Phillippines

ပြည်တွင်းသကြားဝယ်လိုအားကျဆင်းနေသဖြင့်အမေရိကန်နိုင်ငံသို့ တင်ပို့ခွင့်ရရှိရေးဖိလစ်ပိုင်သကြား လုပ်ငန်းအာဏာပိုင်မှ အမေရိကန်စိုက်ပျိုးရေးဌာနသို့ ညှိနှိုင်းအကြောင်းကြား

Last Updated:

ပြည်တွင်းသကြားဝယ်လိုအားကျဆင်းနေမှုနှင့် ပြည်တွင်းသကြားစက်ရုံထွက်သကြားဈေးနှုန်းအား မြှင့်တင်နိုင်ရန်အမေရိကန်သို့သကြားတင်ပို့ခွင့်ခွဲတမ်း(Raw Sugar Quota) ရရှိလိုကြောင်း ဖိလစ်ပိုင်သကြားလုပ်ငန်းအာဏာပိုင်အဖွဲ့ (Philippines Sugar Regulatory Administration - SRA) မှ အမေရိကန်စိုက်ပျိုးရေးဌာနသို့ ညှိနှိုင်းအကြောင်းကြားစာပေးပို့ထားပါကြောင်း၊ တစ်ချိန်တည်းမှာပင် အမေရိကန်စိုက်ပျိုးရေးဝန်ကြီးထံသို့လည်း သကြားတင်ပို့ခွင့်အားခွင့်ပြုနိုင်ရေး ပြန်လည်စဉ်းစားပေးစေလိုပါကြောင်း အဆိုပြုတင်ပြထားပါသည်။

ထို့ပြင် အမေရိကန်နိုင်ငံသို့ မိမိသဘောဆန္ဒအလျောက်သကြားတင်ပို့လိုသည့် သကြားစက်ရုံ ပိုင်ရှင်များနှင့် သကြားကုန်သည် ၆ ဦးမှ ၈ ဦးကြားတို့နှင့်လည်း တွေ့ဆုံဆွေးနွေး၍ သကြားတန်ချိန် ၃၀,၀၀၀ မက်ထရစ်တန်မှ ၆၀,၀၀၀ မက်ထရစ်တန်ကြားတင်ပို့နိုင်ကြောင်းSRA ၏ အမှုဆောင်အရာရှိ ချုပ်မှ ထုတ်ဖော်ပြောကြားခဲ့ပါသည်။

သို့ရာတွင် အမေရိကန်သို့တင်ပို့ရောင်းချဈေးနှုန်းသည် ပြည်တွင်းသကြားဈေးနှုန်းနှင့် နှိုင်းယှဉ်ပါကဈေးနိမ့်သဖြင့် ပြည်တွင်းကြံတောင်သူများအတွက် အရှုံးနှင့်ရင်ဆိုင်ရနိုင်သောကြောင့်  ၎င်းတို့မှာ အမေရိကန်သို့တင်ပို့ခွင့်ခွဲတမ်းအား ရယူလိုခြင်းမရှိပါကြောင်း၊ သို့ရာတွင် သကြားကုန်သည်များနှင့် သကြားတင်ပို့သူများမှ မိမိသဘောဆန္ဒအလျောက် (Volunteer)  ပေးပို့ရမည်ဖြစ်သဖြင့် ကြံတောင်သူများအပေါ် သက်ရောက်မှုမရှိနိုင်ကြောင်း ဖော်ပြထားပါသည်။

ပြည်တွင်းသကြားဈေးကွက်အတွင်းမှ Grade B သကြားအမျိုးအစားအား Grade A သို့မဟုတ် Raw Sugar အဖြစ်ပြောင်းလဲပြီး အမေရိကန်ဈေးကွက်သို့ တင်ပို့သွားမည်ဖြစ်ပါကြောင်း၊ အမေရိကန် စိုက်ပျိုးရေးဌာနမှ တင်ပို့ခွင့်ခွဲတမ်းအပေါ် သဘောထားအား စောင့်ဆိုင်းလျက်ရှိပြီး ခွဲတမ်းရရှိပါက တင်ပို့သွားနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပြည်တွင်းသကြားလက်ကျန် (Raw Sugar Stock) အား ပြန်လည်ခွဲဝေသတ်မှတ်သည့်ပမာဏနှင့် အမေရိကန်သို့တင်ပို့မည့်ပမာဏတို့အား ဖော်ပြထားသည့် အမိန့်ကြော်ငြာစာအား SRA ဘုတ်အဖွဲ့မှ ထုတ်ပြန်သွားမည်ဖြစ်ပြီးလက်ရှိစီစဉ်နေဆဲအဆင့်တွင်သာရှိနေပါကြောင်း၊ လိုအပ်သည်များဆွေးနွေး ညှိနှိုင်းလျက်ရှိပြီး ဘုတ်အဖွဲ့၏ဆုံးဖြတ်ချက်ရရှိပါက အမိန့်ကြော်ငြာစာအား အတည်ပြုထုတ်ပြန်သွားမည်ဖြစ်ပါသည်။

အမေရိကန်အနေဖြင့် သကြားလုပ်ငန်းကဏ္ဍတွင် ဖိလစ်ပိုင်နိုင်ငံ၏ကုန်သွယ်ဖက်နိုင်ငံမဟုတ်သော်လည်း အမေရိကန်သို့ Raw Sugar တင်ပို့ခြင်းအတွက် နှစ်စဉ် Tariff-rate Quota ရရှိထားသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါကြောင်း၊အဆိုပါအစီအစဉ်အရဖိလစ်ပိုင်မှသကြားတင်ပို့သူများအနေဖြင့်အခွန်နှုန်း  သက်သာခွင့်ရရှိနိုင်သည့် အကျိုးကျေးဇူးရရှိနိုင်မည်ဖြစ်ပါသည်။

(၁-၁၀-၂၀၂၃ မှ ၃၀-၉-၂၀၂၄ ထိ) ၂၀၂၄ ဘဏ္ဍာနှစ်အတွက် ဖိလစ်ပိုင်နိုင်ငံမှ သကြားတင်ပို့ခွင့် ခွဲတမ်းတတိယအများဆုံးအဖြစ် သကြားတန်ချိန် ၁၄၅,၂၃၅ မက်ထရစ်တန်ရရှိထားခဲ့ပါသည်။ သို့သော် အမေရိကန်ကုန်သွယ်ရေးအရာရှိမှရရှိထားသည့်ခွဲတမ်းအားအသုံးမပြုသည့်နိုင်ငံများအတွက်ပြန်လည် ခွဲဝေသတ်မှတ်ခဲ့ခြင်းအား ဆောင်ရွက်ခဲ့ပါသည်။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း ပြည်တွင်းသကြားလိုအပ်ချက်အား ဦးစားပေးဆောင်ရွက်လျက်ရှိသဖြင့် အမေရိကန်နိုင်ငံသို့ သကြားတင်ပို့နိုင်ခြင်းမရှိခဲ့ပါကြောင်း၊၂၀၂၃-၂၀၂၄ သီးနှံရာသီဖြစ်သည့် ၁-၉-၂၀၂၃ မှစတင်၍ ပြည်တွင်း သကြားအထွက်နှုန်း(Raw Sugar Output)ခွဲဝေချထားပေးခြင်းအား ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။  

၃-၁၂-၂၀၂၃ ရက်စွဲပါ ကိန်းဂဏန်းအချက်အလက်များအရ ပြည်တွင်းသကြားဝယ်လိုအားမှာ တန်ချိန် ၄၆၀,၈၄၆ မက်ထရစ်တန်မှ ၃၅၄,၅၀၈ မက်ထရစ်တန် ဖြင့် ၂၃.၀၇% ကျဆင်းခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ပြည်တွင်းသကြားလက်ကျန်ပမာဏမှာ တန်ချိန် ၃၀၅,၆၉၈.၀၉ မက်ထရစ်တန် ရှိပြီး ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၂၁၇,၄၄၅.၄၈ မက်ထရစ်တန်ဖြစ်သဖြင့် ၄၁% ပိုမိုခဲ့ပါသည်။

 

 

Source; https://businessmirror.com.ph/2023/12/27/sra-seeks-sugar-quota-export-allocation-from-us-amid-drop-in-domestic-demand/

(စီးပွားရေးသံမှူး၊ မနီလာမြို့)

Category: Phillippines