China (Kunming)

တရုတ်-အာဆီယံ တတိယအကြိမ် FTA Version 3.0 ဆွေးနွေပွဲကို ကူမင်းမြို့၌ ကျင်းပခဲ့

Last Updated:

တရုတ်-အာဆီယံ လွတ်လပ်သောကုန်သွယ်နယ်ပယ် (FTA) version 3.0 ၏ တတိယ အကြိမ်မြောက် ဆွေးနွေညှိနှိုင်းပွဲကို ဇွန်လ ၂၅ ရက်နေ့က ယူနန်ပြည်နယ် ကူမင်းမြို့တွင် ကျင်းပ ခဲ့ပါသည်။ အာဆီယံနိုင်ငံများနှင့် အာဆီယံ အတွင်းရေးမှူးရုံးမှ ကိုယ်စားလှယ်များ၊ တရုတ်နိုင်ငံမှ ဌာနဆိုင်ရာများ စုစုပေါင်း ၃၇၀ ဦး တက်ရောက်ခဲ့ကြပါသည်။

တရုတ်နိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဒုတိယဝန်ကြီး HE. Wang Shouwen နှင့် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူး Mr. Wang Yubo တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အဖွင့်အမှာ စကားပြောကြားခဲ့ကြပါသည်။ ဒုတိယဝန်ကြီးသည် အာဆီယံနိုင်ငံများနှင့် အာဆီယံအတွင်းရေးမှူး ရုံးမှ ကိုယ်စားလှယ်ခေါင်းဆောင်များအား တွေ့ဆုံခဲ့ပါသည်။

လွန်ခဲ့သော ရာစုနှစ် ၂ စုအလွန်တွင် တရုတ်-အာဆီယံ FTA သည် နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် လျှင်မြန်သော ဖွံ့ဖြိုးတိုးတက်မှု ရှိလာခဲ့သည်။ ယခု FTA version 3.0 သည် တရုတ်နိုင်ငံနှင့် အာဆီယံနိုင်ငံများအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတို့ တိုးမြှင့် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးမှ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့ပါသည်။

ဒေသတွင်း စီးပွားရေးပေါင်းစပ်မှု၊ နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ချိတ်ဆက်မှုတို့တွင် အရည်သွေးမြှင့် ဖွံဖြိုးတိုးတက်လာစေရန်လည်းကောင်း ထောက်ပံ့ရေးကွင်းဆက် (supply chain)၊ စက်မှုကွင်းဆက် (Industrial Chain)၊ အစီမ်းရောင်စီးပွားရေး (Green economy) နှင့် နည်းပညာ စသည်တို့တွင် တရုတ်-အာဆီယံ ပူးပေါင်းဆောင်ရွက်မှုတို့ကို မြှင့်တင်ဆောင်ရွက်သွားရန် တိုက်တွန်းခဲ့သည်။

တရုတ်နိုင်ငံသည် တရုတ်-အာဆီယံ FTA version 3.0 တွင် ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ရန်အတွက် အာဆီယံနိုင်ငံ အတူလုပ်ဆောင်သွားရန် အသင့်ရှိကြောင်း ဖော်ပြသွားခဲ့သည်။

ယူနန်ပြည်နယ် ပြည်သူ့အစိုးရကိုယ်စား ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးးက ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် ဧည့်သည်တော်များအား လှိုက်လှဲနွေးထွေစွာ ကြိုဆိုပါကြောင်း၊ ယူနန် ပြည်နယ်သည် တောင်အာရှ၊ အရှေ့တောင်အာရှနှင့် အိန္ဒိယသမုဒ္ဒရာများသို့ ချိတ်ဆက်နိုင်သည့် ထွက်ပေါက်တစ်ခု ဖြစ်ပါကြောင်း၊ တရုတ်-လာအို မီ;ရထားလမ်း အပြည်အဝအသုံးပြုနိုင်ခြင်း၊ RCEP အရည်အသွေးမြင့်မြင့် အကောင်အထည်ဖော်ခြင်းနှင့် တရုတ်-အာဆီယံ FTA တည်ဆောက် ရာတွင် အပြည့်အဝ ပါဝင်ဆောင်ရွက်ခြင်းစသော ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးအနေဖြင့် အာဆီယံနိုင်ငံများနှင့် နယ်ပယ်အသီးသီးတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုကို နက်နက်ရှိုင်းရှိုင်း တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး အနာဂတ်တွင် တရုတ်-အာဆီယံ အသိုက်အဝန်း တည်ဆောက်ရေး၌ ပံ့ပိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အရင်းအမြစ်: http://english.yunnangateway.com/html/2023/news_0627/31374.html

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)