀ ခန့် ကျဆင်းခဲ့ကာ စုစုပေါင်း လုပ်သားဦးရေ ၃,၈၂၇,၉၀၀ ရှိခဲ့ပါသည်။ အဆိုပါကာလအတွင်း အလုပ်လက်မဲ့ဦးရေ ၈၀၀ ခန့် တိုးတက်လာပြီး၊ ရရာအလုပ်လုပ်ကိုင်သူ အရေအတွက်မှာ ၃၇၀၀ အထိ ကျဆင်းခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ၏ ပျမ်းမျှအလုပ်လက်မဲ့နှုန်းထားမှာ ၃.၁ ရာခိုင်နှုန်းဖြင့် နှုန်းထားနိမ့်နေဆဲဖြစ်ကြောင်း၊ ရရာအလုပ်လုပ်ကိုင်မှုအနေဖြင့်လည်း ၀.၁ ရာခိုင်နှုန်း ကျဆင်းခဲ့သောကြောင့် ဒေသ၏ အလုပ်လက်မဲ့နှုန်းမှာလည်း နိမ့်ကျနေဆဲဖြစ်ကြောင်း၊ ၂၀၂၄ ဩဂုတ်လမှ အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် စာရင်းများအရ လက်လီရောင်းချမှုနှင့် အစားအစာနှင့် အဖျော်ယမကာဝန်ဆောင်မှုကဏ္ဍတို့၏ အလုပ်လက်မဲ့နှုန်းထား အနည်းငယ်ပြန်လည်မြင့်တက်လာကြောင်း နှင့် ဆောက်လုပ်ရေးလုပ်ငန်းကဏ္ဍ၏ အလုပ်လက်မဲ့နှုန်းထားမှာလည်း ယခင်အတိုင်း မပြောင်းလဲကြောင်း အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီး Mr Chris Sun  က ပြောကြားခဲ့သည်ဟု ရေးသားဖော်ပြထားပါသည်။

စီးပွားရေးတိုးတက်နေမှုကြောင့် လတ်တလောကာလအတွင်း ဟောင်ကောင်ဒေသ၏ လုပ်သားဈေးကွက်၌ အကြပ်အတည်းနှင့် ဆက်လက်ရင်ဆိုင်နေရဖွယ်ရှိသော်လည်း လုပ်ငန်းစွမ်းဆောင်ရည်ပေါ်မူတည်၍ အလုပ်အကိုင်ခန့်ထားနိုင်မှုမှာ ကဏ္ဍအလိုက် ဆက်လက်ပြောင်းလဲနိုင်ကြောင်းနှင့် ဩဂုတ်လမှ အောက်တိုဘာလအတွင်း ပုဂ္ဂလိကကဏ္ဍအသီးသီး၌ လအလိုက် ပျမ်းမျှ လစ်လပ်အင်အား ၆၂,၁၃၁ နေရာ ဖြစ်ပေါ်ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၃၆.၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

စီးပွားရေးသံမှူး၊ဟောင်ကောင်မြို့

Category: China (HongKong)