Vietnam

ကွမ်နင်းပြည်နယ်၏ ခရီးသွားလုပ်ငန်းမှ ၀င်ငွေ ၁၀ ရာခိုင်နှုန်း တိုးတက်ရရှိ

Last Updated:

ကွမ်နင်းပြည်နယ်၏ ခရီးသွားကဏ္ဍသည် ယခုနှစ်တွင် ဝင်ငွေ ဗီယက်နမ်ဒေါင် ၁၀ ထရီလီယံ ရရှိခဲ့ပြီး ပြီးခဲသည့်နှစ်နှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။

ဒေသဆိုင်ရာ အာဏာပိုင်များ၏ အဆိုအရ ကွမ်နင်းပြည်နယ်သို့ လာရောက်လည်ပတ်သူ စုစုပေါင်း ၅.၃ သန်းကျော်ရှိပြီး တစ်နှစ်ထက်တစ်နှစ် ၁၁ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ကြောင်း သိရှိရပါသည်။

နိုင်ငံတကာခရီးသွား ဧည်သည့်များ လာရောက်လည်ပတ်မှုသည် သိသိသာသာတိုးမြင့်လာပြီး လာရောက်လည်ပတ်သူ ၆၁၆,၀၀၀ ထိရှိခဲ့ပြီး အများစုမှာအပျော်စီးသင်္ဘောများဖြင့် လာရောက် လည်ပတ်သူများဖြစ်ကြသည်။ ယခုနှစ်လာရောက်လည်ပတ်သူ အရေအတွက်သည် ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၃၁၀ ရာခိုင်နှုန်း တိုးတက်လာခဲ့သည်။Bahamas သင်္ဘော ၂စီးနှင့် Malta အပျော်စီးသင်္ဘော ၃ စီးသည် နိုင်ငံတကာခရီးသွားဧည့်သည် ၄၀၀၀ ခန့်ကို Halong City သို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။

မိုင်းကိုင်အပြည်ပြည်ဆိုင်ရာ နယ်စပ်ဂိတ်သည် ယခုနှစ် ပထမသုံးလအတွင်း အိမ်နီးချင်း တရုတ်နိုင်ငံမှ ခရီးသွားများ ဝင်ရောက်လာခဲ့ပြီး နေ့စဉ်ဝင်ရောက်မှု ပျမ်းမျှ ၁၀၀၀၀ နီးပါး ရှိကြောင်း သိရှိရပါသည်။

 

 

Source: The Saigon times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam