Thailand

ထိုင်းနိုင်ငံ၌ စာတိုက်မှတစ်ဆင့် တင်သွင်းလာသော ကုန်စည်များအပေါ် Value-added Tax (VAT) ကောက်ခံမှုကို မေလအတွင်း ကောက်ခံသွားနိုင်ရေး အကောက်ခွန်ဦးစီးဌာနက ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံအတွင်းသို့ စာတိုက်ဝန်ဆောင်မှုများမှတစ်ဆင့် တင်သွင်းလာသည့် ကုန်စည်များအပေါ် ကုန်စည်တန်ဖိုးကို တွက်ချက်ခြင်းမပြုတော့ဘဲ Value-added Tax (VAT) ကောက်ခံမှုကို ယခုနှစ်မေလအတွင်း စတင်ကောက်ခံသွားမည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရှိရပါသည်။

လတ်တလောတွင် စာတိုက်ဝန်ဆောင်မှုများမှ တင်သွင်းလာသော ကုန်ပစ္စည်းများကို တင်သွင်းခွန်ကောက်ခံခြင်းမှ ကင်းလွတ်ပေးထားပြီး ပစ္စည်းတစ်ခုချင်းစီ၏ တန်ဖိုးသည် ဘတ် ၁,၅၀၀ အောက်နည်းသော Cost, Insuracne and Freight (CIF) ကို တင်သွင်းလာသူများက ကြေညာထားပါက VAT ကိုပါ ကင်းလွတ်ခွင့်ပေးထားပါကြောင်း၊ သို့သော်ဈေးနှုန်းနိမ့်သော တရုတ်ပစ္စည်းများ နိုင်ငံအတွင်းသို့ ပျံ့နှံ့ရောက်ရှိလာပြီး ပြည်တွင်းထုတ်လုပ်သူများ၏ အခွန်အပေါ်မမျှတမှုများ ဖြစ်ပေါ်လာခဲ့ပါကြောင်း၊ မျှတသော ကုန်သွယ်ရေးအလေ့အကျင့်ဖြစ်စေရန် တင်သွင်းခွန်ကို ကင်းလွတ်ခွင့်ပေးထားမည်ဖြစ်သော်လည်း VAT ကို ကောက်ခံရန် ဘဏ္ဍာရေးဝန်ကြီး ဌာနအနေဖြင့် စီစဉ်ထားပါကြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Mr. Lavaron Sangsnit က ပြောကြားခဲ့သည်။

အခွန်ကောက်ခံမည့် ကြေညာချက်ကို အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်သွားမည်ဖြစ်ပြီး ကင်းလွတ်ကုန်စည်များအတွက် သတ်မှတ်ချက် Threshold တွင် တားမြစ်ကုန်စည်များ မပါ ဝင်ပါကြောင်း၊ ထိုင်းနိုင်ငံ၏ Threshold သည် ပစ္စည်းတစ်ခုလျှင် ဘတ် ၁,၅၀၀ ဖြစ်ကြောင်း၊ နှစ်စဉ်နှစ်တိုင်း ထိုင်းနိုင်ငံသို့ ပါဆယ်အခုရေ ၃၀ သန်းကျော် တင်သွင်းလာလျက်ရှိပြီး CIF တန်ဖိုးသည် ဘတ် ၁,၅၀၀ မကျော်လွန်ပါကြောင်း၊ အွန်လိုင်းမှ ရောင်းချသည့် တရုတ်ပစ္စည်းများကို အတွင်း၌ အခုရေထောင်ပေါင်းများစွာပါသော ကွန်တိန်နာများဖြင့် သယ်ဆောင်လာပြီး တန်ဖိုးနည်းပါကြောင်း၊ အဆိုပါ ကွန်တိန်နာများကို တစ်ခုချင်းစီဖွင့်ဖောက်၍ အခွန်အတွက် တွက်ချက်မည်ဆိုပါက အခွန်ဝန်ထမ်းများအနေဖြင့် စိန်ခေါ်မှုနှင့် အချိန်များစွာလိုအပ်မည်ဖြစ်ကြောင်း၊ ယင်းသို့သော တန်ဖိုးနည်းသော ပစ္စည်းများအတွက် အခွန်ကောက်ခံမှုပုံစံကို အခွန်ဝန်ထမ်းများအနေဖြင့် စဉ်းစားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံမှ ဈေးနှုန်းနည်းပြီး အရေအတွက်များစွာ တင်သွင်းလာသည့် တရုတ်ပစ္စည်းများ နိုင်ငံအတွင်းသို့ ဝင်ရောက်ခြင်းကြောင့် ထိုင်းလုပ်ငန်းရှင်များအတွက် ထိခိုက်လျက်ရှိသောကြောင့် အဆိုပါပြဿနာကို ဖြေရှင်းရန် အစိုးရအနေဖြင့် အခွန်ကောက်ခံသွားနိုင်ရေး စီစဉ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand