USA

သမ္မတဂျိုးဘိုင်ဒင်အစိုးရ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် Workforce Hub စတင်ဖွင့်လှစ်

Last Updated:

သမ္မတဂျိုးဘိုင်ဒင်အစိုးရသည် အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင် WorkforceHub စတင်ဖွင့်လှစ်ကြောင်း သမ္မတအိမ်ဖြူတော် ဝက်ဘ်ဆိုက်တွင် ၂၅-၁-၂၀၂၄ ရက်နေ့၌ “Biden-Harris Administration Holds Workforce Hub Convening in Phoenix, Announces Commitments to Support Talent Pipeline into Good Jobs in Semiconductor Manufacturing” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ခဲ့ပါသည်။ 

အမေရိကန်နိုင်ငံ၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့တွင်ဖွင့်လှစ်မည့် Workforce Hub သည် သမ္မတဂျိုးဘိုင်ဒင်၏ ‘အမေရိကန်နိုင်ငံတွင်ရင်းနှီးမြှုပ်နှံမှု’ အစီအစဉ်အရ ဆောင်ရွက်မည့် Workforce Hub (၅) ခုအနက်တစ်ခုဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီးနောက် ၂၅-၁-၂၀၂၄ ရက်နေ့တွင် ဖီးနစ်မြို့ရှိ Workforce Hub ကို စတင်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမားများ တန်းတူညီမျှဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အစိုးရ-ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ခြင်းဖြင့် အလုပ်အကိုင်ကောင်းများ ဖန်တီးနိုင်ရန် ဆောင်ရွက်ခြင်းဖြစ်ပြီး ဤရင်းနှီးမြှုပ်နှံမှုများသည် သမ္မတဘိုင်ဒင်အစိုးရအနေဖြင့် စီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ချက်တစ်ရပ်ဖြစ်ပါကြောင်း၊ ၂၅-၁-၂၀၂၄ ရက်နေ့တွင် စတင်တည်ထောင်မည့် အစီအစဉ်များတွင် ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ (၅) သန်း ထည့်ဝင်လျက် Semiconductor technician Registered Apprenticeship Program အသစ်၊ စေတနာရှင်အဖွဲ့အစည်းများက အမေရိကန်ဒေါ်လာ (၅) သန်းထည့်ဝင်လျက် အရီဇိုးနားပြည်နယ်သား (၁,၅၀၀) ဦးအနေဖြင့် ကျွမ်းကျင်မှုလိုအပ်သော အလုပ်အကိုင်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည့် အစီအစဉ်၊ အလုပ်သမားသမဂ္ဂနှင့် ဒေသကောလိပ်များအကြား အလုပ်သင်နှင့် အသိအမှတ်ပြုလက်မှတ်ထုတ် ပေးရေးအစီအစဉ်များ ပါဝင်ပါကြောင်း၊ သမ္မတ ဂျိုးဘိုင်ဒင်အစိုးရစတင် တာဝန်ယူသည့် အချိန်မှစတင်၍ အရီဇိုးနားပြည်နယ်တွင် Semiconductor ၊ ဘတ္ထရီ ၊ လျှပ်စစ်မော်တော်ယာဉ်၊ သန့်စင်သောစွမ်းအင် နှင့် Biomanufacturing ကဏ္ဍများတွင် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ (၇၇) ဘီလီယံအထိ ဝင်ရောက်ခဲ့ကာ ဤကဏ္ဍများတွင် အလုပ်လုပ်ကိုင်နိုင်သည့် ကျွမ်းကျင်ဝန်ထမ်းများ လိုအပ်ချက်တိုးလာခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် သမ္မတဂျိုးဘိုင်ဒင် အစိုးရကအရီဇိုးနားပြည်နယ်၏ ကလေးသူငယ်စောင့်ရှောက်မှု၊ ပို့ဆောင်ရေးနှင့် Semiconductor– related Registered Apprenticeship အစီအစဉ်များအတွက် အမေရိကန်ဒေါ်လာ(၄)သန်း ရန်ပုံငွေထောက်ပံ့ပေးခဲ့ပါကြောင်း၊ အရီဇိုးနားပြည်နယ်၊ ဖီးနစ်မြို့ရှိ  Workforce Hub တွင် ပူးပေါင်းပါဝင်သည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းများမှာ Taiwan Semiconductor Manufacturing Company ၊ Arizona Community Foundation South Mountain Campus of the Maricopa Community College System and the Arizona Building Trade Council (AZBTC) ၊ Phoenix Union School District and the Western Maricopa Education Center နှင့် Arizona Commerce Authority တို့ပါဝင်ကြောင်း ဖော်ပြထားပါသည်။  

သမ္မတဂျိုးဘိုင်ဒင်အစိုးရ၏ Semiconductor ထုတ်လုပ်မှုကဏ္ဍတိုးတက်စေရန်နှင့် ယင်းကဏ္ဍ၌ ကျွမ်းကျင်အလုပ်သမားများ ပေါ်ပေါက်လာစေရန် ကြိုးပမ်းချက်တစ်ရပ်အဖြစ် ကျွမ်းကျင်အလုပ်သမားမွေးထုတ်ရန်နှင့် အလုပ်အကိုင်များရရှိစေရန် Workforce Hub များတည်ထောင်ခြင်းဖြစ်သလို Taiwan Semiconductor Manufacturing Company က ၎င်းတို့၏ အရီဇိုးနားပြည်နယ်ရှိ  Semiconductor ထုတ်လုပ်မှုလုပ်ငန်းများ နှောင့်နှေးလျက်ရှိပြီး တရုတ်နိုင်ငံမှ အလုပ်သမားများ ခေါ်ယူလုပ်ကိုင်လျက်ရှိသည်ဟု ၁၈-၁-၂၀၂၄ ရက်နေ့ သတင်းများ၌ ဖော်ပြခဲ့ပြီးနောက် သမ္မတဂျိုးဘိုင်အစိုးရ၏ ဆောင်ရွက်ချက်များဖြစ်ပါကြောင်း သုံးသပ်တွေ့ရှိရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်မြို့)

Category: USA