Phillippines

တင်သွင်းထားသည့်ဆန်များ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ရောက်ရန်ရှိကြောင်း ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာန ပြောကြား

Last Updated:

တင်သွင်းထားသည့်ဆန်များစတင်ရောက်ရှိနေပြီဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအစောပိုင်း ကာလအထိဆက်လက်ရောက်ရှိရန်ခန့်မှန်းထားကြောင်၂၇-၁၂-၂၀၂၃ ရက်နေ့က ဖိလစ်ပိုင်စိုက်ပျိုးရေးဝန်ကြီးဌာနမှ ပြောကြားခဲ့ပါသည်။  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလနှင့်၂၀၂၄ခုနှစ်၊ ဇန်နဝါရီလအထိ ထိုင်ဝမ်နှင့်အိန္ဒိယတို့မှ တင်သွင်းထားသည့် ဆန်တန်ချိန် ၇၆,၀၀၀ မက်ထရစ်တန်ရောက်ရှိရန်ရှိကြောင်း စိုက်ပျိုးရေးဝန်ကြီးမှ ပြောကြားခဲ့ပါသည်။ ပုဂ္ဂလိကကဏ္ဍမှတင်သွင်းထားသည့်ဆန်တန်ချိန်မက်ထရစ်တန် ၅၀၀,၀၀၀နီးပါးခန့်သည်ဒီဇင်ဘာလနှင့်ဖေဖော်ဝါရီလအစောပိုင်းကာလအထိရောက်ရန်ရှိပြီး ဆန်တန်ချိန် ၁၀၀,၀၀၀ခန့်သည် ရောက်ရှိထားပြီးဖြစ်ကြောင်း အစီရင်ခံတင်ပြမှုအား လက်ခံရရှိထားပြီးဖြစ်သည်ဟု စိုက်ပျိုးရေးဝန်ကြီးမှပြောကြားထားပါသည်။ အဆိုပါဆန်တန်ချိန် ၁၀၀,၀၀၀ သည် တင်သွင်းရန်ခွင့်ပြုထားပြီးဖြစ်သည့် ဆန်တန်ချိန် ၄၉၅,၀၀၀ မက်ထရစ်တန်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပါသည်။

အယ်နီညို၏သက်ရောက်မှုကြောင့် ပြည်တွင်းဆန်ရိက္ခာဖူလုံစေရန် အစိုးရအနေဖြင့် ကြိုတင် အစီအမံများဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုင်ဝမ်မှလှူဒါန်းသည့် ဆန်အိတ်ပေါင်း ၄၀,၀၀၀ အနက် ပထမအသုတ်အနေဖြင့် ဆန်တန်ချိန် ၁၀၀၀ နှင့်ညီမျှသည့် ဆန်အိတ်ပေါင်း ၂၀,၀၀၀ အား ခရစ္စမတ် ကာလမတိုင်မီကဖြန့်ဝေထားပြီးဖြစ်ပါသည်။ ယခုလနောက်ဆုံးသတင်းပတ်နှင့် ရှေ့ဇန်နဝါရီလအစော ပိုင်းကာလအတွင်အိန္ဒိယမှတင်သွင်းထားသည့်ဆန်တန်ချိန် ၇၅,၀၀၀ မက်ထရစ်တန်လည်း ရောက်ရန် ရှိပါသည်။

၂၀၂၃ ခုနှစ်၊ ဇူလိုင်လကအိန္ဒိယမှ ၎င်းတို့၏ ပြည်တွင်းဆန်ဈေးနှုန်းတည်ငြိမ်စေရန် ဘာစမာတီ မဟုတ်သည့်ဆန်တင်ပို့မှုအား ကန့်သတ်လိုက်သော်လည်း အောက်တိုဘာလတွင် ဆန်တန်ချိန် ၁,၀၀၀,၀၀၀ မက်ထရစ်တန်အား နိုင်ငံ (၇) နိုင်ငံသို့ တင်ပို့သွားရန်ပြင်ဆင် အတည်ပြုခဲ့ပြီး အဆိုပါနိုင်ငံထဲတွင် ဖိလစ်ပိုင်နိုင်ငံပါဝင်ခဲ့ပါကြောင်း၊ တင်ပို့မှု၏ ၂၈% အား ခွဲတမ်းရရှိခဲ့ပါကြောင်း၊ အဆိုပါရရှိထားသည့်တန်ချိန်၂၉၅,၀၀၀တန်အနက်တန်ချိန်၇၅,၀၀၀ မက်ထရစ်တန်သည်လာမည့်သတင်းပတ် အတွင်းရောက်ရှိမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

တင်သွင်းမှုမှရောက်ရှိမည့်ဆန်နှင့်ပြည်တွင်းမှ ရိတ်သိမ်းရရှိထားသည့် ဆန်တန်ချိန်ပမာဏ စုစုပေါင်းသည် လာမည့် ၂၀၂၄ ခုနှစ်၊ မတ်လ နောက်ထပ်စပါးရိတ်သိမ်းမည့်ကာလအထိ ပို့လျှံမှုရှိပါကြောင်း စိုက်ပျိုးရေးဝန်ကြီးမှပြောကြားထားပါကြောင်း၊ ဖိလစ်ပိုင်နိုင်ငံ၏ ဆန်စားသုံးမှုသည် တစ်ရက်လျှင် ၃၆,၀၀၀ မက်ထရစ်တန်သို့မဟုတ်တစ်လလျှင်ဆန်တန်ချိန်၁.၀၈သန်းခန့်ရှိပါကြောင်း၊ ဖိလစ်ပိုင် ဗဟိုဘဏ်အနေဖြင့်လည်းငွေကြေးဖောင်းပွမှုနှုန်းအားသက်ရောက်မှုရှိနိုင်သည့်အတွက်ဆန်လက်ကျန် အခြေအနေအား အမြဲစောင့်ကြည့်လျက်ရှိပါသည်။

ထို့ပြင် ငွေကြေးဖောင်းပွမှုနှုန်းအား ထိန်းချုပ်နိုင်ရန် ဗဟိုဘဏ်မှ အတိုးနှုန်းအား ၂၀၂၂ ခုနှစ်မှ စတင်၍တဖြည်းဖြည်းမြင့်တက်စေခြင်းက စားသုံးသူများ၏ဝယ်နိုင်စွမ်းအားကိုကျဆင်းစေခဲ့ပြီး စီးပွားရေးတိုးတက်မှုနှုန်းအား နှောင့်နှေးစေခဲ့ပါသည်။

 

 

 

 

Source; https://mb.com.ph/2023/12/27/da-imported-rice-arriving-until-february-2024

(စီးပွားရေးသံမှူး၊မနီလာမြို့)

Category: Phillippines