U. A. E

နှစ်သစ်ကူးပွဲတော်အတွင်း ၄၃ နာရီကြာ မရပ်မနားပြေးဆွဲ၍ ဝန်ဆောင်မှုပေးသွားမည့် ယူအေအီးနိုင်ငံမှ Dubai Metro ရထားလုပ်ငန်း

Last Updated:

ဒူဘိုင်းမြို့တွင်းပြေးဆွဲလျှက်ရှိကြသည့် Dubai Metro ရထားများနှင့် Dubai Tram မြို့ပတ်ရထား များတို့သည် နှစ်သစ်ကူးပွဲတော်အတွင်း ဒီဇင်ဘာ ၃၁ ရက် နံနက် ၅ နာရီမှစတင်၍ ဇန်နဝါရီ ၂ ရက် နံနက် ၁ နာရီအထိ ၄၃ နာရီကျော်ကြာ မရပ်မနားပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း လမ်းနှင့်သယ် ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (RTA) မှ ထုတ်ပြန်ထားရှိပါသည်။

ယာဉ်ကြောပိတ်ဆို့မှုကိုဖြေလျှော့ရန်နှင့် ခရီးသွားလာမှုချောမွေ့စေရန်အတွက် RTA မှ ပြည်သူများ အားအများသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို အသုံးပြုရန်တိုက်တွန်းထားရှိပါသည်။ ထို့အပြင် ဘတ်စ်ကားအစီးရေ ၁,၄၀၀ ပါရှိသည့်ဘတ်စ်ကားအုပ်စုဖြင့် ယူအေအီးနိုင်ငံတစ်ဝှမ်း အခမဲ့စီးနင်း ခွင့်ပေးသွားမည်ဖြစ်ပြီး နိုင်ငံတွင်းနေထိုင်သူများနှင့် ခရီးသွားဧည့်သည်များအတွက် အဆင်ပြေစေမည့်ရွေးချယ်မှုများကို ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။

တိုးချဲ့ဝန်ဆောင်မှုများနှင့် ဘူတာရုံများပိတ်ချိန်များမှာ Dubai Metro - ဒီဇင်ဘာ ၃၁ ရက် နံနက် ၅ နာရီမှဇန်နဝါရီ ၁ ရက်နေ့ကုန်အထိ၊ Dubai Tram - ဒီဇင်ဘာ ၃၁ ရက် နံနက် ၆ နာရီမှဇန်နဝါရီ ၂ ရက်နံနက် ၁ နာရီအထိ ပြေးဆွဲမည်။ Dubai Mall Metro Station ဘူတာ - ခရီးသည် သတ်မှတ်ပမာဏထက်ကျော်လွန်ခဲ့ပါကညနေ ၅ နာရီ သို့မဟုတ် အစောပိုင်းတွင်ဘူတာပိတ်နိုင်သည့်အတွက် Business Bay ဘူတာကဲ့သို့သော အနီး အနားရှိ အခြားဘူတာရုံများကိုအသုံးပြုရန် ခရီးသည်များအားအကြံပြုထားပါသည်။

ယာဉ်ကြောနှင့် လမ်းညွှန်ဆိုင်းဘုတ် RTA သည်လမ်းပိတ်ခြင်း၊ အခြားလမ်းကြောင်းများနှင့် ရရှိနိုင်သောကားပါကင်နေရာများအကြောင်း အချိန်နှင့်တပြေးညီ သတင်းအချက်အလက်များဖြင့် ခရီးသည်များအား လမ်းညွန်ပေးနိုင်ရန်အတွက် လမ်းဆိုင်းဘုတ်စနစ်များနှင့် ဉာဏ်ရည်မြင့်သယ်ယူပို့ဆောင်ရေးစနစ် (ITS) ကို ဖော်ထုတ်ခဲ့ပါသည်။ ၎င်းတွင်အချက်အလက်ပြောင်းလဲနိုင်သောမက်ဆေ့ချ်ဘုတ်များဖြင့် ဘတ်စ်ကားဆိုက်ရောက် ရာနေရာများနှင့် အဓိကပွဲလမ်းသဘင်များအား ကျင်းပမည့်နေရာများတွင် လမ်းညွှန်ဝန်ဆောင်မှု ပေးအပ်သွားမည်ဖြစ်ပါသည်။

ပြည်သူ့ပန်းခြံများနှင့် အခမ်းအနားကျင်းပမည့်နေရာများ၊ ပြည်သူပန်းခြံများ- ပွဲမစမီ သို့မဟုတ် ပွဲအပြီးတွင် အနားယူလိုသော ဧည့်သည်များအတွက် နံနက် ၁ နာရီအထိ ဖွင့်လှစ်ထားရှိမည်ဖြစ်ပါသည်။ အထိမ်းအမှတ်ပွဲများကို အထူးအသားပေးဖော်ပြမှု - Burj Park၊ Global Village၊ Dubai Festival City Mall၊ Al Seef၊ Bluewaters၊ The Beach at JBR နှင့် Hatta အစရှိသည့် နာမည်ကျော်နေရာများတို့အပါအဝင် ခရီးစဉ်ဒေသ ၃၆ ခုတို့တွင် မီးရှူးမီးပန်းများနှင့်ဒရုန်းများတို့ဖြင့် ပြပွဲများအား ပြသထားရှိမည် ဖြစ်ပါသည်။

RTA မှခရီးသွားလာရေးဌာန၏ အမှုဆောင်ညွှန်ကြားရေးမှူး Hussain Al Bana က ယာဉ်ကြောပိတ်ဆို့မှုကိုရှောင်ရှားနိုင်ရန် အများသုံးသယ်ယူပို့ဆောင်ရေးကို ကြိုတင်စီမံခြင်းနှင့်အသုံးပြုခြင်းတို့၏ အရေးကြီးပုံကို အလေးပေးပြောကြားခဲ့ပါသည်။ RTA သည် ခရီးသွားဧည့်သည်အရေအတွက် တိုးတက်လာမှုကို လိုက်လျောညီထွေဖြစ်စေရန်အတွက် ခရီးသွားလိုအပ်ချက်မြင့်မားသောနေရာများတွင် ဘတ်စ်ကားများအားထပ်တိုးထပ်ဆောင်း၍ နေရာချထားပေးသွားမည်ဖြစ်ကြောင်း ၎င်းက အာမခံ ပြောကြားခဲ့ပါသည်။

နှစ်သစ်ကူးပွဲတော်အားဘေးကင်းစွာဆင်နွှဲပြီး ဒူဘိုင်း၏ချောမွေ့သောသယ်ယူပို့ဆောင်ရေး ရွေးချယ်မှုများကိုခံစားလိုက်ကြပရန် သတင်းဌာနမှနှိုးဆော်ထားပါသည်။

Source:Khaleej Times

Economic Counsellor (Dubai)

Category: U. A. E