Germany

ဂျာမနီနိုင်ငံသားများ၏ Real Wages သည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ယမန်နှစ် အလားတူကာလ သုံးလပတ်ထက် ၃.၈ ရာခိုင်နှုန်း မြင့်မားခဲ့ကြောင်း Destatis က သတင်းထုတ်ပြန်

Last Updated:

ဂျာမနီနိုင်ငံ၏ Nominal Wages သည် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် ယခင်နှစ်အလားတူကာလ သုံးလပတ်နှင့် နှိုင်းယှဉ်ပါက ၆.၄ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားခဲ့ရာ ၎င်းသည် ၂၀၀၈ ခုနှစ်မှ ယခုအချိန်အထိ ကာလအတွင်း ဒုတိယအမြင့်ဆုံး လုပ်ခတိုးတက်လာမှု ဖြစ်ပါသည်။ အဆိုပါကာလအတွင်း စားသုံးသူစျေးနှုန်းများသည်လည်း ၂.၅ ရာခိုင်နှုန်းခန့် မြင့်တက်ခဲ့သည်။ German Federal Statistical Office (Destatis) ၏ အခြားအစီရင်ခံစာ တစ်စောင်တွင် ၂၀၂၄ ခုနှစ် ပထမသုံးလပတ်၏ Real Wages သည် ယခင်နှစ်အလားတူ သုံးလပတ်ကထက် ၃.၈ ရာခိုင်နှုန်း ပိုများခဲ့ကြောင်း ဖော်ပြထားရာ ၎င်းသည် ၂၀၀၈ ခုနှစ်မှ ယခုအချိန်အထိကာလအတွင်း လေးကြိမ်ဆက်တိုက် အမြင့်ဆုံး လုပ်ခတိုးတက်မှုဖြစ်ကြောင်း သိရှိရပါသည်။ ယခုအကြိမ်နှင့် အလားတူစွာ နောက်ဆုံးအကြိမ် လုပ်ခလစာတိုးမြင့်မှုမှာ လွန်ခဲ့သော (၃) နှစ်၊ ၂၀၂၁ ခုနှစ် ဒုတိယသုံးလပတ်တွင် ဖြစ်ပေါ်ခဲ့ကြောင်း ဖော်ပြထားပါသည်။ ၂၀၂၁ ခုနှစ် စတုတ္ထသုံးလပတ်မှ ၂၀၂၃ ခုနှစ်အတွင်း ပထမသုံးလပတ်အထိ ကာလအတွင်း ဝန်ထမ်းများအနေဖြင့် Real Wages ရရှိမှု နည်းပါးခြင်းများရှိခဲ့သော်လည်း ၂၀၂၄ ခုနှစ် ပထမသုံးလပတ်တွင် Nominal Wages မြင့်တက်လာမှုနှင့် ငွေကြေးဖောင်းပွမှု ကျဆင်းလာခြင်းတို့ကြောင့်  Real Wages ရရှိမှုကို မြင့်မားလာစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

 

 

Source:         https://www.destatis.de/DE/Presse/Pressemitteilungen/2024/05/ PD24_211_62321.html

စီးပွားရေးသံမှူး၊ ဘာလင်

Category: Germany