China (Kunming)

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုနှုန်း ၅ ရာခိုင်နှုန်းကို ရည်မှန်းထားပြီး ကမ္ဘာ့စီးပွားရေးကို ဆက်လက် ဦးဆောင်လျက်ရှိ

Last Updated:

မေလထုတ် UN (United Nations) ၏ အစီအရင်ခံစာတစ်ခုတွင် တရုတ်နိုင်ငံ၏ ယခုနှစ် ဖွံ့ဖြိုးတိုးတက်မှုမှာ နှစ်အစတွင် ခန့်မှန်းထားသည့် ၄ ဒသမ ၈ ရာခိုင်နှုန်းမှ ၅ ဒသမ ၃ ရာခိုင်နှုန်း သို့ တက်လာသည်။ ကမ္ဘာ့ဘဏ်က တရုတ်နိုင်ငံ၏ စီးပွားရေးသည့် ၂၀၂၃ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင်နှုန်း ဖွံ့ဖြိုးတိုးတက်လာကြောင်း ဖော်ပြထားသည်။ တရုတ်နိုင်ငံ၏ စီးပွားရေးသည် ယခုနှစ် အစပိုင်းမှစ၍ ပြန်လည်ကောင်းမွန်လာခဲ့သည်။

"တရုတ်နိုင်ငံဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း ကမ္ဘာ့စီးပွားရေး တည်ငြိမ်တိုးတက်မှုရဲ့ စွမ်းအားအရင်းအမြစ်ဖြစ်ခဲ့ပါတယ်" ဟု တရုတ်နိုင်ငံ မြောက်ပိုင်း Tianjin မြူနီစီပယ်အစိုးရ၏ နွေရာသီ Davos ဖိုရမ်ဖွင့်ပွဲအခမ်းအနား၌ တရုတ်ဝန်ကြီးချုပ် H.E Li Qiang က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေးသည် ကမ္ဘာ့စီးပွားရေးနှင့် နက်နက်ရှိုင်းရှိုင်းဆက်နွယ်မှုရှိသည်ကို ဖော်ပြနေကြောင်း၊ globalization တွင် တရုတ်နိုင်ငံသည် ၎င်းကိုယ်တိုင် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ကြောင်းနှင့် globalization ကို ထိန်းသိမ်းရန် အခိုင်မာဆုံးသော အင်အားစုတစ်ခု ဖြစ်လာကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ စီးပွားရေး ခိုင်မာမှု

တရုတ်နိုင်ငံ စီးပွားရေးအချက်အလက်များအရ မျှော်မှန်းထားသည်ထက် ပိုမိုကောင်းမွန် သော စွမ်းဆောင်ရည်သည် နိုင်ငံတကာဈေးကွက်တွင် ခိုင်မာသော ယုံကြည်မှုကို ဖြစ်စေသည်။

ယခုနှစ်၏ ပထမ (၅) လအတွင်း တရုတ်နိုင်ငံ၏ စုစုပေါင်း ပို့ကုန်၊ သွင်းကုန် တန်ဖိုးသည် ယွမ် ၁၆ ဒသမ ၇၇ ထရီလီယံ (အမေရိကန်ဒေါ်လာ ၂ ဒသမ ၃၂ ထရီလီယံ ပတ်ဝန်ကျင်း) ဖြင့် တစ်နှစ်ထက်တစ်နှစ် ၄ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်လာသည်။ ပို့ကုန်အနေဖြင့် ယွမ် ၉ ဒသမ ၆၂ ထရီလီယံ (၈ ဒသမ ၁ ရာခိုင်နှုန်း) တိုးလာပြီး သွင်းကုန်အနေဖြင့် ယွမ် ၇ ဒသမ ၁၅ ထရီလီယံ (၀ ဒသမ ၅ ရာခိုင်နှုန်း) တိုးလာကြောင်း အကောက်အခွန်အထွေထွေအုပ်ချုပ်ရေးအဖွဲ့ ကြေညာ ချက်အရ သိရသည်။

ဒေသတွင်း စီးပွားရေးဖလှယ်မှုများ၏ ချိတ်ဆက်ဆောင်ရွက်မှုတွင် တရုတ်နိုင်ငံ၏ RCEP အဖွဲ့ဝင်နိုင်ငံများသို့ ကုန်သွယ်မှုအခြေအနေမှာ ၂၀၂၃ ခုနှစ် ပထမ (၅) လအတွင်း တဖြည်းဖြည်း တိုးတက်လာပြီး ယွမ် ၅ ဒသမ ၁၁ သို့ရောက်ရှိခဲသဖြင့် တစ်နှစ်ထက်တစ်နှစ် ၄ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်လာပါသည်။

"တရုတ်စီးပွားရေးဟာ ကြီးမားတဲ့ အလားအလာတွေ ရှိနေပါသေးတယ်" ဟု ကမ္ဘာ့ စီးပွားရေး ဖိုရမ် ဥက္ကဋ္ဌ Mr. Borge Brende က CGTN သို့ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ယခုနှစ် စီးပွားရေးတိုးတက်မှု ရည်မှန်းချက်မှာ ၅ ရာခိုင်နှုန်းဝန်းကျင် ရောက်ရှိရန် မျှော်လင့် ထားပြီး ဒုတိယသုံးလပတ်တွင် တိုးတက်မှုနှုန်းသည် ပထမသုံးလပတ်ထက် ကျော်လွန်သွားရန် မျှော်မှန်းထားကြောင်း ပြောကြားခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့စီးပွားရေး ပြန်လည်ဦးမော့ လာမှုနှင့် တိုးတက်မှုအတွက် ခိုင်မာစွာ ဆက်လက်ပံ့ပိုးပေးမည်ဖြစ်ပြီး တစ်ကမ္ဘာလုံးမှ ရင်းနှီး မြှုပ်နှံသူများအတွက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် အခွင့်အလမ်းများကို ဆောင်ရွက်ပေး သွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့သည်။

မကြာသေးမီကာလတွင် Apple၊ Tesla နှင့် BMW ကဲသို့သော နိုင်ငံတကာ စီးပွားရေးအဖွဲ့ များစွာမှ အမှုဆောင်အရာရှိကြီးများသည် ပူးပေါင်းဆောင်ရွက်မှု ညှိနှိုင်းဆောင်ရွက်ရန်နှင့် စီးပွားရေးအခွင့်အလမ်းများရှာဖွေရန် တရုတ်နိုင်သို့ လာရောက်ခဲ့ကြသည်။ ယင်းသည် တရုတ်နိုင်ငံအပေါ် ယုံကြည်မှုရှိကြောင်း ပြသခြင်းဖြစ်သည်။ Allianz Group ၏ ဥက္ကဌနှင့် CEO ဖြစ်သူ Oliver Bate သည် ယခုနှစ် မတ်လတွင် China Development Forum သို့ တက် တက်ရောက်ခဲ့သည့်အချိန်၌ နိုင်ငံတကာအသိုင်းအဝိုင်းတွင် တရုတ်နိုင်ငံကို ယခင်ကထက် ပိုမို လိုအပ်နေသည်ဟု ပြောကြားခဲ့သည်။

တရုတ်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အတွေးအခေါ်သစ်များကို ကျင့်သုံးနေပြီး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ နည်းဗျူဟာအသစ်ကို အရှိန်အဟုန်ဖြင့် မြှင့်တင်ဆောင်ရွက်လျက်ရှိပြီး အရည်အသွေးမြင့်မားသော ဖွံ့ဖြိုးတိုးတက်မှုရရှိရန် ကြိုးစားလုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

ကမ္ဘာ့စီးပွားရေးတိုးတက်မှုကို ဖော်ဆောင်ခြင်း

စဉ်ဆက်မပြတ် ပိုမိုကောင်းမွန်လာသည့် စီးပွားရေးပတ်ဝန်ကျင်သည် တရုတ်နိုင်ငံအတွက် နိုင်ငံခြားရင်နှီးမြှုပ်နှံမှုများ ဆက်လက်ဖော်ဆောင်နိုင်မည့် အဓိကအချက်တစ်ချက် ဖြစ်သည်။

နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေးဆောင်ရွက်မှုနှင့်ပတ်သက်၍ တရုတ်နိုင်ငံကောင်စီမှ ထုတ်ပြန်ခဲ့သော အစီအရင်ခံစာအရ ယခင်နှစ် စတုတ္ထလေးလပတ်ကတည်းက တရုတ်နိုင်ငံ အစိုးရမှ ထုတ်ပြန်ထားသည့် နိုင်ငံခြားရင်းနှီး မြှုပ်နှံမှု မူဝါဒများနှင့် ပတ်သက်၍ နိုင်ငံခြား ကုမ္ပဏီ ၉၇ ရာခိုင်းနှုန်းကို စစ်တမ်းကောက်ယူခဲ့ရာ “ကျေနပ်မှုရှိကြောင်း” သို့မဟုတ် အထက်အဆင့်အဖြစ် သတ်မှတ်ခဲ့ကြသည်။ စီးပွားရေးဆိုင်ရာအငြင်းပွားမှုများနှင့် ဈေးကွက်ယှဉ်ပြိုင်မှုများအပေါ် ဖြေရှင်း ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ရယူဆောင်ရွက်ခြင်း စသော ညွှန်းကိန်းများ နှင့်ပတ်သက်၍ ကျေနပ်မှုအဆင့်မှာ ၈၀ ရာခိုင်နှုန်း ကျော်လွန်နေပါသည်။

ထို့အပြင် Tesla ကုမ္ပဏီသည် တရုတ်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် ၎င်း၏ စွမ်းအင်သိုလှောင်နိုင်မှု ထုတ်ကုန် Megapack ကို ထုတ်လုပ်ရန် အတွက် တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့တွင် စက်ရုံးသစ်ကြီးတစ်ခု တည်ဆောက်သွားမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။

ပြင်သစ်နိုင်ငံ၏ Airbus ကုမ္ပဏီသည် ၎င်း၏ ဒုတိယမြောက် ထုတ်လုပ်မှုနေရာကို တရုတ် နိုင်ငံ၊ တိကျန်းတွင် ဆောက်လုပ်သွားရန် ကြေညာခဲ့သည်။ ဂျာမဏီပိုင် Volkswagen ကုမ္ပဏီ သည် လျှပ်စစ်ကားများ၏ တီထွင်ဆန်းသစ်မှု၊ သတေသနဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးရေးဆောင် ရွက်မှုတို့အတွက် စင်တာတစ်ခုကို တည်ဆောင်ရန်အတွက် တရုတ်နို်ငငံတွင် ယူရို ၁ ဘီလီယံ ရင်နှီးမြှုပ်နှံသွားမည်ဟု ဧပြီလတွင် ကြေညာခဲ့သည်။

တရုတ်နိုင်ငံသည် အားလုံးပါဝင်နိုင်သည့် ခိုင်မာ၍ ရေရှည်တည်တံ့သော အနာဂတ်ဆီသို့ ဦးတည်လျက် ကမ္ဘာ့စီးပွားရေးကို ထိန်းကျောင်းနိုင်မည့် လွတ်လပ်သောကုန်သွယ်မှု ထောက်ပံ့‌ ပေးခြင်းနှင့် ဈေးကွက်စီးပွားရေးစနစ်ကို မြှင့်တင်ဆောင်ရွက်ပေးခြင်းတို့အတွက် ပံ့ပိုးကူညီရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံ ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။

အရင်းအမြစ်။ https://www.cgtn.com/business

(စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: China (Kunming)