China (Kunming)

တရုတ်နိုင်ငံသည် ငါးဖမ်းလုပ်ငန်း ပံ့ပိုးကူညီမှုဆိုင်ရာ WTO သဘောတူညီချက်ကို တရားဝင်လက်ခံ

Last Updated:

တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာ၊ ဝန်ကြီး H.E Wang Wentao သည် ငါးဖမ်းလုပ်ငန်းများ ပံ့ပိုးကူညီမှုဆိုင်ရာ သဘောတူညီချက်အား လက်ခံသည့်စာရွက်စာတမ်းများကို တရုတ်နိုင်ငံ၊ မြောက်ပိုင်း Tianjin မြူနီစီပယ်မြို့ရှိ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ညွှန်ကြားရေးမှူးချုပ် Ngozi Okonjo-Iweala ထံ အင်္ဂါနေ့က တင်သွင်းခဲ့သည်။

တရုတ်နိုင်ငံသည် သဘောတူညီချက်ကို လက်ခံနိုင်ရန်အတွက် ၎င်း၏ ပြည်တွင်း ဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ပြီးမြောက်အောင် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ဖော်ပြခြင်း ဖြစ်သည်။ ၂၀၂၂ ခုနှစ် ဇွန်လ WTO ၏ (၁၂) ကြိမ်မြောက် ဝန်ကြီးအဆင့်ညီလာခံတွင် ချမှတ်ခဲ့သော ငါးလုပ်ငန်း ပံ့ပိုးကူညီမှုဆိုင်ရာ သဘောတူညီချက်သည် သဘာဝပတ်ဝန်းကျင် ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်ကို အရောက်လှမ်းနိုင်ရန် ရည်ရွယ်သည့် ပထမဆုံး WTO သဘောတူညီချက် ဖြစ်သည်။ WTO အဖွဲ့ဝင်နိုင်ငံ သုံးပုံနှစ်ပုံက လက်ခံပြီးပါက စတင်အသက်ဝင်မည်ဖြစ်သည်။

အရင်းအမြစ်။ http://english.yunnangateway.com/html/2023/news_0628/31407.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)