Thailand

ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးမြှင့်နိုင်ရေး အရှိန်မြှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ကတိပြုပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ တရုတ်နိုင်ငံ၊ ဟီနန်ပြည်နယ်သို့သွားရောက်သည့် ခရီးစဉ်တွင် တရုတ်အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံခြင်း နှင့် အာရပ်စော်ဘွားများ ပြည်ထောင်စုနှင့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်ဆိုင်ရာများကို ညှိနှိုင်းဆွေးနွေးသွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံ၏ ပို့ကုန်တိုးမြှင့်နိုင်ရေး အရှိန်မြှင့်တင်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ကတိပြုပြောကြားခဲ့သည်။

၂၀၂၃ ခုနှစ်က ထိုင်းနိုင်ငံ၏ ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၂၈၅ ဘီလီယံသို့ ကျဆင်းခဲ့ပြီး ယခုနှစ် ပထမ ၃ လပတ်အတွင်း ပို့ကုန်တိုးတက်မှုနှုန်းကို ၁.၉၉ ရာခိုင်နှုန်းသို့ ရောက်ရှိရန် မျှော်လင့်ထားပါကြောင်း၊ ဟီနန်ပြည်နယ်ခရီးစဉ်သည် ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရန်ဖြစ်ကြောင်း၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ အဘူဒါဘီတွင် ကျင်းပပြုလုပ်မည့် ၁၃ ကြိမ်မြောက် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ဝန်ကြီးများအဆင့် ညီလာခံသို့ ပါဝင်တက်ရောက်ပြီးနောက် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရန် FTA အပေါ် UAE နှင့် ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံ၏ စိုက်ပျိုးရေးထုတ်ကုန်များ၊ မော်တော်ယာဉ်များ၊ လျှပ်စစ်ပစ္စည်းများ၊ ကျောက်မျက်နှင့် လက်ဝတ်ရတနာများအတွက် ပို့ကုန်ဈေးကွက်သစ် ဖန်တီးရန် ရည်ရွယ်ပါကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံနှင့် UAE နိုင်ငံတို့အကြား FTA တည်ထောင်ခြင်းဖြင့် ဈေးကွက်ရရှိမှု၊ လွယ်ကူချောမွေ့မှု၊ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးများ ဖြေလျှော့ပေးမှုတို့ကြောင့် နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်လာနိုင်ပြီး ထိုင်းပို့ကုန်ကို အမေရိကန်ဒေါ်လာ ၁၉၀ သန်းမှ ၂၄၃ သန်းအကြား တိုးတက်နိုင်ကြောင်း၊ အစားအသောက်၊ အဝတ်အထည်၊ သစ်၊ ရာဘာ၊ ပလတ်စတစ်၊ လျှပ်စစ်၊ မော်တော်ကားစသည့် ကဏ္ဍများအပြင် ပို့ဆောင်ရေး၊ ဘဏ္ဍာရေးစသည့် ဝန်ဆောင်မှုကဏ္ဍများလည်း အကျိုးရှိစေနိုင်ကြောင်း လေ့လာထားချက်တွင် ဖော်ပြထားပါသည်။

 UAE သည် ထိုင်းနိုင်ငံ၏ ကမ္ဘာ့အဆင့် ၆ ရှိသော ကုန်သွယ်ရေးမိတ်ဖက် နိုင်ငံကြီးဖြစ်ပြီး အရှေ့ အလယ်ပိုင်းတွင် အဆင့် ၁ ဖြစ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံ ကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၁၉.၅ ဘီလီယံဖြစ်ကြောင်း သိရှိရပါသည်။

 ထိုင်းနိုင်ငံသည် နိုင်ငံ၏ စီးပွားရေးတိုးတက်ရာတွင် အရေးပါသည့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်နိုင်ရေးအတွက် အလားအလာရှိသော ကမ္ဘာ့ဒေသအသီးသီး ဝင်ပေါက်နိုင်ငံများနှင့် FTA ရေးထိုးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့) 

Category: Thailand