Thailand

ထိုင်းနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် Carbon Border Adjustment Mechanism (CBAM) ဆိုင်ရာအတွက် အစိုးရ၏ အကူအညီလိုအပ်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုပုံစံသည် ဥရောပ သမဂ္ဂ၏ Carbon Border Adjustment Mechanism (CBAM) နှင့်ကိုက်ညီမည့် ပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများဖြစ်စေရန်အတွက် အစိုးရ၏အကူအညီလိုအပ်လျက်ရှိကြောင်း Joint Standing Committee on Commerce, Industry and Banking (JSCCIB) ၏ ပြောကြားချက်အရ သိရှိရပါသည်။

CBAM သည် အကောက်ခွန်မဟုတ်သော အတားအဆီးဖြစ်ပြီး လုပ်ငန်းရှင်များကို ၎င်းတို့၏ ထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်လျှောက် ကာဗွန်အသုံးပြုမှု လျှော့ချ၍ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံး ပြုနိုင်ရေး အားပေးရန် ရည်ရွယ်ပါကြောင်း၊ အောက်တိုဘာလတွင် စတင်ခဲ့သည့် CBAM အသွင် ကူးပြောင်းသည့် အဆင့်အရ သံနှင့်သံမဏိ၊ အလူမီနီယံ၊ ဘိလပ်မြေ၊ ဓာတ်မြေဩဇာ၊ လျှပ်စစ်နှင့် ဟိုက်ဒရိုဂျင်တင်သွင်းသူများသည် ၎င်းတို့၏ သွင်းကုန်များရှိ ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအပေါ် ငွေကြေးတစ်စုံတစ်ရာ ပေးချေရန်မလိုအပ်သော်လည်း အစီရင်ခံရန်လိုအပ်ပါကြောင်း သိရှိရပါသည်။

ထိုင်းထုတ်ကုန်များအပေါ် CBAM ၏ သက်ရောက်မှု သက်သာစေရန် JSCCIB သည် အပြည် ပြည်ဆိုင်ရာ ထိုင်းကုန်သည်ကြီးများအသင်းနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ CBAM ၏ ဒုတိယအဆင့်သည် ၂၀၂၆ တွင် စတင်သွားမည်ဖြစ်ပြီး ဝင်ရိုးများနှင့် သံများအပါအဝင် ထုတ်ကုန် များစွာတွင် သက်ရောက်နိုင်မည် ဖြစ်ကြောင်း၊ တတိယအဆင့်တွင် ဥရောပသမဂ္ဂသို့ တင်ပို့သည့် ထုတ် ကုန် အားလုံးအပေါ်တွင် CBAM ကျင့်သုံးသွားမည် ဖြစ်ကြောင်း၊ ဥရောပသမဂ္ဂသို့ တင်ပို့ရန် ထုတ်လုပ် သည့် ထိုင်းထုတ်လုပ်သူများကို CBAM နှင့်စပ်လျဉ်း၍ အကူအညီပေးရန် စီစဉ်လျက်ရှိကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ Mr. Montri Mahaplerkpong က ပြော ကြားခဲ့ပါသည်။

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းအသစ်များသတ်မှတ်ခြင်းနှင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို နိုင်ငံတကာဥပဒေများနှင့်စပ်လျဉ်း၍ အသိပညာပေးရန်လိုအပ်ပါကြောင်း၊ ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုပြဿနာများပါဝင်သော စံနှုန်းများဖြစ်ပါကြောင်း၊ CBAM နှင့် ဆက်စပ် အစီအမံများကိုလည်း ကြေညာရန်လိုအပ်ပါကြောင်း၊ စံနှုန်းများသည် လုပ်ငန်းအမျိုးအစား အားလုံးအတွက် ဖြစ်စေရန်နှင့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် အထူးဦးစား ပေး ဖြစ်ပါကြောင်း၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများသည် နိုင်ငံတကာ ကုန်သွယ် ရေးကို ကျွမ်းကျင်ရန်နှင့် ထုတ်ကုန်များ တိုးတက်ရန်အတွက် ဘဏ္ဍာငွေ လိုအပ်ချက်များ ရှိနေပါ ကြောင်း Mr. Montri က သုံးသပ်ပြောကြားပါသည်။

ကမ္ဘာ့နိုင်ငံများ၏ ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနည်းလမ်းအရ စက်မှုထုတ်ကုန်များတွင် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုအတိုင်းအတာကို တွက်ချက်မည့် ဥရောပသမဂ္ဂ၏ နည်းလမ်းဖြစ်ပြီး ထိုင်းနိုင်ငံအနေဖြင့်လည်း net-zero ကာဗွန်ထုတ်လွှတ်မှုဆီသို့ ဦးတည်မည့် ကတိကဝတ်အရ ဆောင် ရွက်မည် ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand