Thailand

နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက် အထောက်အကူပြုရန်အလို့ငှာ အွန်လိုင်းဝန်ဆောင်မှုအသစ် တစ်ခုကို မိတ်ဆက်ပေးရန် ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက ဆောင်ရွက် လျက် ရှိ

Last Updated:

ထိုင်းနိုင်ငံတွင် စီးပွားရေးလုပ်ကိုင်ရန် ခွင့်ပြုချက်အတွက် လျှောက်ထားရာတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများအား အထောက်အကူပြုရန် အလို့ငှာ အွန်လိုင်းဝန်ဆောင်မှု အသစ်တစ်ခုကို မိတ်ဆက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ယခုလအတွင်း စတင်အကောင်အထည်ဖော်မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက ပြောကြားခဲ့ပါသည်။

စနစ်သစ်သည် လုပ်ငန်းမှတ်ပုံတင်ခြင်းအတွက် အချိန်တိုတောင်းသွားရုံသာမက လိုအပ်သော စာရွက်စာတမ်းပမာဏလည်း လျော့နည်းသွားပါကြောင်း၊ ယခုစနစ်သည် လျှောက်ထားသူများအား နိုင်ငံခြားလုပ်ငန်းလိုင်စင်များ/သက်သေခံလက်မှတ်များ တင်ပြနိုင်ခြင်း၊ ငွေပေးချေမှုဆောင်ရွက်နိုင် ခြင်း၊ အီလက်ထရောနစ်ငွေရပြေစာရရှိနိုင်ခြင်း၊ ဒီဂျစ်တယ်လက်မှတ် အသုံးပြုနိုင်ခြင်း၊ ဒီဂျစ်တယ် လိုင်စင်များ/သက်သေခံလက်မှတ်များ ရရှိနိုင်ခြင်းနှင့် စာရွက်စာတမ်းများ အားလုံးကို ဒေါင်းလုဒ်ဆွဲ ထားနိုင်ကြောင်း၊ စနစ်ကို တရားဝင်မကြေညာမီ အသုံးပြုသူများနှင့် အကျွမ်းတဝင်ဖြစ်စေရေးအတွက် စမ်းသပ်ကာလအဖြစ် စတင်မည်ဖြစ်ကြောင်း၊ စနစ်ကို အသုံးပြုခြင်းကြောင့် နိုင်ငံခြားသား ရင်းနှီးမြှုပ် နှံသူများအနေဖြင့် ကိုယ်ပိုင်နှင့် လုပ်ငန်းသတင်းအချက်အလက်များကို အကာအကွယ်ရရှိမှုအတွက် စိတ်ပူပန်ရန်မလိုအပ်ပါကြောင်း ဦးစီးဌာန ညွှန်ကြားရေးမှူး Mrs. Auramon Supthaweethum က ပြောကြားခဲ့ပါသည်။

စမ်းသပ်ကာလအောင်မြင်ခဲ့ပါက နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအနေဖြင့် လုပ်ငန်းစဉ်များစွာကို အချိန်တိုအတွင်း ကုန်ကျစရိတ်သက်သာစွာဖြင့် လွယ်လွယ်ကူကူပင် ပြီးမြောက်မည်ဟု ယုံကြည်ပါ ကြောင်း၊ ယင်းကြောင့်ပင် ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ကိုင်ရန်လွယ်ကူမှုကို မြင့်တက်စေပြီး ယှဉ်ပြိုင်မှု ကိုလည်း တိုးစေမည်ဖြစ်ကြောင်း၊ စနစ်စတင်မိတ်ဆက်ခဲ့ပါက လျှောက်ထားသူများသည် ဦးစီးဌာနသို့ လူကိုယ်တိုင်လာရခြင်းထက် အွန်လိုင်းကိုပင် ရွေးချယ်အသုံးပြုကြမည်ဟု မျှော်လင့်ပါကြောင်း၊ နိုင်ငံ ခြား လုပ်ငန်းရှင်များနှင့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် e-Foreign Business ဝန်ဆောင်မှုကို ဦးစီးဌာန၏ ဝက်ဘ်ဆိုဒ် စာမျက်နှာ www.dbd.go.th သို့မဟုတ် ဌာနကို ဆက်သွယ်ရယူနိုင်မည်ဖြစ်ကြောင်း ဖြည့် စွက်ပြောကြားခဲ့ပါသည်။

ဒီဂျစ်တယ်အစိုးရအဖြစ်သို့ ချောမွေ့သော ပြောင်းလဲမှုအတွက် ရည်ရွယ်၍ ဦးစီးဌာနအနေဖြင့် စွမ်းဆောင်ရည် မြှင့်တင်နိုင်ရေးအတွက် ဒီဂျစ်တယ် နည်းပညာကို အဆင့်မြှင့်တင်လျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် နိုင်ငံခြားစီးပွားရေးလုပ်ငန်းအက်ဥပဒေ ၁၉၉၉ အရ လုပ်ငန်း ၆၆၇ ခု (တန်ဖိုးအားဖြင့် ဘတ် ၁၂၈ ဘီလီယံ) ကို ခွင့်ပြုပေးခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့သည့် ထိပ်တန်း ၅ နိုင်ငံမှာ ဂျပန်ရင်းနှီးမြှုပ်နှံသူ ၁၃၇ ဦးသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၃၂.၂ ဘီလီယံ၊ စင်ကာပူ ရင်းနှီးမြှုပ်နှံသူ ၁၀၂ ဦးသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၂၅.၄ ဘီလီယံ၊ အမေရိကန် ရင်းနှီး မြှုပ်နှံသူ ၁၀၁ ဦးသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၄.၂၉ ဘီလီယံ၊ တရုတ်ရင်းနှီးမြှုပ်နှံသူ ၅၉ ဦးသည် ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘတ် ၁၆.၁ ဘီလီယံနှင့် ဟောင်ကောင်ရင်းနှီးမြှုပ်နှံသူ ၃၄ ဦးသည် ရင်းနှီးမြှုပ်နှံ မှုတန်ဖိုး ဘတ် ၁၇.၃ ဘီလီယံ အသီးသီးဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand