U. A. E

ရေရှည်တည်တံ့မှုအပေါ်အာရုံစိုက်ခဲ့ခြင်းကြောင့့်် ယူအေအီးနိုင်ငံ၏ခရီးသွားလာရေးလုပ်ငန်းသည် ၂၀၂၄ ခုနှစ်တွင် ကြီးမားသောတိုးတက်မှုကို ရရှိခဲ့

Last Updated:

ယူအေအီးနိုင်ငံ၏ ခရီးသွားလာရေးလုပ်ငန်းကဏ္ဍသည် ၂၀၂၄ ခုနှစ်တွင် သိသာထင်ရှားသော တိုးတက်မှုကိုရရှိခဲ့ပြီး အမျိုးသားစီးပွားရေးအတွက် AED ၂၃၆ ဘီလီယံ (GDP ၏ ၁၂ %) ကိုပံ့ပိုးပေးနိုင် ခဲ့ကြောင်း ကမ္ဘာ့ခရီးသွားနှင့်ခရီးသွားလုပ်ငန်းကောင်စီ၏ အစီရင်ခံစာအရသိရှိရပါသည်။ ဟိုတယ် လုပ်ငန်းများမှဝင်ငွေသည် ၂၀၂၄ ခုနှစ် ပထမကိုးလအတွင်း AED ၃၃.၅ ဘီလီယံအထိ မြင့်တက်ခဲ့ပြီး ပျမ်းမျှတည်းခိုနေထိုင်မှုနှုန်းမှာ ၇၇.၈ % ခန့်အထိရောက်ရှိခဲ့ကာ ကမ္ဘာ့အမြင့်မားဆုံးသော တည်းခိုနေထိုင်မှုနှုန်းများထဲတွင် တစ်ခုအပါအဝင် ဖြစ်ခဲ့ပါသည်။

အဘူဒါဘီ၊ ဒူဘိုင်းနှင့်ရှာဂျားပြည်နယ်များရှိလေဆိပ်များတွင် စက်တင်ဘာလအထိ လာရောက်လည်ပတ်ကြသည့် ခရီးသွားဧည့်သည်ပေါင်း ၁၀၃ သန်းကျော်ကိုမှတ်တမ်းတင်နိုင်ခဲ့ပြီး ယခုနှစ်ကုန်တွင် ခရီးသွားဧည့်သည်စုစုပေါင်း သန်း ၁၅၀ ခန့်ရောက်ရှိမည်ဟု ခန့်မှန်းထားရှိပါသည်။

ယူအေအီးနိုင်ငံသည် ၂၀၂၄ ခုနှစ် ခရီးသွားနှင့်ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအညွှန်းကိန်းတွင် ကမ္ဘာ့အဆင့် ၁၈ နှင့် ဒေသတွင်းတွင် ပထမအဆင့်ကိုရရှိခဲ့ပြီး လေကြောင်းသယ်ယူပို့ဆောင်ရေး အခြေခံအဆောက်အအုံ၊ ခရီးသွားဝန်ဆောင်မှုများနှင့်ခရီးသွားလုပ်ငန်းမူဝါဒများတွင် ထူးချွန်မှုများ ကိုရရှိခဲ့ပါသည်။ "အမျိုးသားခရီးသွားလာရေးလုပ်ငန်း ပဋိညာဉ်စာတမ်း" ကဲ့သို့သော အစပြုဆောင်ရွက်မှုများသည် ယူအေအီးနိုင်ငံရှိ ပြည်နယ်ခုနစ်ခုစလုံးရှိ ကြိုးပမ်းအားထုတ်မှုများကို ပေါင်းစည်းသွားရန်၊ ခရီးသွားကဏ္ဍတွင်ယူအေအီးနိုင်ငံသားများ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှုများကို မြင့်တက်လာစေနိုင်ရန်နှင့် ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရန် ရည်ရွယ်ထားခြင်းဖြစ်ပါ သည်။

အစပြုဆောင်ရွက်မှုများဖြစ်ကြသော 'ကမ္ဘာ့အအေးဆုံးဆောင်းရာသီ ကမ်ပိန်း' ၏ ပဉ္စမရာသီတွင် 'စိမ်းလန်းသောခရီးသွားလာရေး' ခေါင်းစဉ်ဖြင့် နိုင်ငံတစ်ဝှမ်းရှိ လယ်ယာများနှင့်စိုက်ပျိုးရေးဆိုင်ရာ စီမံကိန်းများသို့ သွားရောက်လည်ပတ်ရန် တိုက်တွန်းအားပေးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတရှိသောခရီးသွားလုပ်ငန်းကို အလေးပေးဆောင်ရွက်ထားရှိပါသည်။ ဤသို့သောကြိုးပမ်း ဆောင်ရွက်မှုများသည် ယူအေအီးနိုင်ငံ၏ ခရီးသွားလာရေးမဟာဗျူဟာ ၂၀၃၁ နှင့် ကိုက်ညီမှုရှိပြီး နိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာခရီးသွားယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်ပေးလျှက်ရှိကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Emirates News Agency

Economic Counsellor (Dubai)

Category: U. A. E