China (Kunming)

တရုတ်-လာအို မီးရထားလမ်းကြောင့် ဒူးရင်းတစ်လုံးကို ယွမ် ၁၀၀ အောက်ဖြင့် ရရှိနိုင်

Last Updated:

"အသီးအနှံများ၏ဘုရင်" အနေဖြင့် ဒူးရင်းသည် တရုတ်နိုင်ငံ၏ သစ်သီးဈေးကွက်နှင့် စားသုံးသူများကြားတွင် ရေပန်းစားသော်လည်း ၎င်း၏ အားနည်းချက်မှာ စျေးအလွန်ကြီးသည်။ သို့သော်လည်း မေလကုန်တွင် အပူပိုင်းဒေသအသီးအနှံများ ရိတ်သိမ်းရာသီသို့ ရောက်ရှိလာသဖြင့် ဒူးရင်းသီး အမြောက်အမြား စျေးကွက်တွင် တဖြည်းဖြည်း ပေါများလာပြီး ပထမရောင်းချချိန်နှင့် နှိုင်းယှဉ်ပါက ဈေးနှုန်းများ ပိုမိုသက်သာလာပါသည်။

ဒူးရင်းတစ်လုံးလျှင် ယွမ် ၁၀၀ အောက်ဖြင့် ရောင်းချခြင်း

ဒူးရင်းသီးများကို ဧပြီလအစောပိုင်းတွင် တစ်ကီလိုလျှင် ယွမ် ၁၀၀ ခန့် ဈေးပေါက်ခဲ့သော် လည်း မေဒေးအားလပ်ရက်အပြီးတွင် သစ်သီးဆိုင်များနှင့် စူပါမားကတ်များ၌ တစ်ကီလိုလျှင် ယွမ် ၄၀ သို့ လျှော့ချရောင်းချခဲ့သည်။ ယခုအခါ ဒူးရင်းတစ်လုံးကို ယွမ် ၁၀၀ ဝန်းကျင်ဖြင့် ရရှိနိုင်ပြီဖြစ်သည်။

မေလမှ သြဂုတ်လအထိ ဒူးရင်းသီးများ မှည့်ချိန်နှင့်ရောင်းချမှု အထွတ်အထိပ်ကာလဖြစ် သဖြင့် ဒူးရင်းသီးအမြောက်အမြား ဈေးကွက်ထဲသို့ ဝင်ရောက်လာကာ အရည်အသွေးမြင့်မားပြီး ဈေးနှုန်းသက်သာသည့် အခြေအနေတတွင် ဆက်လက်ရှိနေဦးမည်ဟု မျှော်လင့်ရသည်။

တရုတ်-လာအို မီးရထားဖြင့် ထိုင်းဒူးရင်းတင်ပို့မှု အမြင့်မားဆုံးသို့ ရောက်ရှိ

ယခုနှစ်တွင် ဒူးရင်းများ ဘာကြောင့် ဈေးပေါတာလဲဟု မေးခွန်းထုတ်စရာ ဖြစ်နေပါသည်။ ထိုင်းနိုင်ငံကို လေ့လာကြည့်မည် ဆိုပါက ထိုင်းနိုင်ငံသည် ဒူးရင်း အမျိုးပေါင်း ၂၀၀ ကျော်ရှိပြီး ကမ္ဘာပေါ်တွင် အလတ်ဆတ်ဆုံး ဒူးရင်းများကို တင်ပို့သည့် နိုင်ငံဖြစ်သလို တရုတ်နိုင်ငံသို့ တင်သွင်းခွင့် ပြုထားသည့် သစ်သီးမျိုးကွဲ အများဆုံးနိုင်ငံလည်း ဖြစ်သည်။ လက်ရှိအချိန်သည် ထိုင်းနိုင်ငံတွင် ဒူးရင်းခူးဆွတ်ရောင်းချမှု အမြင့်ဆုံးရာသီဖြစ်ပြီး ထိုင်းဒူးရင်းအများစုကို တရုတ် နိုင်ငံတွင် ရောင်းချလျက်ရှိသည်။

ထိုင်းဒူးရင်းတင်ပို့သူများ၏ ပြောကြားချက်အရ ယခုနှစ်အတွင်း တရုတ်-လာအို မီးရထား လမ်းဖြင့် ထိုင်းဒူးရင်းသီးများကို တရုတ်နိုင်ငံသို့ ပို့ဆောင်ချိန်မှစပြီး တရုတ်နိုင်ငံသို့ ဒူးရင်း သယ်ယူရမည့် ကြာမြင့်ချိန်သည် အလွန်နည်းပါးသွားကြောင်း သိရှိရသည်။ ရေကြောင်းလမ်းဖြင့် ၇ ရက်ခန့် သွားလာရပြီး ကုန်းလမ်းဖြင့် ၅ ရက်ခန့် ကြာမြင့်ခဲ့သော်လည်း ယခုအခါ တရုတ်-လာအို မီးရထားမှ ဒူးရင်းများကို ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံ ကူမင်းသို့ ၃ ရက်အတွင်း ပို့ဆောင်နိုင်ပြီ ဖြစ် သည်။ ထိုင်းမီဒီယာများ၏ ဖော်ပြချက်အရ ထိုင်းနိုင်ငံမြေပုံတဖတ်မှ တရုတ်နိုင်ငံ ကွမ်ကျိုးသို့ ဒူးရင်းရထားသည် ထိုင်းနိုင်ငံမှ တရုတ်နိုင်ငံသို့ သစ်သီးများ သယ်ယူရာတွင် အလျင်မြန်ဆုံး စံချိန်ကို ချိုးဖျက်နိုင်ခဲ့ပြီး သယ်ယူပို့ဆောင်ရေးကာလအတွင်း ပျက်စီးနိုင်ခြေလည်း သိသိသာသာ လျော့ကျသွားခဲ့သည်။

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ စုစုပေါင်းဒူးရင်း တင်ပို့မှု၏ ၉၆ % ကျော်ရှိသည်။ တရုတ်-လာအို မီးရထား၏ အကူအညီဖြင့် ယခုနှစ် ၂၀၂၃ ခုနှစ်တွင် ထိုင်းဒူးရင်းတင်ပို့မှုမှာ အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိမည်ဟု မျှော်လင့်ရသည်။

တရုတ်-လာအို သစ်သီးရထားများမှ သစ်သီးတန်ချိန် ၁၀၀၀၀ ကျော် တင်သွင်းနိုင်ခဲ့

ဒူးရင်းသာမက မန်ကျည်း၊ လောင်ဂန်သီး၊ သရက်သီး စသည်တို့လည်း ရှိပါသည်။ အရှေ့ တောင်အာရှတွင် အသီးအနှံများ ရိတ်သိမ်းသည့်ရာသီသို့ ရောက်ရှိလာသဖြင့် ထိုင်း၊ လာအို၊ ဗီယက်နမ်၊ စင်္ကာပူ စသည့် အရှေ့တောင်အာရှနိုင်ငံများမှ အပူပိုင်းသစ်သီးများသည် အထွတ် အထိပ်သို့ ရောက်ရှိနေကြပါသည်။ ရာသီပေါ် ဒူးရင်း၊ ပိန္နဲသီး၊ သရက်သီး၊ လောင်ဂန်သီး နှင့် စပျစ်သီး ကဲ့သို့သော အပူပိုင်းဒေသသစ်သီးများ အများအပြားသည် ယခုနှစ် ဧပြီလမှစတင်၍ ဈေးကွက်တွင် စတင်ရောင်းချလာကြသည်။ တရုတ်-လာအို မီးရထားလမ်းမှတစ်ဆင့် တရုတ် နိုင်ငံသို့ သစ်သီးရထားများ နေ့စဉ်ပြေးဆွဲနေပြီး ကူမင်း၊ ချန်ဒူးနှင့် ကွမ်ကျိုးကဲ့သို့သော မြို့ကြီး များသို့ ဦးတည်လျက်ရှိသည်။ ယခုနှစ် မေဒေးအားလပ်ရက်များတွင် တရုတ်-လာအို မီးရထားမှ အပူပိုင်းသစ်သီးဝလံ တန်ချိန် ၁၁,၀၀၀ ကျော် တင်သွင်းခဲ့ပြီး တရုတ်နိုင်ငံ၏ “အသီးအနှံခြင်း တောင်း”ကို အလွန်ကြွယ်ဝစေသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှ တရုတ်-လာအို မီးရထားလမ်းကို တစ်နှစ်ပတ်လုံး စတင်လည်ပတ် ခဲ့ပြီး ယူနန်ပြည်နယ် မိုဟန်မီးရထားဘူတာကို သစ်သီးဝလံများ တင်သွင်းရန်အတွက် သတ်မှတ် ထားသော စစ်ဆေးရေးနယ်မြေအဖြစ် မိတ်ဆက်ခြင်းဖြင့် တရုတ်-လာအို မီးရထားလမ်းမှ အသီးအနှံ အားလုံးကို ရထားဖြင့် တရားဝင်တင်သွင်းဆောင်ရွက်လာနိုင်သည်။

ထိုင်းနိုင်ငံမှ ဒူးရင်းလတ်ဆတ်သော ဒူးရင်းများကို သီးသန့် အအေးခန်းရထားတွဲများဖြင့် ပို့ဆောင်ပေးလျက်ရှိပြီး အရှေ့တောင်အာရှမှ အပူပိုင်းသစ်သီးများ တရုတ်-လာအို မီးရထားလမ်း ဖြင့် ရောက်ရှိလာ၍ နိုင်ငံတကာသို့ ကုန်စည်ပို့ဆောင်ရေး ရထားများမှတစ်ဆင့် အပူပိုင်းသစ်သီး များကို ဆက်လက်ပို့ဆောင်လျက်ရှိသည်။ ကူမင်းတွင် ဒူးရင်းသီး၊ သရက်သီး၊ လောင်ဂန်သီး၊ စပျစ်သီးနှင့် အခြား အရှေ့တောင်အာရှ ဒေသထွက်သစ်သီးဝလံများနှင့်အတူ တင်သွင်းသည့် အပူပိုင်းဒေသ သစ်သီးဝလံများ ယခုနှစ် ဇွန်လကုန်အထိ ဆက်လက် ရောက်ရှိလာမည် ဖြစ်သည်။

အအေးခန်းရထားတွဲများသည် လတ်ဆတ်သော အပူပိုင်းဒေသသစ်သီးများကို မိမိတို့ ထမင်းစားပွဲဆီသို့ ယူဆောင်လာရန် ကူညီပေးလျက်သည်။ တိုတောင်းသော ထိန်းသိမ်းချိန်နှင့် တင်သွင်းသည့် အပူပိုင်းဒေသသစ်သီးဝလံများ သယ်ယူပို့ဆောင်ရန်အတွက် မြင့်မားလာသော လိုအပ်ချက်များကြောင့် China Railway Kunming Group Co., Ltd. နှင့် Mohan မီးရထား ဘူတာတို့ ပူးပေါင်း၍ သစ်သီးရထားများ၏ လုပ်ငန်းဆောင်ရွက်မှု လွယ်ကူချောမွေ့ရန်အတွက်  ကွန်သေတ္တာ (တင်/ချ)ကိုင်တွယ်မှုဆိုင်ရာ ၂၄ နာရီ မူဝါဒကို ချမှတ်ခဲ့သည်။ သစ်သီးရထားများ ဆိုက်ရောက်ပြီး မိနစ် ၉၀ အတွင်း သစ်သီးများ တင်ဆောင်ခြင်းဆောင်ရွက်နိုင်ပြီး တင်ဆောင်ပြီး မိနစ် ၉၀ အတွင်း ကွန်သေတ္တာအလွတ်များ ပြန်လည်ရရှိနိုင်စေရန် သစ်သီးရထားတွဲများ၏ လည်ပတ်မှုအား ထိရောက်မှုရှိစေရန်အတွက် ဆောင်ရွက်ထားခြင်းဖြစ်ပါသည်။

သုံးသပ်တင်ပြချက်

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်ခရီးစဉ်အတွင်း လင်းချန်းမြို့မှ ချင်းရွှေဟော်-လားရှိုး ရထားလမ်း ဖောက်လုပ်ရန်နှင့် တဲဟုန်တိုင်ပြည်နယ်ခွဲ၊ ရွှေလီ-မူဆယ်- လားရှိုး ရထားလမ်း ဖောက်လုပ်ရန် အတွက် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများ အကောင်အထည်ဖော် ပြီးစီးမည်ဆိုပါက ယူနန်-လာအို ရထားလမ်းကဲ့သို့ ယူနန်-မြန်မာ ရထားလမ်းဖြင့် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုသည်လည်း ယခုထက်ပိုမို ဖွံ့ဖြိုးလာပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုအားကောင်းလာမည်ဖြစ်ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

အရင်းအမြစ်။ https://ftztime.kunming.cn/c/2023-05-17/13703151.shtml

စီးပွားရေးသံမှူး၊ ကူမင်းမြို့။

Category: China (Kunming)