Germany

လေထုညစ်ညမ်းမှုကြောင့် ဥရောပတွင် လူငယ်လူရွယ် ၁၂၀၀ ခန့် နှစ်စဉ် သေဆုံးနေ

Last Updated:

လေထုညစ်ညမ်းမှုကြောင့် ဥရောပတွင် ကလေးငယ်များနှင့် ဆယ်ကျော်သက် ဦးရေ ၁၂၀၀ ကျော် နှစ်စဉ်သေဆုံးနေကြောင်း European Environmental Agency (EEA) မှ ၂၄-၄-၂၀၂၃ ရက်တွင် ထုတ်ပြန်ခဲ့သော အစီရင်ခံစာအရ သိရှိရပါသည်။

ကလေးငယ်များသည် မိခင်ဝမ်းထဲတွင်ရှိနေစဉ်အချိန်မှစ၍ အရွယ်ရောက်ပြီးသည်အထိ လေထုညစ်ညမ်းမှုဒဏ်ကိုခံနေကြရသဖြင့် ခံနိုင်ရည်ရှိကြသည်ဟု Copenhagen အခြေစိုက်သတင်း အေဂျင်စီတစ်ခုက ၎င်း၏အစီရင်ခံစာတွင် ဖော်ပြထားပါသည်။

ကလေးငယ်များနှင့် ဆယ်ကျော်သက် အသက်အရွယ်အပိုင်းအခြားတွင် နှစ်စဉ်အရွယ်မတိုင်မီသေဆုံးနေမှုအရေအတွက်သည် ဥရောပရှိ လူဦးရေစုစုပေါင်းနှင့်နှိုင်းယှဉ်ပါက နည်းပါးသည်ဟု EEA မှ ခန့်မှန်းထားသော်လည်း၊ယင်းကဲ့သို့ ဘဝတွင် စောစီးစွာသေဆုံးမှုများသည် အနာဂတ်ကာလအတွက် အလားအလာရှိမှုများဆုံးရှုံးခြင်းကို ကိုယ်စားပြုရာရောက်ပြီး ကလေးဘဝမှစ၍ အရွယ်ရောက်လာသည့်အချိန်ထိတိုင် နာတာရှည်ဖျားနာမှုကဲ့သို့သော သိသာထင်ရှားသည့် ကျန်းမာရေး ဝန်ထုပ်ဝန်ပိုးများပါ အတူပါလာနိုင်သည်ဟု ၎င်းကထပ်လောင်းပြောကြားခဲ့ပါသည်။

လေထုညစ်ညမ်းမှုမြင့်မားလာခြင်းသည် ဥရောပရှိ ကလေးငယ်များနှင့် ဆယ်ကျော်သက်များ၏ ၉ ရာခိုင်နှုန်းခန့်ကို ထိခိုက်စေနိုင်သော ရင်ကျပ် ရောဂါဖြစ်ပွားမှုနှုန်းကို မြင့်မားစေသည့်အပြင် အဆုတ်၏ လုပ်ဆောင်နိုင်စွမ်းကိုပါ လျော့နည်းစေနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ရုရှား၊ ယူကရိန်းနှင့် ဗြိတိန်နိုင်ငံတို့ကဲ့သို့သော အဓိက စက်မှုနိုင်ငံများမပါဝင်ဘဲ ဥရောပသမဂ္ဂ အဖွဲ့ဝင် ၂၇ နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၃၀ ကို လေ့လာခဲ့ရာတွင် အလုံးစုံသေဆုံးမှုများ၌ လေထုညစ်ညမ်းမှု မြင့်မားလာခြင်းကြောင့်ဖြစ်သော သေဆုံးမှုများက ပိုများနိုင်သည်ဟု ယူဆကြောင်း ဖော်ပြထားပါသည်။

ဥရောပအရှေ့အလယ်ပိုင်းနှင့် အီတလီနိုင်ငံတို့ကဲ့သို့သော ဥရောပနိုင်ငံအများအပြားတွင် ဖြစ်ပေါ်နေသည့် လေထုညစ်ညမ်းမှု level မှာကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ guidelines အထက် တွင် ဆက်လက်ရှိနေဆဲဖြစ်ကြောင်း EEA မှ ပြောကြားခဲ့ပါသည်။

ဖော်ပြပါစစ်တမ်းကောက်ယူထားသောနိုင်ငံများတွင် မြို့ပြလူဦးရေ၏ ၉၇ ရာခိုင်နှုန်းခန့်သည် WHO ၏ အကြံပြုချက်များနှင့် မကိုက်ညီသည့်လေထုမျိုးကို ယမန်နှစ်က ကြုံတွေ့ခဲ့ကြသည်ဟု ခန့်မှန်းထားပါသည်။

ထို့ကြောင့်လည်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်းနှင့် အပူပေးခြင်းတို့မှ ဓာတ်ငွေ့များ ထုတ်လွှတ်နေမှုကို လျှော့ချရမည်ဖြစ်ကြောင်း EEA က ပြောကြားခဲ့ပါသည်။

ကလေးများအတွက် ကာလတိုအတွင်း အကျိုးရှိစေမည့် လက်တွေ့ကျသော ဖြေရှင်းနည်းတစ်ခုမှာ ၎င်းတို့၏ ကျောင်းပတ်ဝန်းကျင်တွင် green space တိုးမြှင့်ပေးခြင်းဖြင့် လေကောင်း လေသန့်ရရှိစေရေး ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

 

Source:   https://www.dw.com/en/air-pollution-killing-1200-young-people-in-europe-each-year/a-65414183

(စီးပွားရေးသံမှူး၊ ဘာလင်)

Category: Germany