Phillippines

ထိုင်းလုပ်ငန်းရှင်များအနေဖြင့် ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးဆိုင်ရာနည်းပညာကဏ္ဍတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် သမ္မတမားကို့စ် ဖိတ်ခေါ်

Last Updated:

ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် နည်းပညာအသုံးပြုမှုမြှင့်တင်စေရေး အစိုးရ အနေဖြင့် ပံ့ပိုးပေးသွားမည်ဟု ကတိပြုခဲ့ပြီး ထိုင်းစီးပွားရေးလုပ်ငန်းရှင်များအား လာရောက် ရင်းနှီးမြှုပ်နှံရန်ဖိတ်ခေါ်ကြောင်း သမ္မတမားကို့စ်မှ ပြောကြားခဲ့ပါသည်။ ထိုင်းနိုင်ငံမှ C.P Group အမှုဆောင်အရာရှိမှ စိုက်ပျိုးရေးဆိုင်ရာနည်းပညာကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံရန်အစီအစဉ်ရှိကြောင်းနှင့် ကုမ္ပဏီ၏ ဥက္ကဋ္ဌဖြစ်သူ  Soopakij Chearavanont ဦးဆောင်သည့်အဖွဲ့မှ သမ္မတမားကို့စ်ထံ လာရောက်၍ ဂါရဝပြုတွေ့ဆုံစဉ် ဆွေးနွေးပြောကြားခဲ့ပါသည်။

တွေ့ဆုံရာတွင် သမ္မတမားကို့စ်မှ ပုဂ္ဂလိကကဏ္ဍသာမက အစိုးရအနေဖြင့်လည်း အစိတ်အပိုင်း တစ်ခုအနေဖြင့်  ပါဝင်ကူညီဆောင်ရွက်ပေးရန် လိုအပ်သည့်အတွက် ယခုအစီအစဉ်အား ကြိုဆိုပါကြောင်း၊ C.P Group အနေဖြင့် ၂၀၂၃-၂၀၂၇ အတွင်း ဝက်မွေးမြူရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၁.၃ ဘီလီယံ၊ ကြက်မွေးမြူရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂၈၀ သန်း၊ ပုဇွန်မွေးမြူရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ သန်း ၈၀၀၊ တိရိစ္ဆာန်အစာ ကဏ္ဍတွင် အမေရိကန်ဒေါ်လာသန်း ၁၂၀ ဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံ ရင်းနှီးမြှုပ်နှံသွားရန် လျာထားကြောင်း ဆွေးနွေး ပြောကြားခဲ့ပါသည်။

ယခုလက်ရှိ C.P Group မှ အသုံးပြုလျက်ရှိသော နည်းပညာအား လွန်စွာသဘောကျကြောင်း၊ ကုမ္ပဏီမှတည်ဆောက်ထားသည့် စက်ရုံတစ်ခုချင်းစီတွင် အသုံးပြုထားသော နည်းပညာမှာနောက်ဆုံး အသုံးပြုခဲ့သည့် နည်းပညာနှင့်မတူညီသည်ကို သိရှိရပါကြောင်း သမ္မတမားကို့စ်မှ C.P Group အမှုဆောင်အရာရှိအား ပြန်လည်ဆွေးနွေးပြောကြားခဲ့ပါသည်။ အဆိုပါနည်းပညာအား ဖိလစ်ပိုင်နိုင်ငံတွင် အသုံးပြုစေလိုကြောင်း အကြံပြုခဲ့ပြီး ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက သမ္မတမားကို့စ်၏ ထိုင်းနိုင်ငံခရီးစဉ်တွင် C.P Group မှ သွားရောက် ဂါရဝပြုတွေ့ဆုံရာ၌ ဖိလစ်ပိုင်နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်သွားရန်ကတိကဝတ်ပြုခဲ့ကြောင်းလည်း ဖော်ပြပါရှိပါသည်။

ဖိလစ်ပိုင်နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍ ပိုမိုအားကောင်းခိုင်မာလာစေရေး အခြားသက်ဆိုင်သည့် အဖွဲ့အစည်းများ၊ လုပ်ငန်းများနှင့်လည်း တွေ့ဆုံဆွေးနွေးသွားလိုကြောင်းနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရာတွင် အကောင်းဆုံးဖြစ်မည့်နည်းလမ်းကိုလည်း တွေ့ရှိပြီဖြစ်သည့်အတွက် လိုအပ်သည်များအား ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သမ္မတမားကို့စ်မှပြောကြားခဲ့ပါသည်။   

C.P Group သည် ထိုင်းနိုင်ငံ၏ ထိပ်တန်းကုမ္ပဏီများစာရင်းတွင် ရပ်တည်နေပြီး ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၂၁ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားပြီး လုပ်ငန်းခွဲပေါင်း ၂၀၀ ကျော်နှင့် လုပ်သားအင်အား ၃၀၀,၀၀၀ ကျော်ရှိပြီး ကုမ္ပဏီမှ တာဝန်ရှိသူများမှ ဖိလစ်ပိုင်အစိုးရအနေဖြင့် ပုဇွန်မွေးမြူရေးလုပ်ငန်းအတွက် မြေဧက ၄၀၀ ဟက်တာ၊ ဝက်နှင့်ကြက်(ကြက်ဥ/ဘဲဥထုတ်လုပ်ရေး အပါအဝင်) မွေးမြူရေးလုပ်ငန်းအတွက် မြေဧက ၃၀၀ ဟက်တာအား ထောက်ပံ့ပေးစေလိုပါကြောင်း တင်ပြခဲ့ပါသည်။

 

 

 

 

Source: https://mb.com.ph/2023/5/30/marcos-welcomes-thai-firm-s-interest-to-invest-in-ph-agri-technologies

(စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: Phillippines