India (Delhi)

အိန္ဒိယသည် အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေးစစ်ပွဲမှ လွတ်မြောက်နိုင်ကြောင်း Goldman Sachs အစီရင်ခံစာတွင်ဖော်ပြ

Last Updated:

အိန္ဒိယနိုင်ငံသည် ၂၀၂၅ ခုနှစ်တွင် အမေရိကန်နှင့် တရုတ်ကြား ဖြစ်ပေါ်လာနိုင်ခြေရှိသော ကုန်သွယ်ရေးစစ်ပွဲ၏ ကမ္ဘာ့စီးပွားရေးအပေါ် လှုပ်ခတ်မှုများမှ လွတ်မြောက်လိမ့်မည်ဟု  Goldman Sachs ၏ အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရသည်။

ကမ္ဘာလုံးဆိုင်ရာ မသေချာမရေရာမှုများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း အိန္ဒိယ၏ ရေရှည်တိုးတက်မှုအလားအလာမှာ အားကောင်းနေဆဲဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

သို့သော်လည်း နိုင်ငံ၏ GDP တိုးတက်မှုနှုန်းသည် ၂၀၂၄  ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၂၀၂၅ ခုနှစ်တွင်  ၆.၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားဖွယ်ရှိကြောင်း အစီရင်ခံစာတွင် အသားပေးဖော်ပြထားသည်။

ယင်းကျဆင်းမှုသည် အိန္ဒိယဗဟိုဘဏ် (RBI) မှပြုလုပ်သော macro-prudential အစီအမံများကြောင့် ချေးငွေဆိုင်ရာတင်းကြပ်မှုများနှင့်  ဘဏ္ဍာရေးအခွန်အခဆိုင်ရာ ထိန်းသိမ်းမှုများကြောင့်ဖြစ်နိုင်သည်ဟု ဖော်ပြထားသည်။

အစီရင်ခံစာအရ RBI ၏ငွေကြေးမူဝါဒသည် ၂၀၂၅ ခုနှစ်တွင် သတိထားသည့် အနေအထားဖြင့် ဆက်လက်ကျင့်သုံးမည်ဟုမျှော်လင့်ထားပါကြောင်း၊  ဗဟိုဘဏ်သည် ၂၀၂၅ ခုနှစ် ပထမသုံးလပတ်မှစ၍ အတိုးနှုန်းများကိုလျော့ချမည်ဖြစ်ပြီး နှစ်ဝက်သို့ရောက်ရှိသည့်အချိန်တွင် စုစုပေါင်း 50 basis points ခန့် လျှော့ချမည်ဟုခန့်မှန်းထားကြောင်းသိရှိရသည်။

တိုးတက်မှုကို ပံ့ပိုးရန်အတွက် ပိုမိုအဆင်ပြေသော ငွေကြေးအခြေအနေများကို တောင်း ဆိုနေသော်လည်း၊ RBI သည် ခိုင်မာသောအမေရိကန်ဒေါ်လာနှင့် ကမ္ဘာ့ကုန်သွယ်ရေး မရေရာမှုများကြောင့် ဂရုတစိုက်ရှေ့ဆက်သွားဖွယ်ရှိကြောင်းလည်း သိရှိရသည်။

ဆက်လက်ဖြစ်ပွားနေသော macro-prudential တင်းကျပ်မှုကြောင့် အတိုးနှုန်းသက်သာ သည့်တိုင် လက်လီချေးငွေတိုးတက်မှုနှုန်းသည် ကျဆင်းနေနိုင်ကြောင်း၊ ငွေကြေးဖောင်းပွမှုသည် လာမည့်နှစ်တွင် RBI ၏ရည်မှန်းချက်နှင့် လိုက်လျောညီထွေဖြစ်မည်ဟု ခန့်မှန်းထားသော်လည်း အတိုးနှုန်းဖြတ်တောက်ခြင်းစက်ဝန်းသည် အကန့်အသတ်ရှိမည်ဟု မျှော်လင့်ရကြောင်း၊  RBI သည် စံနှုန်းအတိုးနှုန်း (Nominal Neutral Rate ) ကိုခန့်မှန်းခြေ ၆ ရာခိုင်နှုန်းဖြင့်  ကြားနေနှုန်းနှင့် နီးကပ်စွာထားရှိကာ ငွေကြေးမူဝါဒကို မျှတသောချဉ်းကပ်မှုတစ်ခုအတွက် ရည်မှန်းထားဖွယ်ရှိကြောင်းလည်း ဖော်ပြထားသည်။

စီးပွားရေးတိုးတက်မှုနှုန်းနှေးကွေးခြင်းသည် ၎င်းတို့၏အမြင်တွင် ပိုမိုလွယ်ကူသော ငွေကြေးအခြေအနေများကို တောင်းဆိုနေသော်လည်း၊ ဒေါ်လာတန်ဖိုး ပိုမိုအားကောင်းခြင်းဖြစ်စဉ်ကြောင့် RBI သည် သတိကြီးကြီးဖြင့် ဆက်လက်လုပ်ဆောင်နိုင်ဖွယ်ရှိသည်ဟု ၎င်းကဆိုသည်။

အစီရင်ခံစာအရ RBI သည် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလတွင် 25-basis-point repo နှုန်းကို ဖြတ်တောက်ပြီး ဧပြီလတွင် နောက်ထပ် 25-base-point ဖြတ်တောက်မှုကို အကြံပြုထားကြောင်း၊   အိန္ဒိယနိုင်ငံအနေဖြင့် ရေတိုစိန်ခေါ်မှုများရှိနေသော်လည်း၊ အိန္ဒိယ၏စီးပွားရေးသည် ကမ္ဘာ့ကုန်သွယ်ရေး တင်းမာမှုများကြားတွင်တည်ငြိမ်မှုကိုဆက်လက်ထိန်းသိမ်းထားရန် မျှော်မှန်းထားပြီး ပြင်ပမှလှုပ်ခတ်မှုများကြုံတွေ့ရချိန်တွင် ၎င်းအနေဖြင့် ကြံ့ကြံ့ခံနိုင်စွမ်းရှိပြီး ကျော်လွှားနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားသည်ကိုတွေ့ရှိရပါသည်။

သို့ဖြစ်ပါ၍ Goldman Scahs ၏ အစီရင်ခံစာအရ အမေရိကန်နိုင်ငံ၏ အစိုးရအသစ်တက်လာမည့် ၂၀၂၅ ခုနှစ်တွင် တရုတ်-အမေရိကန် ကုန်သွယ်ရေးတင်းမာမှုများဖြစ်ပေါ်လာနိုင်ကြောင်းနှင့် ယင်းသည်ကမ္ဘာ့ကုန်သွယ်မှုလုပ်ငန်းများကိုပါ သက်ရောက်မှုများရှိလာမည်ဖြစ်‌ကြောင်း ခန့်မှန်းထားသည်ကိုတွေ့ရှိရသဖြင့် မိမိနိုင်ငံအနေဖြင့်လည်း ယင်းသက်ရောက်မှုအခြေအနေများနှင့် ကြုံတွေ့လာပါက ငွေကြေးဆိုင်ရာမူဝါဒများကို မည်သို့ထိန်းကြောင်း ဆောင်ရွက်သွားမည်ဆိုသည်ကို ကြိုတင်တွက်ချက် ပြင်ဆင်ထားရှိသင့်ပါကြောင်းသိရှိရပါသည်။

Source: India to be insulated from trade war between US and China: Goldman Sachs, The Economic Times, 21 November, 2024.

စီးပွားရေးသံမှူး၊ နယူးဒေလီမြို့

Category: India (Delhi)