Thailand

တရုတ်နိုင်ငံသို့ သစ်သီးတင်ပို့မှု ခိုင်မာစေရေးအတွက် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနဝန်ကြီး ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့၏ တရုတ်ခရီးစဉ်တွင် တိုက်တွန်းခဲ့

Last Updated:

နယ်စစ်စစ်ဆေးရေးဂိတ်မှ သစ်သီးတင်ပို့မှုလွယ်ကူချောမွေ့စေခြင်းဖြင့် နှစ်နိုင်ငံကုန်သွယ်ရေးခိုင်မာမှုရှိစေရေးအတွက် ယူနန်ပြည်နယ် အုပ်ချုပ်ရေးမှူးနှင့်တွေ့ဆုံခဲ့မှုတွင် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က တိုက်တွန်းဆွေး နွေးခဲ့ကြောင်း သိရှိရပါသည်။

နောင်ခိုင်-ဗီယန်ကျင်း-ယူနန် ရထားလမ်းမှတစ်ဆင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု မြှင့် တင်ရန် အစိုးရအနေဖြင့် ကတိပြုခဲ့ပါကြောင်း၊ ဒုတိယလမ်းကြောင်းသည် R3A အမြန်လမ်း ဖြစ်ပြီး ချင်းရိုင်ပြည်နယ် Chiang Khong မှ  လာအိုရှိ Boten စစ်ဆေးရေးဂိတ်နှင့် တရုတ်ရှိ Mohan စစ်ဆေး ရေးဂိတ်တိုကို အသုံးပြု၍ တရုတ်ကူမင်းသို့ သွားရောက်မည့် လမ်းဖြစ်ပါကြောင်း၊ ဆွေးနွေးဆဲ ဖြစ် သည့် တတိယလမ်းကြောင်းမှာ Chiang Saen ဆိပ်ကမ်းမှ Guan Lei ဆိပ်ကမ်းသို့ ကုန်တင်သင်္ဘော လမ်းကြောင်း ဖြစ်ပါကြောင်း၊ လမ်းကြောင်း ၃ ခုလုံးမှ ကုန်သွယ်ရေး လွယ်ကူချောမွေ့စေရန်နှင့် စောင့် ကြည်ရန် တရုတ်ဖက်မှ ကတိပြုခဲ့ကြောင်း သိရှိရပါသည်။

တရုတ်နိုင်ငံ၏ အနောက်တောင်ပြည်နယ်သည် အရှေ့အာရှ၊ အရှေ့တောင်အာရှနှင့် တောင် အာရှသို့ ချိတ်ဆက်ပေးသည့် တရုတ်အနောက်ပိုင်းသို့ သွားရောက်ရန် အဓိက ဝင်ပေါက်ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ဆောင်ရွက်ခဲ့မှုသည် ကုန်သွယ်မှု အတားအဆီးများကို လျှော့ချရန်၊ နယ်စစ်စစ်ဆေးရေး ဂိတ်များ၏ ဖွင့်ချိန်၊ ပိတ်ချိန်တိုးမြှင့်ပေးရန်နှင့် ပြည့်ကျပ်မှုကို လျှော့ချပေးရန် ဖြစ်ကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် ၂ လမ်းသွားကို ၁၂ လမ်းသွားအဖြစ် တိုးချဲ့လျက်ရှိပြီး ၂ နှစ်အတွင်း ပြီးစီးမည်ဟု ခန့်မှန်း ရပါကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် လတ်ဆတ်ပြီး အရည်အသွေးမီသော ကုန်ပစ္စည်းများကို တရုတ် နိုင်ငံသို့ တင်ပို့နိုင်မည်ဖြစ်ပြီး ထောက်ပံ့ပို့ဆောင်ရေး ကုန်ကျစရိတ် လျှော့ချနိုင်မည် ဖြစ်ကြောင်း ဝန်ကြီးက သုံးသပ်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ ကျွဲနွားအရှင်၊ အေးခဲအမဲသားနှင့် ရာသီပေါ်သီးနှံများ တင်ပို့နိုင်ရေးအတွက်  တရုတ် အကောက်ခွန်ဦးစီးဌာနနှင့် ဆွေးနွေးလျက်ရှိပါကြောင်း၊ မိမိတို့အနေဖြင့် တရုတ်၏ လုပ်ထုံးလုပ်နည်း များကို လိုက်နာသွားမည် ဖြစ်ပါကြောင်း၊ ယူနန်သည် ထိုင်းနိုင်ငံနှင့်အနီးစပ်ဆုံးသော တရုတ် ပြည်နယ်တစ်ခုဖြစ်ပြီး R3A လမ်းကြောင်းမှ ထိုင်းသစ်သီးများတင်ပို့ရာတွင် အရေးပါပါကြောင်း၊ ထိုင်း နိုင်ငံသည် တရုတ်သို့ နယ်စပ်စစ်ဆေးရေးဂိတ် ၆ ခုမှ လတ်ဆတ်သစ်သီးများ တင်ပို့လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ယူနန်ပြည်နယ်သို့ သစ်သီးတင်ပို့ခဲ့မှုသည် အမေရိကန်ဒေါ်လာ ၁.၆၈ ဘီလီယံဖြစ် ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံမှ လတ်ဆတ်သစ်သီးများကို တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိရာတွင် နယ်စပ်စစ်ဆေး ရေးဂိတ် ၆ ခုကို အသုံးပြုလျက်ရှိရာ အရေးပါသော ဂိတ်ပေါက်တစ်ခုဖြစ်သည့် ယူနန် လမ်းကြောင်းအတွက် သက်ဆိုင်ရာ ပြည်နယ်အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်တွေ့ဆုံ ဆွေးနွေး ခြင်းဖြင့် နှစ်နိုင်ငံအတွက် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand