China (HongKong)

ဟောင်ကောင်နှင့်မော်ရေးရှပ် အကြားချုပ်ဆိုထားသည့် အခွန်နှစ်ထပ်ကင်းလွတ်ခွင့် သဘောတူ စာချုပ် စတင်သက်ဝင်

Last Updated:

ဟောင်ကောင်နှင့်မော်ရေးရှပ် အကြား ၂၀၂၂ ခုနှစ် နိုဝင်ဘာလတွင် ချုပ်ဆိုခဲ့သည့် အခွန်နှစ်ထပ် ကင်းလွတ်ခွင့် သဘောတူစာချုပ်သည် ဇွန်လ ၂၃ ရက်နေ့၌ စတင်သက်ဝင်ခဲ့ပြီဖြစ်ကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် “HK’s double taxation deal with Mauritius takes effect” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

သို့သော် အဆိုပါသဘောတူစာချုပ်သည် ဟောင်ကောင်ဒေသ၌  ဒေသ၏ ဘဏ္ဍာနှစ်အစဖြစ်သည့် ၂၀၂၄ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာသာ စတင်သက်ဝင်မည်ဖြစ်ပါသည်။ အဆိုပါ သဘောတူစာချုပ်ကြောင့် ဒေသနှစ်ခုအကြား နယ်စပ်ဖြတ်ကျော် စီးပွာရေးလုပ်ဆောင်မည့် သူများအတွက် အခွန်ပေးဆောင်မှုများ ပိုမိုသေချာလာစေမည် ဖြစ်သကဲ့သို့ နှစ်ဖက်ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးတက်မှုကို အထောက်အပံ့ဖြစ်စေမှာဖြစ်သည်ဟု အစိုးရက ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်)

Category: China (HongKong)