Vietnam

ဗီယက်နမ်သည် ပြည်ပတင်ပို့သူများအပေါ်အခွန်စီမံခန့်ခွဲမှု တင်းကြပ်

Last Updated:

ဗီယက်နမ်အခွန်အာဏာပိုင်များအနေဖြင့် E commerce platforms များမှ ရောင်းချသည့် နိုင်ငံခြားသားများအပေါ် အခွန်စီမံခန့်ခွဲမှုတိုးတက်ကောင်းမွန်စေရန်အတွက် စာရင်းဇယားများ ဆန်းစစ်မှုများကို အလေးထားဆောင်ရွက်သွားမည်ဖြစ်သည်။

ပြည်ပနိုင်ငံများတွင်အခြေပြုထားသည့် E commerce ကုမ္ပဏီများအနေဖြင့် ၎င်းတို့၏အခွန် ကြေညာလွှာများနှင့်တာဝန်များကို အခွန်ဦးစီးဌာန၏ e-portal မှ http://etaxvn.gdt.gov.vn မှတစ်ဆင့် တင်သွင်းနိုင်ပြီဖြစ်သည်။

ပေါ်တယ်ကို ၂၀၂၂ ခုနှစ် မတ်လတွင်စတင်အသုံးပြုခဲ့ပြီး အဆိုပါတစ်ခုတည်းသော ပေါ်တယ်မှတစ်ဆင့် နယ်စပ်ဖြတ်ကျော်အခွန်ကောက်ခံမှုတွင် ဗီယက်နမ်သည် အာဆီယံအဖွဲ့ကို ဦးဆောင်နေပါသည်။

ဗီယက်နမ်တွင် ပြည်ပတင်ပို့သူများနှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းများအနေဖြင့် ၎င်းတို့ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အခွင့်ကောင်းများဖန်တီးထားသကဲ့သို့ အခွန်တိမ်းရှောင်မှု များအတွက် အခွန်အာဏာပိုင်များက ပြင်းပြင်းထန်ထန် ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်သည်။

အခွန်ဦးစီးဌာန၏ အဆိုအရ ပြည်ပတင်ပို့သူများအနေဖြင့် ၂၀၂၂ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့မှ စတင်ကာ Electronic portal မှတစ်ဆင့် ပေးဆောင်ရမည်ဖြစ်ပြီး အခွန်ငွေ အမေရိကန်ဒေါ်လာ ၃၁၂.၈ သန်းကျော်ပေးဆောင်ခဲ့ပြီးဖြစ်ကြောင်းသိရှိရသည်။

နှစ်စမှ ယခုအချိန်အထိ အမေရိကန်ဒေါ်လာ ၁၆၅ သန်းကျော် ကောက်ခံရရှိပြီးဖြစ်သည်။

Source : Vietnam plus

(စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: Vietnam