Thailand

ထိုင်းနိုင်ငံ၊ S-curve ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံနိုင်ရေး ဆော်ဒီအာရေဗျ လုပ်ငန်းရှင်များအား အားပေး ဖိတ်ခေါ်သွားရန် ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က စီစဉ်ဆောင်ရွက်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ၏ လျှပ်စစ်မော်တော်ကားစက်မှုကို စိတ်ဝင်စားလျက်ရှိသော ဆော်ဒီအာရေဗျ လုပ်ငန်းရှင်များအား S-curve ရှိ စက်ရုံများတွင် ရင်းနှီးမြှုပ်နှံလာစေရန် တွန်းအားပေးဖိတ်ခေါ်သွား မည် ဖြစ်ကြောင်း ထိုင်းနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဘုတ်အဖွဲ့က ပြောကြားခဲ့ပါသည်။

ဆော်ဒီအာရေဗျတွင် ကျင်းပမည့် Roadshow တွင် ရင်းနှီးမြှုပ်နှံသူများထံ ထိုင်းနိုင်ငံနှင့် စပ် လျဉ်း၍ မျှဝေရန်လျာထားပြီး ထိုင်းလုပ်ငန်းရှင်များအတွက်လည်း အရှေ့အလယ်ပိုင်းတွင် ၎င်းတို့၏ လုပ်ငန်းများ ချဲ့ထွင်နိုင်ရေး အခွင့်အလမ်းများရှာဖွေသွားမည်ဖြစ်ပါကြောင်း၊ ဇူလိုင်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ ဆော်ဒီအာရေဗျသို့ သွားရောက်မည့် ကိုယ်စားလှယ်အဖွဲ့ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်မည်ဖြစ်ပြီး ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်၊ ဘဏ္ဍာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ် များပါဝင်မည်ဖြစ်ပါကြောင်း၊ ခရီးစဉ်တွင်း ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်ရေးနှင့် အခြားသောပူးပေါင်း ဆောင်ရွက်မှုများအတွက် နားလည်မှုစာချွန်လွှာ ၁၀ စောင် လက်မှတ်ရေးထိုးသွားမည် ဖြစ်ကြောင်း ဘုတ်အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr. Narit Therdsteerasukdi က ပြောကြားခဲ့ပါသည်။

ဆော်ဒီအာရေဗျ၌ ဘုတ်အဖွဲ့၏ ရုံးခွဲကို ဇူလိုင်လ ၁၄ ရက်နေ့တွင် ဖွင့်လှစ်သွားမည် ဖြစ်ပြီး နှစ်နိုင်ငံလုပ်ငန်းများအတွက် အထောက်အကူပြုပေးရန်ဖြစ်ပါကြောင်း၊ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် ထိုင်း-ဆော်ဒီရင်းနှီးမြှုပ်နှံမှု ဖိုရမ်ကို ကျင်းပသွားရန်လျာထားပါကြောင်း၊ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် ၂၀၂၂ ခုနှစ်တွင် သဘောတူညီထားပြီးနောက် ဝန်ကြီး ချုပ်ဟောင်း Prayut Chan-o-cha ဆော်ဒီသို့သွားရောက်လည်ပတ်ခဲ့သလို ဆော်ဒီလုပ်ငန်းရှင် ၁၀၀ ကျော်ကလည်း ထိုင်း Eastern Economic Corridor -EEC သို့ ၂၀၂၂ ခုနှစ်နှောင်းပိုင်းတွင် လာရောက် လေ့လာခဲ့ကြပါကြောင်း သိရှိရပါသည်။

ယင်းသို့လာရောက်လေ့လာခဲ့မှုတွင် ဆော်ဒီလုပ်ငန်းရှင်များသည် လျှပ်စစ်မော်တော်ကား၊ အဆင့်မြင့်ဒီဂျစ်တယ်နည်းပညာ၊ ကျန်းမာရေးခရီးသွားလုပ်ငန်း၊ အစားအစာထုတ်လုပ်ရေးနှင့် ပြန် လည် ပြည့်ဖြိုးမြဲစွမ်းအင် စသည့် အဓိက နယ်ပယ် ၅ ခုကို စိတ်ဝင်စားလျက်ရှိပါကြောင်း၊ ထိုင်းလုပ်ငန်း ရှင်များကို Riyadh ရှိ အမေရိကန်ဒေါ်လာ ၅၀၀ ဘီလီယံ နီယွန်မီဂါမြို့တော်တွင် လုပ်ငန်း အခွင့် အလမ်းများ ရှာဖွေရန် ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်က အားပေးလျက်ရှိကြောင်း၊ မြို့တော်သစ်သည် စက်သုံးဆီပေါ် မှီခိုမှုလျှော့ချရန်နှင့် မတူညီသော စီးပွားရေးလုပ်ငန်းများမြှင့်တင်ရန် ရည်ရွယ်ထား သဖြင့် ထိုင်း ပို့ကုန်လုပ်ငန်းရှင်များ၊ ဗိသုကာပညာရှင်များနှင့် အိမ်တွင်းအလှဆင်ဒီဇိုင်နာများအတွက် အခွင့်အလမ်းသစ်များဖြစ်ကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand