Thailand

Thai AirAsia က အိန္ဒိယသို့ လေကြောင်းလိုင်းအသစ်ပြေးဆွဲရန် မျက်စိကျလျက်ရှိ

Last Updated:

စီးပွားရေးကျဆင်းနေခြင်းနှင့် ပြည်တွင်းခရီးသွားလုပ်ငန်းတွင် ယှဉ်ပြိုင်မှုမြင့်တက်နေခြင်းတို့ကြောင့် တရုတ်နိုင်ငံသို့ လေကြောင်းလိုင်းပြေးဆွဲမှု ပုံမှန်ပြန်မဖြစ်နေခြင်းကို ခုနှိမ်ရန်အတွက် Thai AirAsia သည် အရှေ့တောင်အာရှတွင်းနှင့် အိန္ဒိယနိုင်ငံသို့ လေကြောင်းလိုင်းအသစ်များ ပြေးဆွဲရန် အာရုံစိုက်လျက်ရှိကြောင်း သိရှိရပါသည်။

ယခုနှစ်‌နှောင်းပိုင်းတွင် အိန္ဒိယခရီးသွားများအတွက် ခွဲဝေရရှိမှုသည် ၁၀ ရာခိုင်နှုန်း တိုးတက်မှု ရရှိရန် မျှော်မှန်းထားသော်လည်း တရုတ်ခရီးသွားများအတွက် ခွဲဝေရရှိမှုသည် ၁၇ ရာခိုင်နှုန်းသို့ ကျ ဆင်းခဲ့ပါကြောင်း၊ လေကြောင်းလိုင်းအနေဖြင့် အရှေ့တောင်အာရှလမ်းကြောင်းများနှင့် အခြားသော အာရှနိုင်ငံများသို့ ပြေးဆွဲမှုကို တိုးမြှင့်သွားမည်ဖြစ်ကြောင်း၊ အောက်တိုဘာလတွင် စတင်ပြေးဆွဲမည့် လမ်းကြောင်းသစ် ၃ ခု ဖြစ်သည့် Bangkok-Hyderabad၊ Bangkok-Phu Quoc နှင့် Phuket-Siem Reap တို့ကို ယခုလအတွင်း ကြေညာခဲ့ပါကြောင်း လေကြောင်းလိုင်း စီးပွားရေးအကြီးတန်းအရာရှိ Ms. Tansita Akrarittipirom က ပြောကြားခဲ့ပါသည်။

ခရီးသွားလာမှုမြင့်မားသည့် ကာလများမှစ၍ နှစ်ကုန်ပိုင်းအထိ ပြေးဆွဲမည့် Bangkok-Kath mandu၊ Phuket-Kolkata နှင့် Phuket-Chennai လမ်းကြောင်း ၃ ခုကို နောက်လတွင် ထပ်မံ ကြေညာ သွားမည် ဖြစ်ကြောင်း၊ ထိုင်းလေကြောင်းအာဏာပိုင်က ခွဲဝေပေးသည့် ထိုင်ခုံ ၇,၀၀၀ တွင် Thai AirAsia သည် ၄၀ ရာခိုင်နှုန်း ခွဲတမ်းရရှိပါကြောင်း၊ လေယာဉ်၏ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းသည်  အိန္ဒိယ ခရီးသွားများဖြစ်ပြီး အိန္ဒိယဗီဇာ လျှောက်ထားသည့် ထိုင်းနိုင်ငံသားများအတွက် ဗီဇာကင်း လွတ်ခွင့်ပေးခဲ့မှုကြောင့် ထိုင်းနိုင်ငံသားများ၏ နိုင်ငံပြင်ပ ခရီးသွားလာခြင်းသည်လည်း မြင့်တက်လာ လျက်ရှိကြောင်း Ms. Tansita က ဖြည့်စွက်ပြောကြားခဲ့သည်။

ပြည်တွင်းလေကြောင်းလိုင်းများတွင် အိန္ဒိယခရီးသွားများ မြင့်တက်လာသည့် ခရီးစဉ်များမှာ ဗန်ကောက်မှ ဖူးခက်၊ ကရာဘိနှင့် ပတ္တရားသို့ ဖြစ်ကြောင်း၊ အနာဂတ်တွင် ထိုင်ခုံအရေအတွက် ၇,၀၀၀ ထပ်မံရရှိနိုင်ရေး ထိုင်းလေကြောင်းအာဏာပိုင်သည် အိန္ဒိယအစိုးရနှင့် ညှိနှိုင်းနေပါကြောင်း၊ ခွဲဝေမှု ထပ်မံရရှိခဲ့ပါက ဒေလီနှင့် မွန်ဘိုင်းကဲ့သို့သော အဓိက မြို့တော်များသို့ လေကြောင်းလိုင်း ဖွင့်လှစ်သွား ရန် မျှော်လင့်ထားပါကြောင်း၊ ပထမနှစ်ဝက်အတွင်း အပြည်ပြည်ဆိုင်ရာ လေကြောင်းလိုင်း ပြေးဆွဲမှု သည် ၈၂ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ အိန္ဒိယလမ်းကြောင်းရှိ ထိုင်ခုံအရေအတွက်သည် ၁၁၆ ရာခိုင်နှုန်း နှင့် အရှေ့တောင်အာရှသည် ၈၈ ရာခိုင်နှုန်း ရှိသော်လည်း တရုတ်အတွက်မှာမူ ၅၅ ရာခိုင်နှုန်းသာ ရှိသေးပါကြောင်း၊ အိန္ဒိယခရီးသွားများ မြင့်တက်လာသော်လည်း လေကြောင်းခွဲတမ်း ကန့်သတ်ချက် များနှင့် ဝယ်ယူမှု နည်းပါးသောကြောင့် တရုတ်ခရီးသွားအရေအတွက်ကို ပြည့်မှီရန်မှာ ၅ နှစ်ခန့်ကြာ မြင့်နိုင်မည်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

အစိုးရ၏ ဗီဇာကင်းလွတ်ခွင့် အစီအမံကြောင့်၂၀၂၄ ခုနှစ်နှောင်းပိုင်း၌ နိုင်ငံတကာခရီးသွား အရေအတွက်သည် ၈ သန်းမှ ၉ သန်းရှိနိုင်ပြီး တရုတ်ခရီးသွား ၂၀ ရာခိုင်နှုန်း၊ အရှေ့တောင်အာရှ ခရီးသွား ၅၀ ရာခိုင်နှုန်းနှင့် အိန္ဒိယခရီးသွား ၁၀ ရာခိုင်နှုန်း ပါဝင်နိုင်မည်ဟု ခန့်မှန်းထားပါကြောင်း၊ Thai AirAsia သည် ၎င်း၏ ဒွန်မောင်းလေဆိပ် လုပ်ငန်းစဉ်များကို ပြန်လည် ဆောင်ရွက်လျက်ရှိပြီး Transit ခရီးသွားများအတွက် အထောက်အကူဖြစ်စေကြောင်း သိရှိရပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: Thailand