Thailand

၆၉ ကြိမ်မြောက် ကျောက်မျက်ရတနာပြပွဲကို ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့တွင် ကျင်းပပြီးစီးခဲ့

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန (Department of International Trade Promotion (DITP)) မှ ကြီးမှူး၍ ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ the Queen Sirikit National Convention Center (QSNCC) တွင် ၆၉ ကြိမ်မြောက် ဗန်ကောက် လက်ဝတ်ရတနာပြပွဲ (၂၀၂၄) ကို ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၅ ရက်နေ့အထိ အောင်မြင်စွာကျင်းပပြီးစီးခဲ့ပါသည်။

ကုန်စည်ပြပွဲ၏ ပထမ (၃) ရက်ဖြစ်သည့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိတွင် ကုမ္ပဏီများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များနှင့် ကုန်သွယ်ရေး ကိုယ်စားလှယ်များ (Trade Missions) ကို ဝင်ရောက်ခွင့်ပြုပြီး ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့များတွင် အများပြည်သူများအားလာရောက် ကြည့်ရှုရန် ခွင့်ပြုထားကြောင်း သိရှိခဲ့ရပါသည်။

မြန်မာနိုင်ငံကိုယ်စားပြုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျောက်မျက်ကုမ္ပဏီ (၅) ခုမှ ပါဝင်ပြသခဲ့ပြီး နိုင်ငံတကာရှိ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာကုမ္ပဏီများမှ ပါဝင်ပြသခဲ့ရာ ပြခန်း ပေါင်း ၂၅၀၀ ကျော်ရှိကြောင်း၊ ကျောက်မျက်ရတနာ အမျိုးမျိုးနှင့် လက်ဝတ်ရတနာများအပြင် ကျောက်မျက်ရတနာစစ်ဆေးသည့် စက်ပစ္စည်းများနှင့် အရည်အသွေး စစ်ဆေးနိုင်စက်များ ပါဝင်ပြသခဲ့ကြောင်း၊ ၇၀ ကြိမ်မြောက် ဗန်ကောက် လက်ဝတ်ရတနာ ပြပွဲအတွက် ကြိုတင်စာရင်း ပေးသွင်းနိုင်ရန် စီစဉ်ထားကြောင်း စီးပွားရေးသံမှူး သွား‌ရောက်လေ့လာခဲ့မှုအရ သိရှိခဲ့ရပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

 

 

 

Category: Thailand