China (HongKong)

ကမ္ဘာလုံးဆိုင်ရာ ငွေရေးကြေးရေးဗဟိုချက်များတွင် ဟောင်ကောင်ဒေသ စတုတ္ထနေရာ၌ ဆက်လက်ရပ်တည်

Last Updated:

တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ၁၂၁ နေရာရှိသော ငွေရေးကြေးရေးဆိုင်ရာ ဗဟိုဌာနများအနက် ဟောင်ကောင်ဒေသသည် နံပါတ်လေးနေရာတွင် ရပ်တည်နေကြောင်း မကြာသေးမီက ထုတ်ပြန်လိုက်သည့် ဗြိတိန်အခြေစိုက် Z/Yen နှင့် ရှန်ကျန်းပြည်နယ်မှ China Development Institute တို့မှ ပူးပေါင်းထုတ်ဝေသည့်  Global Financial Centres Index (GFCI) တွင် ဖော်ပြထားကြောင်း rthk သတင်းဌာနမှ ၂၀၂၄ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့တွင်  “HK remains fourth in global financial hubs ranking” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

အဆင့်သတ်မှတ်ချက်တွင် နယူးယောက်မြို့မှာ နံပါတ်တစ်နေရာတွင် ဆက်လက်ရပ်တည်နေပြီး၊ လန်ဒန်နှင့် စင်ကာပူတို့မှာ ဒုတိယနှင့် တတိယနေရာတို့တွင် အသီးသီးရပ်တည်နေပါသည်။ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲမှုနှင့် finte၁ch  တို့၏ ခိုင်မာသည့် အဆင့်သတ်မှတ်ချက်များကြောင့် ဟောင်ကောင်ဒေသသည် စုစုပေါင်း အဆင့်သတ်မှတ်ချက် ၇၄၁ ဖြင့် အဆင့် ၄ နေရာတွင် ဆက်လက်ရပ်တည်နေကြောင်း GFCI တွင် ဖော်ပြထားပါသည်။ ထို့ပြင် ဟောင်ကောင်ဒေသနှင့် စင်ကာပူတို့သည် အခြားဒေသများနှင့် ယှဉ်ပြိုင်နိုင်မှုနှင့် ပတ်သက်၍ ၎င်းတို့၏ အနာဂတ် အလားအလားအပေါ် ယုံကြည်မှုအရှိဆုံးဖြစ်နေသည်ဟု Z/Yen မှ ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

ငွေရေးကြေးရေး ကဏ္ဍမှဖြေဆိုသူ ၈၄၉၄ ဦး အကဲဖြတ်ချက် ၄၈,၃၆၅ ခု အသုံးပြု၍ အကဲဖြတ်ခဲ့ခြင်းဖြစ်ပြီး၊ ကမ္ဘာ့ဘဏ်၊ the Economist Intelligence Unit၊ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD)၊ ကုလသမဂ္ဂနှင့် အခြားအဖွဲ့အစည်းများမှ အချက် အလက်များကို အသုံးပြု အကဲဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသသည် တစ်နိုင်ငံ စနစ်နှစ်မျိုး  ကျင့်သုံးမှုနှင့် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာနှင့်အညီ ဆောင်ရွက်မှုကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကြောင်း၊ ထို့ပြင် ဟောင်ကောင်ဒေသအနေဖြင့် ဈေးကွက်ဖွင့်လှစ်ထားရှိမှုနှင့် တရုတ်ပြည်မနှင့် ကမ္ဘာတစ်ဝှမ်းကို ချိတ်ဆက်ပေးသည့် တံခါးပေါက်အဖြစ် ဆက်လက်ရှိနေမည်ဖြစ်ကြောင်း၊ ထိုသို့လုပ်ဆောင်နိုင်ရန်အတွက် ၂၀၂၄-၂၅ ဘတ်ဂျက်တွင် အစိုးရ၏ မူဝါဒဆိုင်ရာ ဆောင်ရွက်ချက်များ ကြေညာထားသည်ဟု အစိုးရပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း စသည်ဖြင့်ရေးသား ဖော်ပြထားပါသည်။

 

 

(စီးပွားရေးသံမှူး၊ ဟောင်ကောင်မြို့)

Category: China (HongKong)