Thailand

ထိုင်းနိုင်ငံပြင်ပတွင် ရရှိသော ဝင်ငွေအပေါ် အခွန်ကောက်ခံမည့် စည်းမျဉ်းအသစ်အတွက် ထိုင်းနိုင်ငံ အခွန်ဦးစီးဌာနက ပြင်ဆင်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ ပြင်ပတွင် ရရှိသော ဝင်ငွေများကို နိုင်ငံအတွင်းသို့ သယ်ယူလာခြင်းမရှိသော်လည်း အဆိုပါ‌ ဝင်ငွေရရှိသည့် တစ်ဦးချင်းအပေါ် အခွန်ကောက်ခံမည့် ဥပဒေကို ပြင်ဆင်သွားရန် ထိုင်းနိုင်ငံ အခွန်ဦးစီးဌာနက ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

လက်ရှိကျင့်သုံးလျက်ရှိသော အခွန်ဥပဒေအရ ထိုင်းနိုင်ငံပြင်ပမှ ဝင်ငွေရရှိသော်လည်း ထိုင်း နိုင်ငံ၌ ၁ နှစ်တာကာလအတွင်း ရက်ပေါင်း ၁၈၀ ကျော် နေထိုင်သူဖြစ်ပါက ထိုင်းနိုင်ငံကို အခွန်ပေး ဆောင်ရပါကြောင်း၊ အဆိုပါ ဝင်ငွေကို ထိုင်းနိုင်ငံတွင်းသို့ သယ်ဆောင်လာပါက တစ်ဦးကျဝင်ငွေခွန် (Personal Income Tax) ပေးဆောင်ရပါကြောင်း၊ ယခုအခါတွင် ကမ္ဘာတစ်ဝှမ်းရှိဝင်ငွေအပေါ် မူ ချမှတ်ရန် ဥပဒေကို ပြင်ဆင်နေပါကြောင်း၊ တစ်ဦးချင်းစီအပေါ် အခွန်ကောက်ခံမှုမှာ အဆိုပါပုဂ္ဂိုလ်၏ ဝင်ငွေသည် ပြည်တွင်းမှ ဖြစ်စေ၊ ပြည်ပမှဖြစ်စေ ရရှိလာသော ရင်းမြစ်ကို ထည့်သွင်းမစဉ်းစားတော့ဘဲ အခြေစိုက်နေထိုင်သည့်အပေါ် မူတည်ကောက်ခံသွား မည်ဖြစ်ပါကြောင်း ဦးစီးဌာန၏ ညွှန်ကြားရေး မှူးချုပ် Ms. Kulaya Tantitemit က ပြောကြားခဲ့ပါသည်။

ဝင်ငွေ ဘတ် ၁ ဘီလီယံနှင့်အထက် ရရှိသူသည် ဝင်ငွေရရှိသည့် ရင်းမြစ်ကို အစီရင်ခံတင်ပြရန် လိုအပ်မည်ဖြစ်ပြီး အဆိုပါ အချက်ကို အသုံးပြု၍ အခွန်လိုက်နာမှုရှိ-မရှိကို စစ်ဆေးအတည်ပြုသွား မည် ဖြစ်ကြောင်း၊ ယခင်က နိုင်ငံခြားမှ ဝင်ငွေ ရရှိသူသည် နှစ် ၁ နှစ်အတွင်း ထိုင်းနိုင်ငံ၌ ရက်ပေါင်း ၁၈၀ နှင့်အထက် နေထိုင်သူဖြစ်ပါက ဝင်ငွေရရှိသည့် နှစ်အတွင်း ထိုင်းနိုင်ငံသို့ ဝင်ငွေကို ယူဆောင် ခဲ့ပါက တစ်ဦးကျဝင်ငွေခွန်ကောက်ခံခဲ့သော်လည်း ယခုအခါ နိုင်ငံခြားမှ ဝင်ငွေကို နိုင်ငံအတွင်းသို့ မည်သည့်အချိန်တွင် ယူဆောင်လာသည်ဖြစ်စေ အခွန်ပေးဆောင်ရန် ပြင်ဆင်သတ်မှတ်ထားပြီး ဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ်မှစ၍ အသက်ဝင်မည်ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် Ms. Kulaya ဖြည့် စွက်ပြောကြားပါသည်။

ထိုင်းနိုင်ငံတွင် ဝင်ငွေခွန်ကောက်ခံမှုဆိုင်ရာ သတ်မှတ်ချက်များကို ပြင်ဆင်သတ်မှတ်ပြီး အခွန်အလေအလွင့်နည်းပါးစေရေး ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand