Thailand

ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ ဂျာမနီနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်အတွင်း လျှပ်စစ်မော်တော်ကား ထုတ်လုပ်မည့် ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ဆွေးနွေးသွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံ၊ ဝန်ကြီးချုပ် Mr. Srettha Thavisin ၏ ဂျာမနီနိုင်ငံသို့ မတ်လအတွင်း သွားရောက်မည့် ခရီးစဉ်တွင် လျှပ်စစ်မော်တော်ကား ထုတ်လုပ်မည့် ရင်းနှီးမြှုပ်နှံသူများကို တွေ့ဆုံဆွေးနွေးသွား မည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး Mr. Parnpree Bahiddha-Nukara က ပြောကြားခဲ့ပါသည်။

ဝန်ကြီးချုပ်ခရီးစဉ်အတွက် ကြိုတင်စီစဉ်ဆောင်ရွက်မှုအနေဖြင့် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးသည် ဂျာမနီနိုင်ငံသို့ သွားရောက်လျက်ရှိပြီး  ထိုင်းနိုင်ငံ၏ ကုန်းမြေချိတ်ဆက် မီဂါစီမံကိန်းအပါအဝင် တစ်ပိုင်းလျှပ်ကူးပစ္စည်း ရင်းနှီးမြှုပ်နှံမှုများ၊ သတင်းအချက်အလက်စင်တာနှင့် လျှပ်စစ်မော်တော်ကား ထုတ်လုပ်သူများကို စီမံကိန်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ပါကြောင်း၊  ဂျာမနီမော်တော်ကားထုတ်လုပ်သူများသည် အရေးကြီးသဖြင့် ၎င်းတို့ကို ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ခဲ့ကြောင်း ပြည်ထောင်စုဝန်ကြီးက ဖြည့်စွက်ပြောကြားခဲ့သည်။

ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့ (Organization for Economic Co-operation and Development –OECD) ၏ အဖွဲ့ဝင်နိုင်ငံအဖြစ် မှတ်ပုံတင်ရမည့် လုပ်ငန်းစဉ်မှာ အချိန် ၂ နှစ်ခန့်ကြာမြင့်နိုင်သဖြင့် အဖွဲ့ဝင်ဖြစ်လိုကြောင်း ဖော်ပြချက်ကို ဦးစွာဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လျှောက်ထားချက်ကို လက်ခံခဲ့ပါက ထိုင်းနိုင်ငံအတွက် ပတ်ဝန်းကျင်၊ ဘဏ္ဍာရေးနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် ကုန်သွယ်ရေးဆိုင်ရာ ညှိနှိုင်းမှုများတွင် စံနှုန်းထားများ ဖန်တီးပေးနိုင်မည့် ၃၈ နိုင်ငံမြောက် အဖွဲ့ဝင်နိုင်ငံဖြစ်လာနိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

ဒုတိယဝန်ကြီးချုပ်၏ ခရီးစဉ်တွင် ၂၀၁၉ ခုနှစ်ကတည်းက ပလပ်ပေါက်ထိုး ၂ မျိုးသုံးနှင့် လျှပ်စစ်မော်တော်ကားထုတ်လုပ်သည့် အမျိုးအစားတစ်ခုဖြစ်သည့် Mercedes-Benz သို့ သွားရောက် လေ့လာခဲ့ပြီး ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရာ၌ လိုအပ်သော အထောက်အပံ့များအတွက် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း၊ EV အတွက် အမှတ်တံဆိပ်ဆိုင်ရာ မဟာဗျူဟာနှင့် စဉ်ဆက်မပြတ်စေရေးအတွက် ဆောင်ရွက်မှုများအပေါ် စက်ရုံ၏ အကြီးတန်းအရာရှိဖြစ်သူ Mr. Michael Frieβ နှင့် တွေ့ဆုံ၍ အမြင်ချင်း ဖလှယ်ခဲ့ပါကြောင်း၊ သန့်ရှင်းသော စွမ်းအင်အသုံးချမှု၏ အရေးပါပုံကို သဘောတူညီခဲ့ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်က နိုင်ငံကို “Future Mobility Hub” အဖြစ် ပြောင်းလဲလိုကြောင်း၊ စွမ်းအင်သိုလှောင်သည့်စနစ်ထုတ်လုပ်သည့် ရင်းနှီးမြှုပ်နှံမှုကို အားပေးမည့် အစီအမံများအပေါ် EV မူဝါဒ ကော်မတီက သဘောတူညီခဲ့ပါကြောင်း၊ အဆိုပါ ရင်းနှီးမြှုပ်နှံမှုအတွက် အကျုံးဝင်သည့် ရင်းနှီး မြှုပ်နှံသူများနှင့် လုပ်ငန်းလည်ပတ်သူများက ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့ထံမှ ဘဏ္ဍာငွေရရှိနိုင်မည်ဖြစ်ကြောင်း၊ သဘောတူစာချုပ်အောက်မှ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို အစိုးရထံသို့ ၂၀၂၇ ခုနှစ်အထိ တင်ပြနိုင်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် လျှပ်စစ်မော်တော်ကား ရင်းနှီးမြှုပ်နှံမှုနှင့် သုံးစွဲမှုကို မြှင့်တင်ရန်အတွက် မက်လုံးပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထို့ပြင် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်နိုင်ရေးအတွက် သံတမန်နည်းလမ်းများ၊ စီးပွားရေးသံတမန်နည်းလမ်းများအပြင် OECD အဖွဲ့ ဝင်ဖြစ်နိုင်ရေးလည်း စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ပနိုင်ငံများသို့ သွားရောက်သည့် နိုင်ငံ အဆင့် ခရီးစဉ်များတွင် နိုင်ငံ၏ ဦးစားပေးစီမံကိန်းများနှင့် အချက်အလက်များကို ထည့်သွင်းဆွေးနွေးနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်ရပါသည်။

 

 

 

Source: www.bangkokpost.gov၊

(စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)  

Category: Thailand