Thailand

ထိုင်းနိုင်ငံ အများပိုင် ကုမ္ပဏီတစ်ခုဖြစ်သော BCPG သည် ၎င်းလုပ်ငန်းများအတွက် ဘဏ္ဍာ ရန်ပုံငွေအဖြစ် ဘတ် ၃၉ ဘီလီယံ လျာထား

Last Updated:

Bangchak Corporation Plc ၏ စွမ်းအင်ထုတ်လုပ်သော လုပ်ငန်းတစ်ခုဖြစ်သည့် BCPG Plc သည် လတ်တလောဖြစ်ပွားနေသော အမေရိကန်နှင့် ဆွစ်ဇာလန်နိုင်ငံတို့၏ ဘဏ်ပြဿနာများကြောင့် သက်ရောက်မှုရှိနိုင်သည့် ၎င်း၏ပြည်တွင်းနှင့် ပြည်ပလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုတို့အတွက် ဘဏ္ဍာရန်ပုံငွေအဖြစ် ဘတ် ၃၉ ဘီလီယံလျာထားရန် စီစဉ်လျက်ရှိပါသည်။

ကုမ္ပဏီအနေဖြင့် အမေရိကန်နိုင်ငံရှိ Sikicon Valley Bank နှင့် Signature Bank၊ ဆွစ်ဇာလန်နိုင်ငံရှိ Credit Suisse ဘဏ်များအရှိန်မြင့်တက်လာမှုကြောင့် စွမ်းအင်ကုမ္ပဏီအချို့ကို ရိုက်ခတ်မှုရှိမရှိ စောင့်ကြည့်လျက်ရှိပါကြောင်း၊ ငွေကြေးပြတ်လပ်မှုကြုံတွေ့နေရသော လုပ်ငန်းများမှ ပိုင်ဆိုင်မှုများကို ပြန်လည်ရယူရန် အဆင်သင့်ဖြစ်နေပါကြောင်း၊ ယခုနှစ်တွင် ပိုင်ဆိုင်မှုရယူခြင်းအတွက် ဘတ်ငွေ ၂၀ ဘီလီယံပြင်ဆင်ထားပါကြောင်း BCPG ၏ ဥက္ကဋ္ဌဖြစ်သူ Niwat Adirek က ပြောကြားပါသည်။

ဘတ်ဂျက်သည် BCPG စီမံကိန်းအသစ်အတွက် ဖယ်ထားသော စုစုပေါင်း ငွေလုံးငွေရင်းအသုံးစရိတ်၏ ၇၇ ရာခိုင်နှုန်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံတွင် BCPG သည် လေစွမ်းအင် (၁,၅၀၀ မီဂါဝက်ဒ်)၊ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံများ (၂,၃၆၈ မီဂါဝပ်ဒ်)၊ စွမ်းအင်သိုလောင်သည့် စနစ်ပါဝင်သည့် မြေပြင်နေရောင်ခြည်စွမ်းအင်သုံးစက်ရုံများ (၁,၀၀၀ မီဂါဝပ်ဒ်) နှင့် ဇီဝဓာတ်ငွေ့ (၃၅၅ မီဂါဝပ်ဒ်) တို့ ဖွံ့ဖြိုးမှုကိုမြှင့်တင်ပေးသည့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ၅.၂ ဂစ်ဂါဝပ်ဒ် လုပ်ငန်းစဉ်အောက်မှ စွမ်းအင်ထုတ်လုပ်သည့် စီမံချက်များ၏ လေလံပွဲတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

စီမံချက်ကို စောင့်ကြည့်နေသော စွမ်းအင်ထိန်းချုပ်ရေးကော်မရှင်က အရည်အချင်းပြည့်မီသောကုမ္ပဏီများကို ရွေးချယ်လျက်ရှိပြီး ဧပြီလအစောပိုင်းတွင် လေလံအောင်မြင်သူကို ကြေငြာပေးသွားမည်ဖြစ်သည်။ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အတွက် အစိုးရ၏ ဆယ်စုနှစ်နှစ်ခုအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် အသုံးပြုသောလောင်စာ ၅၀ရာခိုင်နှုန်း ကို ၂၀၂၂ ခုနှစ်တွင် ၁၂ရာခိုင်နှုန်းမှ တိုးမြှင့်သွားမည့် ရည်မှန်းချက်ကို ထုတ်ပြန်ကြေညာခဲ့ပါသည်။  
ယခုနှစ်တွင် BCPG သည် ဂျပန်နိုင်ငံ Chiba ရှိ နေရောင်ခြည်စွမ်းအင်သုံးစက်ရုံနှစ်ရုံအပါအဝင် ၎င်း၏ပိုက်လိုင်းတွင်ပရောဂျက်များကို အကောင်အထည်ဖော်ရန် စီစဉ်လျက်ရှိပါသည်။ BCPGသည် စီမံချက်၏ပထမပိုင်းအဖြစ် ၆၀၀ မီဂါဝပ်ဒ် Monsoon Wind Power စီမံချက်ကို လာအိုနိုင်ငံတောင်ပိုင်းတွင် စတင်သွားရန်စီစဉ်လျက်ရှိပါသည်။ အဆိုပါစီမံချက်သည် အာဆီယံတွင် အကြီးဆုံး နယ်စပ်ဖြတ်ကျော်လေစွမ်းအင်စီမံချက်ကြီးဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင်စတင်လည်ပတ်ရန်မျှော်မှန်းထားပါသည်။ ဖိလစ်ပိုင်ရှိ Vasai Islandတွင် ၁၃.၂ မီဂါဝပ်ဒ် Nabas 2 လေစွမ်းအင်စီမံချက်ကို စတင်တည်ဆောက်သွားရန် ကုမ္ပဏီအနေဖြင့် စီစဉ်လျက်ရှိပြီး ၂၀၂၅ ခုနှစ်တွင် စတင်လည်ပတ်ရန်လျာထားပါသည်။

 


(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Source: www.bangkok.com

Category: Thailand