တောင်ကိုရီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုအရှိန်အဟုန် နှေးကွေးလာသည့်အပြင် ပြည်ပနိုင်ငံများတွင် ဖြစ်ပေါ်နေသည့်အခြေအနေများကြောင့် မသေချာမရေရာမှုများရှိနေသည့်အတွက် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အလေးထား၍ ဗဟိုဘဏ်က သတ်မှတ်ထားသည့် အတိုးနှုန်းကို ၂၈-၁၁-၂၀၂၄ ရက်နေ့တွင် ၀.၂၅ ရာခိုင်နှုန်း ထပ်မံလျှော့ချပေးခဲ့ပါသည်။ ပြည်တွင်းငွေကြေးဖောင်းပွနှုန်း တည်ငြိမ်လာသည့်အတွက် အတိုးနှုန်းလျှော့ချပေးရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟုလည်း The Korea Times ၏ ၂၈-၁၁-၂၀၂၄ ရက်နေ့ထုတ်သတင်းစာတွင် ဖော်ပြထားပါသည်။
တောင်ကိုရီးယားနိုင်ငံဗဟိုဘဏ်၏ ငွေကြေးမူဝါဒကော်မတီသည် ပြည်တွင်းအတိုးနှုန်းကို ၁၁-၁၀-၂၀၂၄ ရက်နေ့ မတိုင်မီကအထိ ၃.၅ ရာခိုင်နှုန်း သတ်မှတ်ထားခဲ့ပါသည်။ ၁၁-၁၀-၂၀၂၄ ရက်နေ့တွင် ပြည်တွင်းအတိုးနှုန်းကို ၀.၂၅ ရာခိုင်နှုန်း လျှော့ချပေးခဲ့ပြီး ဖြစ်ပါသည်။ ယခု တစ်ကြိမ် အတိုးနှုန်းကို ၀.၂၅ ရာခိုင်နှုန်း ထပ်မံလျှော့ချပေးလိုက်သည့်အတွက် လက်ရှိသတ်မှတ်အတိုးနှုန်း မှာ ၃ ရာခိုင်နှုန်း ဖြစ်ပါသည်။
Source: https://www.koreatimes.co.kr/www/biz/2024/11/488_387234.html
စီးပွားရေးသံမှူး၊ဆိုးလ်မြို့