Thailand

ထိုင်းနိုင်ငံ၏ အရှေ့ဘက်ပင်လယ်ပြင်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ပြေးစီမံချက် တစ်ခုဖြစ်သည့် Eastern Economic Corridor (EEC)တွင် ရင်းနှီးမြှုပ်နှံသူ အဖြစ် အီတလီနိုင်ငံကို အာရုံစိုက်

Last Updated:
ထိုင်းနိုင်ငံသည် ၎င်း၏ High-tech လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုအတွက် အီတလီနိုင်ငံမှ ရင်းနှီးမြှုပ်နှံသူများအား Eastern Economic Corridor (EEC)တွင် ရင်းနှီးမြှုပ်နှံစေလိုကြောင်း၊ ဧပြီ ၁၇-၁၈ ရက်နေ့များတွင် ရောမနှင့် Frosinone တို့၌ ကျင်းပပြုလုပ်ခဲ့သည့် Roadshow တွင် ထိုင်းအာဏာပိုင်များနှင့် ကုမ္ပဏီ ၃၀မှ ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ပါကြောင်း Eastern Economic Corridor (EEC) ရုံးမှ အထွေထွေအတွင်းရေးမှူး၏ ပြောကြားခဲ့ပါသည်။
အဆိုပါ တွေ့ဆုံမှုပြီးနောက် ကုမ္ပဏီများမှ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးမှု၊ smart city ဖွံ့ဖြိုးမှုအတွက် အသုံးပြုမည့် ဒီဂျစ်တယ်နည်းပညာ၊ လျှပ်စစ်ပစ္စည်းများ၊ logistics နှင့် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကဏ္ဍများတွင် စိတ်ဝင်စားမှုရှိပါကြောင်း၊ ECC ရှိ ရင်းနှီးမြှုပ်နှံမှု အလားအလာများနှင့်စပ်လျဉ်း၍ ECC၊ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ (Board of Investment –BoI)၊ ဝန်ကြီးဌာနများပါဝင်၍ ကုမ္ပဏီများနှင့်ဆွေးနွေးခဲ့ပါကြောင်း၎င်းကဆိုပါသည်။
ECC သည် မော်တော်ကားမျိုးဆက်သစ်များထုတ်လုပ်ခြင်းနှင့် စမတ်လျှပ်စစ်ပစ္စည်းများ အပါအဝင် ပစ်မှတ်ထားသော S-curve လုပ်ငန်း ၁၂ ခု ဆောင်ရွက်နေသည့် Chon Buri၊ Rayong နှင့် Chachoengsao စသည့်ဧရိယာများကို လွှမ်းခြုံပါကြောင်း၊ အစိုးရအနေဖြင့် ထိုင်းနိုင်ငံကို High-tech စက်မှုဗဟိုချက်အဖြစ်ဆောင်ရွက်သွားလိုကြောင်း၊ အာကာသယာဉ်၊ ကာကွယ်ရေးနှင့် လုံခြုံရေးကဏ္ဍများတွင် အသုံးပြုသည့် multi-domain operating system ကျွမ်းကျင်သူ Leonardo S.p.A နှင့် တွေ့ဆုံခဲ့ပြီး smart city နှင့် Rayong တွင်တည်ထောင်သွားရန် စီစဉ်ထားသည့် U-tapao လေဆိပ်မြို့တော်ရှိ လေဆိပ်စီမံခန့်ခွဲမှု စနစ်တို့တွင်ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်ခဲ့ပါကြောင်း ပြောကြားချက်အရသိရှိရပါသည်။
ဒီဂျစ်တယ် နည်းပညာနှင့် Data Analysis ကို အဓိကထားသည့် Industry 4.0 နှင့် စပ်လျဉ်း၍ ABB SACE S.p.Aနှင့်လည်း ကောင်း၊ ဆေးဝါးထုတ်လုပ်သူ Biomedica Foscama S.p.A နှင့်လည်းကောင်း ဆွေးနွေးခဲ့ပါကြောင်း၊ High-tech များတွင် ရင်းနှီးမြှုပ်နှံခြင်းသည် အာဆီယံတွင် ထိုင်းနိုင်ငံသည် ဆေးဝါးအချက်အချာကျသော ‌နိုင်ငံဖြစ်လာစေရန် လမ်းခင်းပေးနိုင်ကြောင်း ဖြည့်စွက်ပြောကြားပါသည်။
အီတလီနိုင်ငံသည် ထိုင်းနိုင်ငံ၏ အဆင့် ၄ ရှိသော ကုန်သွယ်ဖက်နိုင်ငံ  ဖြစ်ပြီး ဂျာမနီသည် ပထမ၊ ဆွစ်ဇာလန် ဒုတိယနှင့် နယ်သာလန် တတိယဖြစ်ပါကြောင်း၊ ထို့ပြင် ECC  အတွက် အလားအလာကောင်းသော ရင်းနှီးမြှုပ်နှံသူဖြစ်နိုင်ကြောင်း Mr. Chula က ဆိုပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)
Source: www.bangkok.com
Category: Thailand