Thailand

ထိုင်းနိုင်ငံရှိ စီးပွားရေးလုပ်ငန်းသေးများကို ကူညီပေးရန် စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက တိုက်တွန်းပြောကြားခဲ့

Last Updated:

ထိုင်းနိုင်ငံရှိ အခြေခံလူတန်းစားများ၏ စီးပွားရေးကို လှုံ့ဆော်ပေးရန်အတွက် စီးပွားရေးလုပ် ငန်းသေး များ၏ ထုတ်ကုန်များ ရောင်းချရေးတွင် ကူညီပေးနိုင်မည့် မူဝါဒများနှင့် အစီအမံများ ဆောင် ရွက်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကဲမှုအောက်ရှိ အဖွဲ့အစည်း များအား ဝန်ကြီး H.E Mr. Phumtham Wechayachai က လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိ ရပါသည်။

စီးပွားရေးလုပ်ငန်းငယ်များဟု ဆိုရာတွင် တောင်သူများနှင့် လုပ်ငန်းသေးများဖြစ်ပြီး အလုပ် အကိုင် ဖန်တီးပေးခြင်းနှင့် ဒေသတွင်းရှိ ပြည်သူများအတွက် ဝင်ငွေရရှိမှု မြှင့်တင်ပေးရန် ဖြစ်ကြောင်း၊ ယခုနှစ် တတိယ ၃ လပတ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ဒီဂျစ်တယ်ပိုက်ဆံအိတ် အစီအစဉ် မတိုင်မီ ၂ လ၊ ၃ လ ကြိုတင်၍ စီမံချက်ကို ဆောင်ရွက်မည် ဖြစ်ကြောင်း၊ အခြေခံစီးပွားရေးနှင့် ခရီးသွားလုပ်ငန်းကို မြှင့်တင်ရန် ဝန်ကြီးဌာန၏ အထောက်အပံ့ ရရှိထားသော နိုင်ငံတစ်ဝှမ်းရှိ Tong Chom ဈေးများကို ပြန်လည်ပြင်ဆင်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဒေသခံများ၏ လုပ်ငန်း များ နှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ ဝင်ငွေတိုးမြှင့်ရန်နှင့် ယဉ်ကျေးမှု ပြယုဂ် များကို ပြသရန် ရည်ရွယ်၍ Tong Chom ဈေးများကို ၂၀၁၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ကြောင်း သိရှိ ရပါသည်။

အခြားနည်းလမ်းအနေဖြင့် ဝန်ကြီးဌာန အဖွဲ့အစည်းများ၏ တည်နေရာများတွင် ပြည်တွင်း ထုတ်ကုန် များကို ရောင်းချရန် နေရာသတ်သတ်မှတ်မှတ် ဆောင်ရွက်ရန် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ တွင် ကျေးလက် e-commerce ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ခဲ့သည့် Taobao Village ပုံစံကို နမူနာ ယူ၍ e-commerce နှင့် ဒီဂျစ်တယ်နည်းပညာ မှတစ်ဆင့် ပြည်သူများ၏ ဝင်ငွေတိုးမြှင့်စေရေး ဆောင် ရွက်ရန် ဝန်ကြီးဌာနအနေဖြင့် လျာထားပါကြောင်း၊ Taobao Village အောင်မြင်မှုများကို လေ့လာရန်လိုအပ်မည်ဖြစ်ကြောင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုဦးစီးဌာနက ကျေးလက်လုပ်ငန်းရှင် များ၏ ထုတ်ကုန်များအား ဖြန့်ဖြူးနိုင်‌ရေးအတွက် Shopee၊ Lazada နှင့် ထိုင်းစာတိုက်လုပ်ငန်း တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand