China (HongKong)

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေဖြင့် အငြင်းပွားမှုဖြေရှင်းသည့်စနစ်ကို ပြင်ဆင်သင့်ကြောင်း ဟောင်ကောင်ဒေသ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးပြောကြား

Last Updated:

ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အနေဖြင့် အငြင်းပွားမှုဖြေရှင်းသည့်စနစ်ကို အပြည့်အဝပြန်လည်လည်ပတ်စေရန် လုပ်ဆောင်သင့်သည်ဟု ဟောင်ကောင်ဒေသ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ပြောကြားခဲ့ကြောင်း ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့ထုတ် South China Morning Post သတင်းစာတွင် “Hong Kong commerce secretary tells trade meeting in US that WTO should repair dispute settlement system after Washington froze operations in retaliation for national security law” ခေါင်းစဉ်ဖြင့် ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသထုတ်ကုန်များကို တရုတ်နိုင်ငံထုတ်ကုန်များ “Made in China” အဖြစ် တံဆိပ်ကပ်နှိပ်စေခြင်းမှာ အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်းဖြစ်သည်ဟု ဆုံးဖြတ်ခဲ့ပြီးနောက် ၅ လအကြာတွင် အမေရိကန်နိုင်ငံ၌ပြုလုပ်သည့် ဝန်ကြီးအဆင့်အစည်းအဝေးတွင် ပြောကြားခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

လာမည့်နှစ်မှစတင်၍ အဖွဲ့ဝင်အားလုံးကို အကျိုးသက်ရောက်မှုရှိမည့် အငြင်းပွားမှုဖြေရှင်းရေးစနစ်တစ်ခု အပြည့်အဝပြန်လည် လည်ပတ်ဆောင်ရွက်နိုင်ရေးအတွက် အခြားအဖွဲ့ဝင်နိုင်ငံများနှင့်အပြု သဘောဖြင့် ထိရောက်မြန်ဆန်စွာ ဆောင်ရွက်သင့်ကြောင်းနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သည် အဖွဲ့ဝင်အားလုံး၏အကျိုးအတွက် လုပ်ဆောင်နေခြင်းဖြစ်သည်ကို ဖော်ပြသည့်အနေဖြင့် WTO ဆွေးနွေးမှုရလဒ်များကို မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်နိုင်မှုမှာ အရေးကြီးသည်ဟု ဟောင်ကောင်ဒေသကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး Algernon Yau Ying-wah က မေလ ၂၆ ရက်နေ့တွင် Detroit မြို့၌ ပြုလုပ်ခဲ့သည့် အာရှပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု (APEC) ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းရေးသားဖော်ပြထားပါသည်။ 

တရုတ်နိုင်ငံမှချမှတ်ခဲ့သည့် အမျိုးသားလုံခြုံရေးဥပဒေအပေါ် တုံ့ပြန်ချက်တစ်ရပ်အနေဖြင့် သမ္မတဒေါ်နယ်ထရမ့်လက်ထက် ၂၀၂၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သည့် အုပ်ချုပ်ရေးအမိန့်အရ ဟောင်ကောင်ဒေသ၌ ထုတ်လုပ်သည့်ကုန်ပစ္စည်းကို တရုတ်နိုင်ငံထုတ်ကုန်အဖြစ် တံဆိပ်ကပ်နှိပ်စေမှုအပေါ် နှစ်ဖက်အငြင်းပွားနေခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြထားပါသည်။

ဟောင်ကောင်ဒေသ ထုတ်ကုန်များကို ထုတ်ကုန်ဒေသတံဆိပ် ကပ်နှိပ်ခွင့်မပြုသည့်အတွက် ကုန်သွယ်မှုစည်းမျဉ်းချိုးဖောက်ကြောင်း WTO တရားသူကြီးအဖွဲ့မှ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် ဆုံးဖြတ်ခဲ့သော်လည်း အမေရိကန်နိုင်ငံအနေဖြင့် အဖွဲ့၏အမိန့်ကို ထိန်းသိမ်းထားခဲ့ကာ၊ ဇန်နဝါရီလတွင် အယူခံတင်သွင်းခဲ့ခြင်း၊ ၎င်းတို့၏ အယူခံအဖွဲ့တွင် တရားသူကြီးများခန့်ထားရေးကို တားမြစ်ခဲ့ခြင်းကြောင့် အငြင်းပွားမှုဖြေရှင်းရေးကို အတားအဆီးဖြစ်စေကြောင်း ရေးသားဖော်ပြထားပါသည်။

ဂျနီဗာတွင် တံဆိပ်ကပ်နှိပ်မှုဆိုင်ရာ အငြင်းပွားမှုနှင့်စပ်လျဉ်း၍ WTO အငြင်းပွားမှု ဖြေရှင်းရေးအဖွဲ့မှဆွေးနွေးပြီးနောက် အမေရိကန်မှ အယူခံတင်သွင်းမှုမှာ “အထက်စီးဆန်သည့် အပေါ်ယံ လုပ်ဆောင်ချက်” ဖြစ်ပြီး၊ ထိုသို့လုပ်ဆောင်ခြင်းကြောင့် ပြန်လည်သုံးသပ်ရေးအဖွဲ့ အားနည်းသွားစေခဲ့သည်ဟု ဟောင်ကောင်ဒေသအစိုးရမှ ပြောကြားခဲ့ကြောင်း ရေးသားဖော်ပြထားပါသည်။

အယူခံဝင်ခြင်း၏ ရလဒ်မည်သို့ပင်စေကာမူ ထုတ်လုပ်သည့်ဒေသတံဆိပ် ပြောင်းလဲလိုက်ခြင်းသည် ဟောင်ကောင်ဒေသ၏ စီးပွားရေးအပေါ် သိသိသာသာထိခိုက်မှုမရှိကြောင်း၊ ကုန်ထုတ်လုပ်သူအချို့က တရုတ်ထုတ်ကုန်ဟု တံဆိပ်တပ်ထားပြီး၊ ဟောင်ကောင်ဒီဇိုင်းဖြစ်ကြောင်း ဖော်ပြထားခြင်းဖြင့် ကုန်ပစ္စည်းအရည်အသွေးအတွက် စားသုံးသူများကို အာမခံထားကြောင်း၊ တရုတ်ထုတ်ကုန်အဖြစ် တံဆိပ်နှိပ်ထားသည့် ဟောင်ကောင်ထုတ်ကုန်များကို နှစ်နှစ်ခန့် မြင်တွေ့နေရပြီးဖြစ်သော်လည်း ကုန်ပစ္စည်းအရည်အသွေးကျဆင်းမှု မရှိသည်ကို စားသုံးသူများအနေဖြင့် သိရှိနေပြီးဖြစ်ကြောင်း ဟောင်ကောင်အသေးစား၊ အလတ်စားလုပ်ငန်းအဖွဲ့ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ ဖြစ်သူ Danny Lau Tat-pong က ပြောကြားခဲ့ကြောင်း စသည်ဖြင့် ရေးသားဖော်ပြထားပါသည်။

 

စီးပွားရေးသံမှူး၊ ဟောင်ကောင်

Category: China (HongKong)