Vietnam

ဗီယက်နမ်နိုင်ငံသည် စင်ကာပူ၏ ပဥ္စမမြောက် အကြီးဆုံး ရေထွက်ပစ္စည်း တင်ပို့သူ ဖြစ်လာ

Last Updated:

ဗီယက်နမ်နိုင်ငံသည် စင်ကာပူနိုင်ငံသို့ ရေထွက်ပစ္စည်း တင်ပို့မှုတွင် သုံးလပတ် ဆက်တိုက် ပဥ္စမမြောက်နေရာတွင် ရပ်တည်လျက်ရှိကြောင်း ဗီယက်နမ်နိုင်ငံ ကုန်သွယ်ရေးရုံးမှ ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံ အာဏာပိုင်အဖွဲ့၏ စာရင်းအင်းများအရ ဇန်နဝါရီမှ စက်တင်ဘာလအတွင်း နိုင်ငံနှင့် နယ်မြေပေါင်း ၁၀၀ နီးပါးမှ ရေထွက်ကုန် စင်ကာပူဒေါ်လာ ၈၃၉.၁ သန်း (အမေရိကန် ဒေါ်လာ ၆၃၅.၂၅ သန်း) နီးပါး တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါကာလအတွင်း စင်ကာပူနိုင်ငံသို့ ရေထွက်ကုန်ပစ္စည်းများ တင်ပို့ရောင်းချသည့် နိုင်ငံများမှာ မလေးရှား (စျေးကွက်ဝေစု ၁၃.၄၂ ရာခိုင်နှုန်း)၊ အင်ဒိုနီးရှား (စျေးကွက်ဝေစု ၁၀.၉၈ ရာခိုင်နှုန်း)၊ နော်ဝေ (စျေးကွက်ဝေစု ၁၀.၃၄ ရာခိုင်နှုန်း)၊ တရုတ် (စျေးကွက်ဝေစု ၉.၈၁ ရာခိုင်နှုန်း)၊ ဗီယက်နမ် (စျေးကွက်ဝေစု ၉.၂၂ ရာခိုင်နှုန်း)နှင့် ဂျပန် (စျေးကွက်ဝေစု ၈.၄၂ ရာခိုင်နှုန်း) တို့ ဖြစ်ကြောင်း သိရှိရပါသည်။

စင်ကာပူနိုင်ငံရှိ ဗီယက်နမ်ကုန်သွယ်ရေးသံမှူး Cao Xuân Thắng က အထက်ပါ စာရင်းဇယားများသည် စင်ကာပူဈေးကွက်တွင် ဗီယက်နမ်ရေထွက်ကုန်များ၏ အရေးကြီးသော အနေအထားနှင့် အခန်းကဏ္ဍကို မြင်တွေ့ရမှာ ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 သို့သော်လည်း စျေးကွက်ဝေစုကို ရေရှည်တည်တံ့ခိုင်မြဲစေရန်၊ စင်ကာပူနိုင်ငံသို့ ရေထွက်ကုန်များ၏ အဆင့်သတ်မှတ်မှုနှင့် တင်ပို့မှုတန်ဖိုးကို တိုးမြှင့်ရန်အတွက် ဗီယက်နမ် အနေဖြင့် ထုတ်ကုန်အရည်အသွေးကို ဆက်လက်မြှင့်တင်ရန် လိုအပ်ကြောင်း ပြောကြား ခဲ့ပါသည်။

စင်ကာပူနိုင်ငံတွင် ငွေကြေးဖောင်းပွမှု မြင့်မားခြင်းနှင့် အသုံးစရိတ် တင်းကြပ်လာခြင်းတို့သည် ဗီယက်နမ် အပါအဝင် ပို့ကုန်လုပ်ငန်းရှင်များအတွက် အဓိကစိန်ခေါ်မှုများ ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။

စင်ကာပူနိုင်ငံသို့ ကုန်ပစ္စည်း တင်ပို့ရာတွင် ထောက်ပံ့ပို့ဆောင်မှု အားသာချက်နှင့် ကုန်ကျစရိတ်များကို လျှော့ချနိုင်ခြင်းသည့် ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်တင်ပို့ရာတွင် အားသာချက် များအဖြစ် ဖန်တီးနိုင်သည့် အချက်များဖြစ်ကြောင်း Thắng က ပြောကြားခဲ့သည်။

Source: Vietnam news

(စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ ဟနွိုင်းမြို့)

 

Category: Vietnam