Vietnam

ဗီယက်နမ်နိုင်ငံသည် နွေရာသီအပန်းဖြေခရီးသွားလိုသည့် ဥရောပခရီးသွားများအတွက် ရေပန်းစားသော နေရာတစ်ခုဖြစ်လာ

Last Updated:

ဗီယက်နမ်နိုင်ငံသည် အာရှ၏ ရေပန်းအစားဆုံး ခရီးစဉ်များတွင် တတိယနေရာသို့ ရောက်ရှိကြောင်း ဒစ်ဂျစ်တယ် ခရီးသွားပလပ်ဖောင်းပေါ်တွင် ရှာဖွေမှုအပေါ် အခြေခံမှုအရ သိရှိရပါ သည်။ Agoda April စာရင်းများအရ ဗီယက်နမ်သို့ လာရောက်လည်ပတ်ရန် ရှာဖွေမှု ၆၆ ရာခိုင်နှုန်း တိုးလာခဲ့ပြီးရှိကြောင်း သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံမှ Agoda ၏ဒါရိုက်တာ Vu Ngoc Lam ဖြစ်သူက နွေရာသီအားလပ်ရက် ခရီးစဉ်အဖြစ် ဗီယက်နမ်နိုင်ငံကို ရွေးချယ်လာကြသည့်အတွက် ရေပန်းအစားဆုံးနေရာဖြစ်လာကြောင်း၊ ပြီးခဲ့သည့်လက ဗီယက်နမ်သို့ ခရီးသွားရှာဖွေမှု အများဆုံး ဥရောပနိုင်ငံများထဲတွင် ပြင်သစ်၊ ဂျာမနီ၊ ယူကေ၊ နယ်သာလန်နှင့် စပိန်တို့ ပါဝင်ကြောင်း ပြောကြားခဲ့ပါသည်။

ဗီယက်နမ်တွင် ဥရောပခရီးသွားများ ရှာဖွေမှုအများဆုံးနေရာ သုံးခုမှာ တောင်ဘက်ရှိ ဟိုချီမင်းမြို့၊ အလယ်ပိုင်းကွမ်နမ်ပြည်နယ်ရှိ Hoi An နှင့် Khanh Hoa ပြည်နယ် အလယ်ပိုင်းရှိ Nha Trang တို့ဖြစ်ပြီး နွေရာသီအားလပ်ရက်ကို အပြည့်အဝခံစားလိုသော ခရီးသွားများအတွက် စံပြရွေးချယ်စရာများဖြစ်ကြောင်း သိရှိရပါသည်။

 

 

Source : Vietnam Plus

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: Vietnam