Thailand

ထိုင်းနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်(Free Trade Agreement-FTA) အပေါ် ဆွေးနွေးမှုများကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ပြန်လည်စတင် သွားမည်ဖြစ်

Last Updated:

ထိုင်းနိုင်ငံနှင့် ဥရောပသမဂ္ဂတို့အကြား လွတ်လပ်သော ကုန်သွယ်ရေးသဘောတူစာချုပ်(Free Trade Agreement-FTA) အပေါ် ဆွေးနွေးမှုများကို ၂ နှစ်အတွင်း အပြီးသတ်ရန် ရည်ရွယ်၍ ဒုတိယ အကြိမ် ဆွေးနွေးမှုကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလကုန်ပိုင်းတွင် ဗန်ကောက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုများနှင့် ဝန်ဆောင်မှုများဆိုင်ရာ ဖြေလျှော့မှုများအပေါ် ဆွေးနွေးသွား မည် ဖြစ်ကြောင်း ကုန်သွယ်ရေးညှိနှိုင်းမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Chotima Iemsawasdikul က ပြောကြားခဲ့သည်။

ပထမအကြိမ်ကို ယခုနှစ် စက်တင်ဘာလတွင် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့၌ ကျင်းပခဲ့ပြီး အဆင့်မြင့်အရာရှိကြီးများနှင့် ကော်မတီခွဲ ၁၉ ခုမှ ကျွမ်းကျင်ပညာရှင်အဆင့်များ ပါဝင်တက်ရောက်ခဲ့ကြပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီးက ဥရောပသမဂ္ဂလွှတ်တော် အဖွဲ့ဝင်နှင့် အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးကော်မတီဥက္ကဋ္ဌ Bernd Lange နှင့် တွေ့ဆုံခဲ့ပြီး FTA မြန် မြန်အပြီးသတ်ရေးနှင့် အကောင်အထည်ဖော်နိုင်ရေးအတွက် အစည်းအဝေးတွင် ထောက်ခံပေးရန် မေတ္တာရပ်ခံခဲ့ကြောင်း သိရှိရပါသည်။

ဆွေးနွေးမှုသည် ကမ္ဘာနှင့်အဝှမ်း ဦးတည်နေသည့် အစိမ်းရောင်ကုန်သွယ်ရေး၊ ပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့သော သဘာဝရင်းမြစ်များနှင့်စပ်လျဉ်းသည့် အဓိက ကုန်သွယ်ရေးပြဿနာများအပေါ် အဓိကထားကြကြောင်း၊ ရာသီဥတုပြဿနာများဖြေရှင်းရေး၊ နိုင်ငံအားလုံးတာဝန်ခွဲဝေခြင်းဖြင့် ရေရှည်တည်တံ့သော ငါးမွေးမြူမှုမြှင့်တင်ရေးတို့ ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂလွှတ်တော်သည် ထိုင်း-ဥရောပ သမဂ္ဂ FTA အတွက် အရေးပါသောအခန်းကဏ္ဍတွင် ပါဝင်ပါကြောင်း ဝန်ကြီးက ပြောကြားခဲ့ပါသည်။

ဥရောပသမဂ္ဂသည် ထိုင်းနိုင်ငံ၏ အဆင့် ၄ ရှိသော ကုန်သွယ်မှုမိတ်ဖက်နိုင်ငံဖြစ်ပါကြောင်း၊ ဥရောပသမဂ္ဂသို့တင်ပို့မှု အမေရိကန်ဒေါ်လာ ၁၈.၂ ဘီလီယံနှင့် တင်သွင်းမှု အမေရိကန်ဒေါ်လာ ၁၆.၇ ဘီလီယံ ဖြစ်ကြောင်း၊ အဓိက ပို့ကုန်များမှာ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ၊ လေအေးပေးစက်များ၊ လက်ဝတ်ရတနာများ၊ အီလက်ထရောနစ်ဆားကစ်ပြားများနှင့် ရာဘာထုတ်ကုန်များ ဖြစ်ကြောင်း၊ တင်သွင်းကုန်များမှာ စက်ယန္တရားများနှင့် ဆက်စပ်ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာနှင့် ဆေးဝါးပစ္စည်း များ၊ လျှပ်စစ်ပစ္စည်းများနှင့် သိပ္ပံဆိုင်ရာ ဆေးပစ္စည်းများဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand