Thailand

ထိုင်းနိုင်ငံ၊ အစိုးရက ဆယ်စုနှစ်တစ်ခုအကြာ သိုလှောင်ထားခဲ့သည့် ဆန်ဟောင်းလက်ကျန်အားလုံးကို ‌ရောင်းချသွားရန် ဆန္ဒရှိ

Last Updated:

ယခင်အစိုးရလက်ထက်တွင် သိုလှောင်ထားသည့် ဆန်ဟောင်းလက်ကျန်များအားလုံးကို ရောင်းချလိုခြင်းနှင့် အဆိုပါ ဆန်ဟောင်းများ ရောင်းချခြင်းဖြင့် နိုင်ငံတော်ဘဏ္ဍာတွင် ဝင်ငွေများ ပြန် လည်ရရှိနိုင်ကြောင်း ဒုတိယဝန်ကြီးချုပ် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားလိုက်ပါသည်။

ဝန်ကြီးအနေဖြင့် ဆန်ဟောင်းများကို လေလံတင်ရောင်းချလိုပြီး ဆန်များပုပ်သိုးသွားခြင်းဖြင့် တန်ဖိုးဆုံးရှုံးမှုထက် ရောင်းချခြင်းက နိုင်ငံတော်အတွက် ဝင်ငွေ ရရှိနိုင်ကြောင်း၊ ဆန်လေလံအောင်မြင် သည့် ပုဂ္ဂလိက ကုမ္ပဏီများကို ဆန်နှင့်စပ်လျဉ်း၍ မည်သို့ဆောင်ရွက်ရမည်ဟု ပြောကြားနိုင်သည့် အခွင့်အာဏာ ဝန်ကြီးဌာနတွင် မရှိပါကြောင်း၊ ဆန်များဖြင့် အရက်ထုတ်လုပ်ရန် စိတ်ဝင်စားသူများ ရှိသကဲ့သို့ တောင်အာဖရိကဈေးကွက်သို့ တင်ပို့ရောင်းချလိုသည့် ပို့ကုန်လုပ်ငန်းရှင်များလည်း ရှိပါ ကြောင်း၊ ကင်ဆာဖြစ်စေနိုင်သော Aflatoxins ကို ဆန်ဟောင်းအတွင်း တွေ့ရှိမှုနှင့်စပ်လျဉ်း၍ ခေတ်မီ နည်းပညာများကို အသုံးပြုခြင်းဖြင့် ဆန်အရည်အသွေးတိုးတက်လာနိုင်ပြီး စားသုံးရန် စိတ်ချနိုင်ပါ ကြောင်း ဝန်ကြီးက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားဖော်ပြထားကြောင်း သိရှိရပါသည်။

တပ်မတော်သားများအား စားနပ်ရိက္ခာကျွေးမွေးနိုင်ရေးအတွက် ဆန်ဟောင်းများကို ဝယ်ယူရန် ကာကွယ်ရေးဝန်ကြီးက ငြင်းဆိုထားကြောင်း၊ တပ်မတော်သားများ အသစ်ခန့်အပ်ထားသည့် အခမ်းအနားတွင် တပ်မတော်သားအားလုံးကို အရည်အသွေးကောင်းမွန်သော အစားအစာများဖြင့်သာ ကျွေးမွေးလိုပြီး အရည်အသွေးမကောင်းသည့် ဆန်များမဖြစ်စေကြောင်း ကာကွယ်ရေး ဝန်ကြီး Mr. Sutin Klungsang က မိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့သည်။

ဆန်များသည် စားသုံးရန် စိတ်ချရသည်ကို သေချာစေရေးအတွက် ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်‌ကြောင်း ဝန်ကြီးချုပ်က ပြောကြားခဲ့ပါကြောင်း၊ ဆေးဝါးသိပ္ပံဦးစီးဌာနက စစ်ဆေးမှုကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။  

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand