Thailand

ထိုင်းနိုင်ငံအတွင်းသို့ တိရစ္ဆာန်အစာ တင်သွင်းမှု လုပ်ထုံးလုပ်နည်းများအပေါ် ထိုင်းနိုင်ငံ အစိုးရအဖွဲ့ အတည်ပြု

Last Updated:

ထိုင်းနိုင်ငံအတွင်းသို့ တင်သွင်းလာသော တိရစ္ဆာန်အစာများကို လာမည့်နှစ်တွင် ထုတ်လုပ်မှု များအပေါ် ထောက်ပံ့ပေးခြင်းနှင့်စပ်လျဉ်းသည့် မူဝါဒများအပေါ် အစိုးရအဖွဲ့က အတည်ပြုခဲ့ကြောင်း၊ တိရစ္ဆာန်အစာပြောင်း၊ ပဲပုတ်နှင့် ငါးတို့ဖြစ်ကြောင်း၊ တင်သွင်းခွင့်များကို ယခင် ၃ နှစ် ခွင့်ပြုပေးခဲ့ သော်လည်း နိုင်ငံတွင်း သင့်တင့်သော ဈေးနှုန်းများနှင့် ဝယ်ယူနိုင်ရေးအတွက်   ၁ နှစ်ချင်းစီသာ  ခွင့်ပြု သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၄-၂၀၂၆ အတွက် လက်ရှိ ခွင့်ပြုထားသော တင်သွင်းခွင့်များသည် ယခုနှစ် ဒီဇင်ဘာလတွင် သက်တမ်းကုန်ဆုံးရန် စီစဉ်ထားကြောင်း၊ ပြည်တွင်းဝယ်လိုအား ပြည့်မီစေရန်အတွက် ကုန်ကြမ်းများ ကို လုံလောက်သော ပမာဏဖြင့် စီမံခန့်ခွဲရန်နှင့် စိုက်ပျိုးရေးစနစ်ထဲရှိ လယ်သမားများနှင့် ပါဝင်သူအား လုံးကို ကာကွယ်ပေးနိုင်ရန် သင့်လျော်သော တင်သွင်းမူဝါဒများနှင့် အစီအမံများ ဆောင်ရွက်သွားရန် အစိုးရအဖွဲ့က ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Chai Wacharonke က ပြော ကြားခဲ့သည်။

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အရ တင်သွင်းလာသော ပဲပုတ်အပေါ် အရေအတွက်နှင့် ကာလကန့် သတ်ချက်များမရှိဘဲ တင်သွင်းခွန်ကို အကျုံးဝင်သော တင်သွင်းသူ ၁၁ ဦးအတွက် ၂ ရာခိုင်နှုန်းအတိုင်း ထားထားပါကြောင်း၊ တင်သွင်းသူအသစ်အဖြစ် လျှောက်ထားလိုပါက လိုအပ်ချက်နှင့် သင့်လျော်မှုများအရ အစားအစာမူဝါဒကော်မတီ ဥက္ကဋ္ဌ၏ ဆုံးဖြတ်ချက်အတိုင်း ဖြစ်ပါကြောင်း၊ သတ်မှတ်ခွဲတမ်း ထက်ကျော်လွန်ပါက အခွန်သည် ၁၁၉ ရာခိုင်နှုန်း ဖြစ်ကြောင်း၊ အာဆီယံလွတ်လပ်သော ကုန်သွယ်မှုဧရိယာနှင့် ထိုင်း-ဩစတြေးလျလွတ်လပ်သောကုန်သွယ်ရေး သဘောတူစာချုပ်များအရ လက်မှတ်ရေးထိုးထားသော ကုန်သွယ်ရေးမူဘောင်များအောက်မှ ဖြစ်ပါက အခွန် သုညရာခိုင်နှုန်းဖြစ်ကြောင်း၊ ကုန်သွယ်ရေးစာချုပ်များမရှိပါက အခွန် ၆ ရာခိုင်နှုန်းအပြင် ၁ တန်လျှင် ၂,၅၁၉ ဘတ် ကို အပိုထပ် ဆောင်းပေးဆောင်ရမည်ဖြစ်ကြောင်း Mr. Chai က ဆက်လက်ပြောကြားခဲ့သည်။

တင်သွင်းခွင့်အတွက် ၁ နှစ် သတ်မှတ်လိုက်သည့် အစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်သည် နိုင်ငံအတွင်း တိရစ္ဆာန်အစာ စိုက်ပျိုးထုတ်လုပ်မှုဧရိယာများ ချဲ့ထွင်ရန်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုသည် ပြည်တွင်းဝယ်လိုအားအတွက် လုံလောက်မှုမရှိကြောင်း၊ အာမခံချက်အတွက် အစာထုတ်လုပ်သူများက ပြည်တွင်းထုတ်ကုန်များအားလုံးကို သင့်တင့်သော ဈေးနှုန်းများဖြင့် ဝယ်ယူရန် သဘောတူညီချက်များကို လိုက်နာရမည်ဖြစ်ကြောင်း Mr. Chai က ဖြည့်စွက်ပြောကြားပါသည်။

ယခုနှစ်အတွင်း တိရစ္ဆာန်အစာပြောင်းကို ဝယ်လိုအား တန်ချိန် ၈.၃၅ သန်း ရှိသော်လည်း တန်ချိန် ၄.၉ သန်း၊ ပဲပုတ်ဝယ်လိုအား တန်ချိန် ၄.၂ သန်း ရှိသော်လည်း တန်ချိန် ၂ သန်း နှင့် ငါးအတွက် တန်ချိန် ၆၀၀,၀၀၀ ဝယ်လိုအားရှိသော်လည်း တန်ချိန် ၃၀၀,၀၀၀ အသီးသီး ထုတ်လုပ်ရန် ခန့်မှန်းထားကြောင်း သိရှိရပါသည်။

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: Thailand