China (Kunming)

တရုတ်-မြန်မာလမ်းကြောင်းသစ်ကို လှည့်လည်လျှောက်လှမ်းခြင်း (သို့မဟုတ်) စတုတ္ထအကြိမ်မြောက် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားကုန်သွယ်မှု ကုန်စည်ပြပွဲ ကျင်းပပြုလုပ်ခြင်း

Last Updated:

ယခုတစ်ကြိမ် စတုတ္ထအကြိမ်မြောက် မြန်မာ(နေပြည်တော်)-တရုတ်(လင်ချန်း) နယ်စပ်စီးပွား ကုန်သွယ်မှု ကုန်စည်ပြပွဲ ရည်မှန်းချက်သည် တရုတ်-မြန်မာနှစ်နိုင်ငံ အတူတကွတည်ဆောက် သည့် “the Belt and Raod”၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်နှင့် တရုတ်-မြန်မာအိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ်တို့တွင် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်ဝင်ရောက်ခြင်းများ ဆောင်ရွက်သွားရန်၊ တရုတ်-မြန်မာ အစဉ်အလာရှိ ပေါက်ဖော်ချစ်ကြည်ရေးနှင့် အပြန်အလှန် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရေးတို့ အဆက်မပြတ် ခိုင်မာနက်ရှိုင်းလာစေရန် ဖြစ်ပါသည်။

မြန်မာနိုင်ငံဘက်မှ နိုင်ငံတစ်ဝှမ်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ စီးပွားရေး လုပ်ငန်းများမှ ပါဝင်ပြသရန် စုစည်းဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီများနှင့် မြန်မာနိုင်ငံပေါက်ဖွား တရုတ်လူမျိုးခေါင်းဆောင်များနှင့် စီးပွားရေးလုပ်ငန်းရှင်များလည်း တက်ကြွစွာ အမည်စာရင်းပေးသွင်း ပါဝင်ကြပါသည်။ တရုတ်နိုင်ငံဘက်မှလည်း ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့စေလွှတ်ပြီး မြန်မာနိုင်ငံသို့ ပြပွဲတက်ရောက်စေမည်ဖြစ်ပြီး ၎င်းတို့ထဲတွင် ယူနန်၊ ရှန်းတုန်း၊ စီချွမ်၊ ချုံချင့်၊ ကွမ်ရှီး၊ ကျန်းစူး၊ ကွမ်တုန်း၊ ဟယ်နန် စသည့် ပြည်နယ်(မြို့)များမှ ကုမ္ပဏီ(၈၂)ခု၏ ကိုယ်စားလှယ်(၁၃၀)ကျော် ပါဝင်ပါသည်။ ပြသသွားမည့် ကုန်ပစ္စည်းများတွင် အစားအသောက်၊ နေ့စဉ်သုံးပစ္စည်း၊ အိမ်သုံးလျှပ်စစ်ပစ္စည်း၊ နေရောင်ခြည်စွမ်းအင်သုံးကုန်ပစ္စည်း၊ လျှပ်စစ်ကား၊ စက်မှုနှင့်လျှပ်စစ်ပစ္စည်းများ၊ မော်တော်ကားအပိုပစ္စည်း၊ မော်တော်ဆိုင်ကယ်နှင့် အပိုပစ္စည်း စသည့်အမျိုးအစား (၅၀၀)ကျော် ပါဝင်ပါသည်။

ယခုတစ်ကြိမ်ပြပွဲမှ ပြခန်းများကို တရုတ်ပြခန်းနှင့် မြန်မာပြခန်းဟု ခွဲခြားထားကာ တရုတ် ပြခန်းတွင် ပြခန်း(၁၀၀)ကျော်ရှိပြီး ပြခန်းအပိုင်း(၃)ပိုင်းပါဝင်သည်။ (၁) လင်ချန်းဘက်ပေါင်းစုံ ပုံရိပ်မြင်ကွင်းပြသသည့်ဧရိယာတွင် လင်ချန်းမှ တရုတ်-မြန်မာနှစ်နိုင်ငံ အတူတကွတည်ဆောက် သည့် “the Belt and Road”၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြန်တို့နှင့် ပတ်သက်၍ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပေါင်းစပ်ဝင်ရောက်ခြင်းများ ဆောင်ရွက်မှုများနှင့် မြန်မာနိုင်ငံနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုရလဒ်များ စုစည်းပြသထားပါသည်။ (၂) လင်ချန်းမှ ခရိုင် (ဒေသ)အသီးသီးတို့၏ ဒေသထွက် အထူးကုန်ပစ္စည်းများ အရောင်းမြှင့်တင်ခြင်း ဧရိယာဖြစ်ပါသည်။ (၃) လင်ချန်းမြို့ပြင်ပမှ တရုတ်ကုမ္ပဏီများ၏ အထူးဝိသေသကုန်ပစ္စည်း စုပေါင်းပြသသည့် ဧရိယာ ဖြစ်ပါသည်။

ပြပွဲကာလအတွင်း တရုတ်-မြန်မာ နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးခြင်း၊ ဖွင့်ပွဲအခမ်းအနား၊ ဧည့်သည်တော်များ ပြခန်းလှည့်လည်ကြည့်ရှုခြင်း၊ တရုတ်-မြန်မာအိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ် ရင်းနှီးမြှုပ်နှံမှုဖိတ်ခေါ်ခြင်းအခမ်းအနား၊ တရုတ်-မြန်မာကုမ္ပဏီများ ကုန်သွယ်မှုပူးပေါင်း ဆောင်ရွက်ရေးဆွေးနွေးမှုနှင့် လက်မှတ်ရေးထိုးပွဲအခမ်းအနား၊ အထူးဝိသေသကုန်ပစ္စည်းများ ပြသခြင်း၊ နှစ်နိုင်ငံအနုပညာဖျော်ဖြေမှုများ စသည့် များပြားစုံလင်သော အစီအစဉ်များစွာဖြင့် ကျင်းပသွားမည် ဖြစ်ပါသည်။

လင်ချန်းမြို့ကို လေ့လာခြင်း

လင်ချန်းသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် အနောက်တောင်ပိုင်းတွင် တည်ရှိပြီး လန်ချန်းမြစ် (မဲခေါင်မြစ်) အနီးတွင် တည်ရှိသဖြင့် ထိုအမည်တွင်ခဲ့ခြင်း ဖြစ်ပါသည်။ ဒေသ(၁)ခု၊ ခရိုင်(၇)ခုနှင့် ဖွဲ့စည်းထားရှိပြီး နယ်နိမိတ်ဧရိယာ စတုရန်းကီလိုမီတာ(၂၄၀၀၀)၊ လူဦးရေ (၂.၂၅)သန်း ရှိပါသည်။

လင်ချန်းသည် ဥတ္တရယဉ်စွန်းတန်းပေါ်ရှိ အစိမ်းရောင်ပုလဲလုံးတစ်လုံးဖြစ်ကာ သစ်တော ဖုံးလွှမ်းနှုန်း (၇၀.၂%) ရှိပါသည်။ တမူထူးခြားသော ဂေဟပတ်ဝန်းကျင်မှ သာလွန်ကောင်းမွန် သော လယ်ယာထွက်ပစ္စည်းများကို ဖြစ်ပေါ်လာစေပြီး လက်ဖက်၊ ကြံ၊ သစ်ကြားသီး၊ လင်ချန်း အခွံမာသီး၊ အသီးအရွက်၊ တရုတ်တိုင်းရင်းဆေးပင် စသည့် ကုန်းပြင်မြင့်ထူးခြားသော လယ်ယာ လုပ်ငန်း အခြေစိုက်စခန်း ဧက(၂၂)သန်း ပိုင်ဆိုင်ထားပါသည်။

လင်ချန်းနှင့် မြန်မာနိုင်ငံမြောက်ပိုင်းသည် ရေမြေချင်းဆက်စပ်နေပြီး နယ်စပ်မျဉ်းအရှည် ကီလိုမီတာ(၃၀၀)ရှိပါသည်။ မြန်မာနိုင်ငံသို့ ဆက်သွယ်ထားသည့် နယ်စပ်ဂိတ်(၃)ခု၊ နိုင်ငံတော်  အဆင့် နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဧရိယာ (၁)ခုရှိပါသည်။ မကြာသေးမီနှစ်များတွင် လင်ချန်းသည် ဒေသတည်နေရာ အားသားချက်ဖြင့် ယူနန်၏ တောင်အာရှ၊ အရှေ့တောင်အာရှ ကျယ်ကျယ်ပြန့်ပြန့် အကျိုးပြုစတင်တာ တည်ဆောက်ရေးအတွက် အားတစ်ခု ဖြစ်စေခဲ့ပါသည်။ ၂၀၂၁ ခုနှစ် ဩဂုတ်လတွင် မုန်တင့်-ချင်းရွှေဟယ်နယ်စပ်ဂိတ်မှ စတင်ကာ မြန်မာနိုင်ငံ လားရှိုး၊ မန္တလေးတို့အားဖြတ်သန်း၍ ရန်ကုန်မှတဆင့် အိန္ဒိယသမုဒ္ဒရာသို့ ဝင်ရောက်နိုင်သည့် တရုတ်-မြန်မာအိန္ဒိယသမုဒ္ဒရာ လမ်းကြောင်းသစ်အား ဖောက်လုပ်နိုင်ခဲ့သည်။ ထို့ကြောင့် မီးရထား-သမုဒ္ဒရာ ပူးတွဲပို့ဆောင်ခြင်း နိုင်ငံတကာရထားတွဲများအား အောင်မြင်စွာ ချိတ်ဆက်ပေးနိုင်ခဲ့ပြီး တရုတ်-ဥရောပ ရထားတွဲ၊ မန်ချူး-ရုရှားရထားတွဲနှင့် ယန်စီရွှေဝါရောင်ရေလမ်းကြောင်းတို့အား ဘက်ပေါင်းစုံမှ ဆက်စပ်ပေးနိုင်ခဲ့သဖြင့် မုန်တင့်-ချင်းရွှေဟယ်နယ်စပ်ဂိတ်မှ ရန်ကုန်ဆိပ်ကမ်း သို့ (၇၂)နာရီအတွင်း ကုန်းလမ်းဖြင့်ရောက်နိုင်ခြင်း၊ ချန်တူးသို့ (၇၂)နာရီအတွင်း ရထားလမ်းဖြင့် ရောက်ရှိနိုင်ခြင်းဆိုသည့် ကုန်စည်ပို့ဆောင်ရေးပုံစံ ဖြစ်ပေါ်လာစေမည် ဖြစ်ပါသည်။

၂၀၁၉ ခုနှစ် နိုဝင်ဘာလတွင် လင်ချန်းမြို့သည် မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ ရှမ်းပြည်နယ်အစိုးရတို့နှင့် လားရှိုးမြို့ တွင် ပထမဆုံးအကြိမ် မြန်မာ(လားရှိုး)-တရုတ်(လင်ချန်း) နယ်စပ်စီးပွားကုန်သွယ်ကုန်စည်ပြပွဲ အား ပူးတွဲကျင်းပခဲ့ပါသည်။ ဆက်လက်၍ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု ၂၀၂၁ ခုနှစ် ဩဂုတ်လ နှင့် ၂၀၂၂ ခုနှစ် အောက်တိုဘာလတို့တွင် အွန်လိုင်းနည်းလမ်းဖြင့် ဒုတိယအကြိမ်၊ တတိယ အကြိမ် နယ်စပ်ကုန်စည်ပြပွဲအား ကျင်းပနိုင်ခဲ့ပြီး အဆိုပါပြပွဲများ၌ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာ အပြန်အလှန် ဆက်ဆံရေးနှင့် အပြန်အလှန် အကျိုးရှိစွာ ပူးပေါင်းဆောင်ရွက်ရေးတို့၏ ပေါင်းကူးတံတားဖြစ်လာခဲ့ပြီး ပြည်တွင်းပြည်ပကိစ္စများတွင် ပိုမိုအကျိုးရှိသည့် သက်ရောက်မှုများ ဖြစ်ပေါ်ခဲ့ပါသည်။

အရင်းအမြစ်။ http://myanmar.yunnangateway.com/html/2023/news_0522/10913.html

စီးပွားရေးသံမှူး၊ ကူမင်းမြို့။

Category: China (Kunming)