Thailand

၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ထိုင်းနိုင်ငံ၏ ပို့ကုန်သည် ၄ လဆက်တိုက် မြင့်တက်နေဆဲဖြစ်

Last Updated:

ထိုင်းနိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံများ၏ ဈေးကွက်များ တစ်သမတ်တည်းကောင်းမွန် လာသဖြင့် နိုဝင်ဘာလအတွင်း ၄ လဆက်တိုက် ပို့ကုန်မြင့်တက်နေကြောင်း၊ စိုက်ပျိုးရေး ထုတ်ကုန်များတွင် သိသိသာသာမြင့်တက်နေဆဲဖြစ်ကြောင်း၊ လျှပ်စစ်ပစ္စည်းများနှင့် စက်မှုထုတ်ကုန်များသည်လည်း ဆက်တိုက်တိုးတက်မှုရှိနေပါကြောင်း၊ နှစ်ကုန်ပွဲတော်များမတိုင်မီကြိုတင်ဝယ်ယူမှုများ၊ နိုင်ငံအများစုက ဝယ်လိုအားနှင့် ကိုက်ညီအောင် သွင်းကုန်များကို တိုးမြှင့်တင်သွင်းမှုများကြောင့် ဖြစ်ကြောင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၏ အမြဲတမ်းအတွင်းဝန် Mr. Keerati Rushchano က ပြောကြားခဲ့သည်။

နိုဝင်ဘာလအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၂၃.၅ ဘီလီယံနှင့် သွင်းကုန် အမေရိကန် ဒေါ်လာ ၂၅.၉ ဘီလီယံ ဖြစ်သဖြင့် ကုန်သွယ်မှုလိုငွေ ၂.၃၉ ဘီလီယံ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ စိုက်ပျိုးရေး နှင့် လယ်ယာ-စက်မှုထုတ်ကုန်များ (+) ၄.၉ ရာခိုင်နှုန်း၊ ဆန် (+) ၆၇.၉ ရာခိုင်နှုန်း၊ ရာဘာ (+) ၁၄.၅ ရာခိုင်နှုန်း၊ စည်သွပ်ဗူးနှင့် ပြုပြင်ပြီး ပင်လယ်စာများ (+) ၂.၅ ရာခိုင်နှုန်း၊ တိရစ္ဆာန်အစာများ (+) ၃.၃ ရာခိုင်နှုန်း၊ စည်သွပ်နှင့် ပြုပြင်ပြီး အသီးများ (+) ၅.၁ ရာခိုင်နှုန်း၊ စည်သွပ်နှင့် ပြုပြင်ပြီး ဟင်းသီးဟင်းရွက်များ (+) ၂၆.၆ ရာခိုင်နှုန်း၊ လတ်ဆတ်၊ အေးခဲနှင့် ဟင်းသီးဟင်းရွက်ခြောက်များ (+) ၂၉.၈ ရာခိုင်နှုန်းနှင့် အေးခဲပုစွန် (+) ၁၄၁ ရာခိုင်နှုန်း အသီးသီး မြင့်တက်ခဲ့ပါကြောင်း စီးပွား‌ရေး နှင့် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါသည်။

စက်မှုထုတ်ကုန်များတွင် ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ (+) ၁၀.၃ ရာခိုင်နှုန်း၊ စက်ယန္တရား နှင့် ဆက်စပ်ပစ္စည်းများ (+) ၁၅.၃ ရာခိုင်နှုန်း၊ သံ၊ သံမဏိ (+) ၄၂.၂ ရာခိုင်နှုန်း၊ ဖုန်းနှင့်ဆက်စပ် ပစ္စည်း များ (+) ၁၉.၄ ရာခိုင်နှုန်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ထရန်စစ္စတာနှင့် ဒိုင်အုတ်များ (+)  ၄၀.၅ ရာခိုင် နှုန်းနှင့် လျှပ်စစ်ထရန်စဖော်မာနှင့် ဆက်စပ်ပစ္စည်းများ (+) ၂၄.၈ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ ယခုနှစ် ၁၁ လပိုင်းအတွင်း ပို့ကုန် အမေရိကန်ဒေါ်လာ ၂၆၂ ဘီလီယံနှင့် သွင်းကုန် အမေရိကန်ဒေါ်လာ ၂၆၈ ဘီလီယံ ရှိသဖြင့် ကုန်သွယ်မှု လိုငွေ အမေရိကန်ဒေါ်လာ ၆.၁၆ ဘီလီယံ ဖြစ်ပေါ်ခဲ့ကြောင်း၊ အမေရိ ကန်၊ ဂျပန်နှင့် အရှေ့တောင်အာရှ အပါအဝင် အဓိက ဈေးကွက်များ ပြန်လည်ကောင်းမွန်လာခြင်းကြောင့် ဖြစ်ကြောင်း သိရှိရပါသည်။

ဒုတိယဈေးကွက်များဖြစ်သည့် တောင်အာရှ၊ ဩစတြေးလျ၊ ရုရှားနှင့် လွတ်လပ်သော ဓန သဟာယ နိုင်ငံများသို့ တင်ပို့ခဲ့မှုသည်လည်း မြင့်တက်ခဲ့ပါကြောင်း၊ ပင်လယ်နီအတွင်းHouthi များ၏ တိုက်ခိုက်မှုသည် ပို့ကုန်အပေါ် သက်ရောက်မှုမရှိပါကြောင်း၊ သက်ရောက်မှုရှိခဲ့ပါကလည်း ဇန်နဝါရီလတွင် တွေ့မြင်နိုင်မည်ဖြစ်ကြောင်း၊ သင်္ဘောလိုင်းကုမ္ပဏီများနှင့် အစည်းအဝေးကျင်းပပြီး အခြေအနေကို သုံးသပ်ရန်နှင့် ဈေးနှုန်းချိန်ညှိမှုများအတွက် ပူးပေါင်းအဖြေရှာသွားမည် ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်အတွက် ပို့ကုန်ခန့်မှန်းချက်သည် ၂ ရာခိုင်နှုန်းတိုးတက်နိုင်မည်ဖြစ်ကြောင်း Mr. Keerati က ဖြည့်စွက်ပြောကြားခဲ့သည်။

 

 

Source: www.bangkokpost. gov၊

(စီးပွားရေးသံမှူး၊ဗန်ကောက်မြို့)

Category: Thailand