China (HongKong)

ဟောင်ကောင်ဒေသနှင့် အာမေးနီးရားနိုင်ငံတို့အကြား အခွန်ဆိုင်ရာ စာချုပ်ချုပ်ဆို

Last Updated:

အခွန်အကောက်ဆိုင်ရာစာချုပ် ကွန်ရက်ချဲ့ထွင်ရန် အထူးသဖြင့် ရပ်ဝန်းနှင့် လမ်းကြောင်း ဆောင်ရွက်ချက်တွင် ပါဝင်သည့် နိုင်ငံများအကြား အခွန်အကောက်ဆိုင်ရာ စာချုပ်ကွန်ရက် ချဲ့ထွင်နိုင်ရန်အတွက် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသနှင့် အာမေးနီးရားနိုင်ငံတို့အကြား အခွန်နှစ်ထပ်စည်းကြပ်မှုရှောင်ရှားရေး သဘောတူစာချုပ်(CDTA) ကို လက်မှတ်ရေးထိုးခဲ့ကြောင်း Hong Kong Business သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင် “Hong Kong-Armenia tax treaty to ease investor tax assessment” ခေါင်းစဉ်ဖြင့်ရေးသားဖော်ပြထားပါသည်။

ရင်းနှီးမြှုပ်နှံသူများအတွက် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများအတွက် ပေးဆောင်ရန် တာဝန်ရှိသည့် အခွန်အကောက်များနှင့် စပ်လျဉ်း၍ လေ့လာရာတွင် အထောက်အကူဖြစ်စေရန် အဆိုပါသဘောတူစာချုပ်၌ ဟောင်ကောင်ဒေသနှင့် အာမေးနီးရားနိုင်ငံတို့အကြား အခွန်အကောက်ခွဲဝေသတ်မှတ်မှုကို ရှင်းရှင်းလင်းလင်း ရေးသားဖော်ပြထားပါသည်။

အဆိုပါအခွန်နှစ်ထပ်စည်းကြပ်မှု ရှောင်ရှားရေး သဘောတူစာချုပ်အရ ဟောင်ကောင်ကုမ္ပဏီများအနေဖြင့် ဟောင်ကောင်အခွန်အကောက်ဥပဒေအရ တူညီသည့်ဝင်ငွေပေါ်တွင် အာမေးနီးရား၌ အခွန်ပေးဆောင်ထားပါက ဟောင်ကောင်ဒေသ၌ ထပ်မံအခွန်ပေးဆောင်ခြင်းမှ ကင်းလွတ်ခွင့်ရရှိမည်ဖြစ်ပါသည်။ ထို့ပြင် အာမေးနီးရားနိုင်ငံအနေဖြင့် ဟောင်ကောင်ဒေသခံများအတွက် ပင်ရင်းမှ နုတ်ယူပေးသွင်းသည့်အခွန် သတ်မှတ်ချက်ကို အစုရှယ်ယာအလိုက် အမြတ်ဝေစုပေါ်မူတည်၍ ‘၀’ ရာခိုင်နှုန်း သို့မဟုတ် ၅ ရာခိုင်နှုန်းနှင့် အတိုးနှင့် ခိုင်းကြေးများအတွက် ၅ ရာခိုင်နှုန်း၌ ကန့်သတ်ပေးသွားမည်ဖြစ်ကြောင်း စသည်ဖြင့်ရေးသားဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)