China(Beijing)

တရုတ်-အီကွေဒေါ လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်သည် မေလ ၁ ရက်နေ့တွင် စတင်အသက်ဝင်မည်ဖြစ်

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အီကွေဒေါနိုင်ငံတို့ကြား လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက် (FTA) သည် မေလ ၁ ရက်တွင် စတင်အသက်ဝင်မည်ဖြစ်ပြီး နှစ်နိုင်ငံ ပြည်တွင်းခွင့်ပြုချက်လုပ်ငန်းစဉ်များ ပြီးစီးခဲ့ကြောင်း တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOC) ၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။

FTA အကောင်အထည်ဖော်ခြင်းဖြင့် နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အလား အလာများဖော်ဆောင်ခြင်း၊ နှစ်နိုင်ငံစီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဘက်စုံ အဆင့်မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများနှင့် ပြည်သူများအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် မေလတွင် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီချက်အရ တရုတ်နှင့် အီကွေဒေါနိုင်ငံတို့အကြား ကုန်သွယ်မှုပြုသည့် ကုန်ပစ္စည်းများ၏ ၉၀ ရာခိုင်နှုန်းခန့်သည် အခွန်ကင်းလွတ်ခွင့်ရမည်ဖြစ်ပြီး ၆၀ ရာခိုင်နှုန်းခန့်သည် zero tariffs ချက်ချင်းခံစားခွင့်ရရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source: China-Ecuador free trade agreement to take effect on May 1 (www.gov.cn)

(ဒေါ်သင်းသင်းအောင်၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ)   

Category: China(Beijing)