Korea

တောင်ကိုရီးယားနိုင်ငံ၏ Hana Bank က မြန်မာနိုင်ငံရှိ မိုခါမုန်တိုင်းသင့် ကလေးများအတွက် ကျောင်းသုံးပစ္စည်းများ လှုဒါန်းခဲ့

Last Updated:

တောင်ကိုရီးယားနိုင်ငံရှိ ဘဏ်အုပ်စုတစ်ခုဖြစ်သည့် Hana Financial Group ပိုင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရုံးခွဲဖြစ်သည့် Hana Microfinance မှ အရာထမ်းများသည် မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့သို့ သွားရောက်၍   မိုခါမုန်တိုင်းသင့် ကလေးများအတွက် ကျောင်းသုံးပစ္စည်းများ လှုဒါန်းခဲ့သည်ဟု ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါသည်။

Hana Financial Group သည် ကလေးများအတွက် ခဲတံ၊ ဘောပင်၊ မှတ်စုစာအုပ်နှင့် ရေဗူးစသည့် ကျောင်းသုံးပစ္စည်းများအစုံပါဝင်သည့် အထုတ်ရေ ၅၀၀ ကို ပေးအပ်ခဲ့ပါကြောင်း၊ ဆက်လက်၍လည်း နိုင်ငံတကာအသိုင်းအဝိုင်း၏ တာဝန်ရှိအဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံမှ မိုခါမုန်တိုင်းသင့် ပြည်သူများအတွက် အထောက်အပံ့ပေးသွားဦးမည် ဖြစ်ပါကြောင်း Hana Financial Group ဒုတိယဥက္ကဋ္ဌ Mr. Lee Eun-hyung ကပြောကြားခဲ့ပါသည်။ Hana Financial Group သည် ကမ္ဘာအနှံ့မှ ကျေးလက်အသိုင်းအဝိုင်းများဖြင့် ပူးပေါင်း၍ သဘာဝပတ်ဝန်းကျင်၊ လူမှုရေးနှင့် ကုမ္ပဏီစီမံ အုပ်ချုပ်မှုစနစ် (Environmental, Social and Corporate Governance- ESG) တန်ဖိုးများကို ပိုမိုသိရှိလာစေရန် စည်းရုံးလှုံ့ဆော်မှုများ ဆောင်ရွက်သွားမည်ဟုလည်း   Mr. Lee Eun-hyung က ပြောကြားခဲ့ပါသည်။

Hana Financial Group သည် Hana Microfinance ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် ၂၀၁၃ ခုနှစ်တွင် စတင်ဖွင့်လှစ်၍ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုများကို မရရှိနိုင်သည့် ဝင်ငွေနည်း ပြည်သူများအတွက် ဘဏ်လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုများ စတင်ပေးခဲ့ပါသည်။ လက်ရှိတွင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ရုံးခွဲစုစုပေါင်း ၇၅ ခုဖွင့်လှစ်ပြီး  ဝန်ထမ်းပေါင်း ၁၄၀၀ ဝန်းကျင် ခန့်အပ်ထားရှိပါသည်။ မိုခါမုန်တိုင်းသင့် ကလေးများအတွက် ကျောင်းသုံးပစ္စည်းများဖြစ်သည့် စာရေးကိရိယာများအပြင် ကယ်ဆယ်ရေးရန်ပုံငွေတစ်ခု ထူထောင်ထားရှိပြီး မုန်တိုင်းသင့်ပြည်သူ ၅,၃၀၀ ကျော်ကို ထောက်ပံ့သွားမည်ဟု Hana Microfinance ကပြောကြားပါသည်။

 

Source: https://www.koreatimes.co.kr/www/biz/2023/06/602_353772.html

(စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: Korea