USA

အမေရိကန်နိုင်ငံ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း နှင့် လုပ်သားကဏ္ဍတို့တွင် သမ္မတဂျိုးဘိုင်ဒင် အစိုးရက အမေရိကန်ဒေါ်လာ (၅) ဘီလီယံရင်းနှီးမြှုပ်နှံ

Last Updated:

   အမေရိကန်နိုင်ငံ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်း (Research and Development – R&D)နှင့် လုပ်သားကဏ္ဍတို့တွင် သမ္မတဂျိုးဘိုင်ဒင်အစိုးရ အမေရိကန်ဒေါ်လာ (၅) ဘီလီယံ ရင်းနှီးမြှုပ်နှံ ကြောင်း သမ္မတအိမ်ဖြူတော် ဝက်ဘ်ဆိုက်တွင် ၉-၂-၂၀၂၄ ရက်နေ့၌ “FACT SHEET: Biden-Harris Administration Announces Over $5 Billion from the CHIPS and Science Act for Research, Development and Workforce” ခေါင်းစဉ်ဖြင့် ထုတ်ပြန်ချက်အရ သိရှိရပါသည်။ 

     အမေရိကန်နိုင်ငံ၏ Semiconductor ကဏ္ဍနှင့်ပတ်သက်သော သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းနှင့် လုပ်သားကဏ္ဍတွင် CHIPS and Science Act အရ အမေရိကန်ဒေါ်လာ (၅) ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊  အဆိုပါရင်းနှီးမြှုပ်နှံမှုသည် အမျိုးသားတစ်ပိုင်းလျှပ်ကူး နည်းပညာစင်တာ (National Semiconductor Technology Center - NSTC) အပါအဝင် သမ္မတဂျိုးဘိုင်ဒင် အစိုးရ၏ သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများတိုးတက်လာစေရန် ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံခြင်း ဖြစ်ကြောင်း၊ ဤရင်းနှီးမြှုပ်နှံမှုသည် Semiconductor ကဏ္ဍရှိ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးနယ်ပယ်တွင် အမေရိကန်နိုင်ငံအနေဖြင့် ဦးဆောင်နိုင်ရန်၊ နည်းပညာအသစ်များရောင်းချနိုင်ရန်၊ အမျိုးသားလုံခြုံရေး တိုးမြှင့်နိုင်ရန်နှင့် Semiconductor ထုတ်လုပ်မှုကဏ္ဍရှိ အလုပ်သမားများကို ပံ့ပိုးကူညီရန်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ Semiconductor များကို အမေရိကန်နိုင်ငံတွင် ထုတ်လုပ်ပြီး ခေတ်သစ်စီးပွားရေးနယ်ပယ် တွင် အရေးပါလာစေရန်ဖြစ်ပါကြောင်း၊ အမေရိကန်နိုင်ငံသည် ကမ္ဘာ့ Semiconductor ထုတ်လုပ်မှု၏ (၁၀) ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နိုင်ပြီး ၎င်းမှာ နည်းပညာမြင့်မားသည့် Chips များ မဟုတ်ပါကြောင်း၊ လွန်ခဲ့သောဆယ်စုနှစ်ခန့်က အမေရိကန်နိုင်ငံသည် နိုင်ငံ၏ပြည်တွင်း အသားတင်ထုတ်လုပ်မှုတန်ဖိုး၏ (၂) ရာခိုင်နှုန်းကို သုတေသနနှင့်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခဲ့ပါကြောင်း၊ ထို့ကြောင့် အမေရိကန်နိုင်ငံအနေဖြင့် GPS နှင့် Internet ကဲ့သို့သော နည်းပညာသစ်များကို တီထွင်ထုတ်လုပ်နိုင်ခဲ့ပါကြောင်း၊ ယခင်နှစ်များတွင် အမေရိကန်နိုင်ငံ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှုမှာ(၁) ရာခိုင်နှုန်းအောက်သို့ ကျဆင်းခဲ့ပါကြောင်း၊ သမ္မတဂျိုးဘိုင်ဒင်အစိုးရ လက်ထက်တွင် CHIPS and Science Act အရ Semiconductor ထုတ်လုပ်မှု၊ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးနှင့် လုပ်သားကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ခဲ့ပါကြောင်း၊ CHIP R&D Program အရ National Semiconductor Technology Center (NSTC) တည်ထောင်ခြင်း၊  National Advanced Packaging Manufacturing Program (NAPMP) ၊  CHIPS Metrology Program နှင့် CHIPS Manufacturing USA Institute စသည့် စီမံကိန်း (၄) ခုတွင် စုစုပေါင်းအမေရိကန်ဒေါ်လာ (၁၁) ဘီလီယံ ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ပါကြောင်း၊ ၉-၂-၂၀၂၄ ရက်နေ့တွင် အမေရိကန်သမ္မတအိမ်ဖြူတော်၌ အစိုးရအဆင့်မြင့်အရာရှိများ၊ ဆက်စပ်ကုမ္ပဏီများ၊ ပညာရှင်များ၊ အကြံပေးများ၊ ဖက်ဒရယ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ အလုပ်သမားများကို ဖိတ်ခေါ်၍ အမေရိကန်နိုင်ငံ၏ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းနှင့် လုပ်သား ကဏ္ဍနှင့်ပတ်သက်၍ ဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပြီး ထိုဆွေးနွေးပွဲတွင် သမ္မတဂျိုးဘိုင်ဒင်အစိုးရအနေဖြင့် အောက်ပါလုပ်ငန်း (၃) ခုကို ဆောင်ရွက်ရန် ထုတ်ပြန်ကြေညာခဲ့ပါသည် -

          (က)    National Semiconductor Technology Center တည်ထောင်ခြင်း၊

          (ခ)     Semiconductor နယ်ပယ်ရှိ လုပ်သားများတွင် ရင်းနှီးမြှုပ်နှံခြင်း နှင့်

          (ဂ)     အခြားအဓိကကျသည့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်း တို့ ဖြစ်ပါသည်။

 

 

 

 

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

Category: USA