Vietnam

ဗီယက်နမ်နိုင်ငံသည် တရုတ်နိုင်ငံသို့ အုန်းသီးနှင့် အေးခဲထားသော ဒူးရင်းများ တင်ပို့ရန်ပြင်ဆင်

Last Updated:

ဗီယက်နမ်နိုင်ငံမှ အာဏာပိုင်များနှင့် သက်ဆိုင်ရာအေဂျင်စီများသည် ဧပြီလ ၁ ရက်နေ့ မတိုင်မီ တရုတ်နိုင်ငံသို့ အုန်းသီးလတ်လတ်ဆတ်ဆတ်များနှင့် အေးခဲထားသော ဒူးရင်းသီးများကို တင်ပို့ရန် စိုက်ပျိုးဧရိယာစာရင်းနှင့် ထုပ်ပိုးပစ္စည်းများကို ပြင်ဆင်ရမည်ဖြစ်ကြောင်း သိရှိရပါ သည်။

ဗီယက်နမ်သည် အဆိုပါအုန်းသီးနှင့် ဒူးရင်းထွက်ကုန်များကို အိမ်နီးချင်းဈေးကွက်သို့ တရားဝင် တင်ပို့ခွင့်ပြုပြီးနောက် မကြာမီ တရုတ်နိုင်ငံသို့ တင်ပို့နိုင်သည်ဟု စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနမှ သိရှိရကြောင်း ဖော်ပြထားသည်။

တစ်ချိန်တည်းတွင် စိုက်ပျိုးရေးနှင့် အပင်ကာကွယ်ရေးဦးစီးဌာနသည် ဒေသဆိုင်ရာ စိုက်ပျိုးရေးနှင့် အပင်ကာကွယ်ရေးဌာနခွဲနှင့် ပူးပေါင်း၍ စိုက်ပျိုးဧရိယာများနှင့် ၎င်းထုတ်ကုန်များအတွက် ထုပ်ပိုးမှုဆိုင်ရာပစ္စည်းများကို ပြန်လည်သုံးသပ် အကဲဖြတ်မည်ဖြစ်သည်။

တင်သွင်းသည့်နိုင်ငံမှ သတ်မှတ်ထားသော အစားအစာဘေးကင်းရေးစည်းမျဉ်းများ၊ စံနှုန်းများကို လိုက်နာကြောင်း သေချာအောင်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သည်။

ဗီယက်နမ် ဒူးရင်းလတ်လတ်ဆတ်ဆတ်များကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှစတင်၍ တရုတ်နိုင်ငံသို့ တရားဝင် တင်ပို့ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် လတ်ဆတ်သောဒူးရင်း တင်ပို့မှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂.၃ ဘီလီယံခန့် စံချိန်တင်မြင့်မားခဲ့ကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်များအသင်း အထွေထွေအတွင်းရေးမှူး Đặng Phúc Nguyên က အေးခဲဒူးရင်းများကို တရုတ်နိုင်ငံသို့ တရားဝင်တင်ပို့ခွင့်ပြုပါက ဗီယက်နမ်ဒူးရင်း တင်ပို့မှု တန်ဖိုးသည် တစ်နှစ်ထက်တစ်နှစ် ၃၀ ရာခိုင်နှုန်း တိုးလာမည်ဟု မျှော်လင့်ကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဗီယက်နမ်၏ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် တင်ပို့မှုမှာ လတ်ဆတ်သော အုန်းသီးနှင့် အေးခဲထားသော ဒူးရင်းများကို တရုတ်နိုင်ငံသို့ တင်ပို့နိုင်ပါက အရှိန်အဟုန်ဖြင့် တိုးတက်လာမည်ဟု မျှော်လင့်ရကြောင်းဖော်ပြထားသည်။

 

 

Source: Vietnam Economy News

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam